လသာမြို့နယ်တွင် ကွန်ကရစ်ကမ်းနားလမ်းအတိုင်း သီရိမင်္ဂလာဈေးဟောင်းမှ ပန်းဆိုးတန်းသို့မောင်း နှင်လာသည့် ကွန်တိန်နာယာဉ်သည် ညောင်ပင်လေးဈေး အကျော်နားသို့အရောက်တွင် အရှိန်လွန်ကာ တစ် ဖက်ယာဉ်ကြောသို့ကျော်လွန်တိမ်းမှောက်မှု ယနေ့(အောက်တိုဘာ ၁၈ ) မွန်းလွဲ ၃ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့ ကြောင်းသိရသည်။
"အရှိန်လွန်ပြီး ကားရှောင်ရင်းမှောက်တာလို့တော့ပြောတယ်။ လူသေဆုံး၊ဒဏ်ရာရတာမျိုးတော့မရှိပါဘူး"ဟု လသာမြို့နယ်ရဲစခန်းက တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ကမ်းနားလမ်း လမ်းဟောင်းဖက်လမ်းဘေးတွင်ရပ်နားထားသည့် ယာဉ်သုံးစီးထက် မနည်းပျက်စီးခဲ့ပြီး ကွန်တိမ်နာယာဉ်မောင်းသည် ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။
ဓာတ်ပုံ - နိုင်လင်းထက်
7Day News Journal