Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ေဒၚေအာင္ဆန္းစုၾကည္ လံုၿခံဳေရးအတြက္ လိုအပ္ပါက မိမိတာဝန္ယူသည္ဟု ဦးဝီရသူမွေျပာၾကား

$
0
0
အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ သည္ ရခိုင္ျပည္နယ္သို႔ ေအာက္တိုဘာ ၁၆ ရက္ေန႔တြင္စတင္သြားေရာက္မည္ျဖစ္ၿပီး ေတာင္ကုတ္ ႏွင့္ ဂြၿမိဳ႕တို႔တြင္ျပဳလုပ္မည့္ လူထူေဟာေျပာပြဲ အပါအဝင္ ရခိုင္ျပည္နယ္ ခရီးစဥ္တေလွ်ာက္ လံုၿခံဳေရးအတြက္လိုအပ္လာပါက
ဆရာေတာ္ဦးဝီရသူႏွင့္ ရခိုင္ျပည္နယ္ မဘသ အဖြဲ႔မွဦးေဆာင္ဆရာေတာ္မ်ား အင္အားျဖည့္ကူညီသြားမည္ျဖစ္ေၾကာင္း ဆရာေတာ္ဦးဝီရသူ (မစိုးရိမ္တိုက္သစ္) မွ The Messenger သို႔ ဖုန္းဆက္မိန္႔ၾကားပါတယ္။

"ဒီကေန႔ၾကားေနရတာေတာ့ အဆိုေတာ္လင္းလင္း ေရွ႕ေျပးအဖြဲ႕ ကို ဘဂၤါလီကုလား စြပ္စြဲၿပီး ေႏွာက္ယွက္ခံရေနတာေတြ အသက္အႏၲရာယ္ျပဳလာႏိုင္တဲ႔အေနအထားမ်ိဳးအထိ ၾကားေနရတယ္။ေနာက္ထက္ အလားတူ ေႏွာက္ယွက္မႈမ်ိဳးေတြေပၚလာႏိုင္ပါတယ္။ရခိုင္ျပည္နယ္က ခိုးဝင္ဘဂၤါလီေတြေၾကာင့္ ဘာသာေရးပဋိပကၡေတြျဖစ္ခဲ႔တာရယ္ နယ္ေျမၾကမ္းတာရယ္ ေကာလဟာလ သတင္းေတြအယံုလြယ္တတ္ၾကတဲ႔
ေဒသခံအမ်ားစုျဖစ္ ေနတာေတြအျပင္ ရခိုင္လူမ်ဳိးက
မ်ဳိးခ်စ္စိတ္ျပင္းထန္ျပီး အမ်ဳိးဘာသာေစာင့္သိစိတ္ေၾကာင့္
ဆႏၵျပမႈေတြ ရုန္းရင္းဆန္ခတ္မႈေတြျဖစ္ျပီး
ပဋိပကၡျဖစ္လာႏိုင္တယ္ ဒီလိုေတြမျဖစ္ရေလေအာင္
ရခိုင္ျပည္နယ္ၾကီး ေအးခ်မ္းေစဖို႔အေရး ဦးဇင္းတို႔က
ထည့္တြက္ရမယ္ ေနာက္တခ်က္က ေဒၚေအာင္ဆန္းစုၾကည္ရဲ႕လံုၿခံဳေရးအတြက္ ဦးဇင္းတို႕ ကိုယ္တိုင္ေစာင့္ေရွာက္မွ ျဖစ္ေတာ့မယ့္အေျခအေနတစ္ရပ္ျဖစ္လာတယ္။

ရခိုင္မွာရွိတဲ႔ မဘသ အဖြဲ႕ကိုေတာ့ ဖုန္းနဲ႔အေၾကာင္းၾကားၿပီးပါၿပီ။ ဦးဇင္းကေတာ့ အခ်ိန္မွီသေလာက္ ေနာက္ကေနလိုက္သြားမွာပါ။
တရက္ေနာက္က်ရင္လဲေနာက္က်ပီးမွ ေရာက္သြားႏိုင္ပါတယ္။ ဒကာမႀကီး ေဒၚစုကို ေစာင့္ေရွာက္ဖို႔ အခ်ိန္က်လာေတာ့လဲ ဦးဇင္းတို႔က ေက်ာသားရင္သားမခြဲျခားပဲ ေစာင့္ေရွာက္ေပးရမွာပါ။ မဘသ အဖြဲ႕က ပါတီႏိုင္ငံေရး မွာ စိတ္ဝင္စားတဲ႔အဖြဲ႕မဟုတ္ပါဘူး။ ဟိုပါတီ ဒီပါတီ ပါတီေရြးၿပီး ဘက္လိုက္တတ္တဲ႔ အဖြဲ႕လည္းမဟုတ္ပါဘူး ဒီေနရာမွာ ႀကံ့ခိုင္ေရးအဖြဲ႕ ျဖစ္ေနမယ္ဆိုရင္လည္း လံုၿခံဳေရးအတြက္ ဦးဇင္းတို႔ေစာင့္ေရွာက္ သြားရမွာပါပဲ"ဟု အဆိုပါဆရာေတာ္က မိန္႔ၾကားပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ ရခိုင္ျပည္နယ္ ခရီးစဥ္မွာ (၃) ရက္ၾကာခရီးျဖစ္ၿပီး လံုၿခံဳေရးအတြက္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕မွ တာဝန္ရွိသူတစ္ခ်ိဳ႕ ရခိုင္ျပည္နယ္သို႔ေရာက္ရွိေနၾကၿပီျဖစ္ပါတယ္။ ရခိုင္ျပည္နယ္ ေတာင္ကုတ္ၿမိဳ႕ ႏွင့္ ဂြၿမိဳ႕တို႔မွာ လူထုေဟာေျပာပြဲျပဳလုပ္သြားမွာ ျဖစ္ေၾကာင္း သိရပါတယ္။
Messenger
Credit; Myanmar news update
.............................
 ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအတွက် လိုအပ်ပါက
မိမိတာဝန်ယူသည်ဟု ဦးဝီရသူမှပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည် ရခိုင်ပြည်နယ်သို့ အောက်တိုဘာ ၁၆ ရက်နေ့တွင်စတင်သွားရောက်မည်ဖြစ်ပြီး တောင်ကုတ် နှင့် ဂွမြို့တို့တွင်ပြုလုပ်မည့် လူထူဟောပြောပွဲ အပါအဝင် ရခိုင်ပြည်နယ် ခရီးစဉ်တလျှောက် လုံခြံုရေးအတွက်လိုအပ်လာပါက
ဆရာတော်ဦးဝီရသူနှင့် ရခိုင်ပြည်နယ် မဘသ အဖွဲ့မှဦးဆောင်ဆရာတော်များ အင်အားဖြည့်ကူညီသွားမည်ဖြစ်ကြောင်း ဆရာတော်ဦးဝီရသူ (မစိုးရိမ်တိုက်သစ်) မှ The Messenger သို့ ဖုန်းဆက်မိန့်ကြားပါတယ်။

"ဒီကနေ့ကြားနေရတာတော့ အဆိုတော်လင်းလင်း ရှေ့ပြေးအဖွဲ့ ကို ဘင်္ဂါလီကုလား စွပ်စွဲပြီး နှောက်ယှက်ခံရနေတာတွေ အသက်အန္တရာယ်ပြုလာနိုင်တဲ့အနေအထားမျိုးအထိ ကြားနေရတယ်။နောက်ထက် အလားတူ နှောက်ယှက်မှုမျိုးတွေပေါ်လာနိုင်ပါတယ်။ရခိုင်ပြည်နယ်က ခိုးဝင်ဘင်္ဂါလီတွေကြောင့် ဘာသာရေးပဋိပက္ခတွေဖြစ်ခဲ့တာရယ် နယ်မြေကြမ်းတာရယ် ကောလဟာလ သတင်းတွေအယုံလွယ်တတ်ကြတဲ့
ဒေသခံအများစုဖြစ် နေတာတွေအပြင် ရခိုင်လူမျိုးက
မျိုးချစ်စိတ်ပြင်းထန်ပြီး အမျိုးဘာသာစောင့်သိစိတ်ကြောင့်
ဆန္ဒပြမှုတွေ ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ပြီး
ပဋိပက္ခဖြစ်လာနိုင်တယ် ဒီလိုတွေမဖြစ်ရလေအောင်
ရခိုင်ပြည်နယ်ကြီး အေးချမ်းစေဖို့အရေး ဦးဇင်းတို့က
ထည့်တွက်ရမယ် နောက်တချက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြံုရေးအတွက် ဦးဇင်းတို့ ကိုယ်တိုင်စောင့်ရှောက်မှ ဖြစ်တော့မယ့်အခြေအနေတစ်ရပ်ဖြစ်လာတယ်။

ရခိုင်မှာရှိတဲ့ မဘသ အဖွဲ့ကိုတော့ ဖုန်းနဲ့အကြောင်းကြားပြီးပါပြီ။ ဦးဇင်းကတော့ အချိန်မှီသလောက် နောက်ကနေလိုက်သွားမှာပါ။
တရက်နောက်ကျရင်လဲနောက်ကျပီးမှ ရောက်သွားနိုင်ပါတယ်။ ဒကာမကြီး ဒေါ်စုကို စောင့်ရှောက်ဖို့ အချိန်ကျလာတော့လဲ ဦးဇင်းတို့က ကျောသားရင်သားမခွဲခြားပဲ စောင့်ရှောက်ပေးရမှာပါ။ မဘသ အဖွဲ့က ပါတီနိုင်ငံရေး မှာ စိတ်ဝင်စားတဲ့အဖွဲ့မဟုတ်ပါဘူး။ ဟိုပါတီ ဒီပါတီ ပါတီရွေးပြီး ဘက်လိုက်တတ်တဲ့ အဖွဲ့လည်းမဟုတ်ပါဘူး ဒီနေရာမှာ ကြံ့ခိုင်ရေးအဖွဲ့ ဖြစ်နေမယ်ဆိုရင်လည်း လုံခြံုရေးအတွက် ဦးဇင်းတို့စောင့်ရှောက် သွားရမှာပါပဲ"ဟု အဆိုပါဆရာတော်က မိန့်ကြားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ် ခရီးစဉ်မှာ (၃) ရက်ကြာခရီးဖြစ်ပြီး လုံခြံုရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့မှ တာဝန်ရှိသူတစ်ချို့ ရခိုင်ပြည်နယ်သို့ရောက်ရှိနေကြပြီဖြစ်ပါတယ်။ ရခိုင်ပြည်နယ် တောင်ကုတ်မြို့ နှင့် ဂွမြို့တို့မှာ လူထုဟောပြောပွဲပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
Credit; Myanmar news update

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>