Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

လန္ဒန္ၿမိဳ႕ ဆရာ၀န္ ၂၀၀၀၀ ခန္႔ ဆႏၵျပ

$
0
0


ဓာတ္ပုံ- Reuters
ၿဗိတိန္ေဆးပညာရွင္မ်ားႏွင့္ အစိုးရတို႔ၾကား အျငင္းပြားမႈ ႀကီးထြားလာျခင္းအျဖစ္ ေအာက္တိုဘာ ၁၈ ရက္တြင္ လန္ဒန္ၿမိဳ႕၌ ေထာင္ေပါင္းမ်ားစြာေသာ ဆရာ၀န္မ်ားက လုပ္ခလစာ၊ အလုပ္လုပ္ရေသာ အေျခအေနမ်ားႏွင့္ ပတ္သက္၍ ဆႏၵျပခဲ့ၾကသည္။
က်န္းမာေရး၀န္ႀကီး ဂ်ရမီးဟန္႔က အငယ္တန္းဆရာ၀န္မ်ား၏ သာမန္အလုပ္ ရက္သတၱပတ္တြင္ စေနေန႔မ်ားႏွင့္ ညပိုင္းအထိ အလုပ္ခ်ိန္ ထည့္သြင္းသတ္မွတ္ေရး တစ္ပတ္စာအလုပ္လုပ္ခ်ိန္ ျပန္လည္သတ္မွတ္ရန္ စီစဥ္ေနသည္။
လူအမ်ား အလုပ္မလုပ္ရေသာ အခ်ိန္မ်ားတြင္ လုပ္ကိုင္ရျခင္းအတြက္ အခ်ိန္ပိုလုပ္ခလစာ အပိုမရ၍ ယင္းလုပ္ရပ္မွာ လုပ္ခစာ ၃၀ ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်သကဲ့သို႔ ျဖစ္မည္ဟု ေ၀ဖန္သူမ်ားက ေျပာသည္။
ယင္းလုပ္ရပ္အေပၚ ျပစ္တင္႐ႈတ္ခ်ေဟာေျပာမႈမ်ားသို႔ နားေထာင္ရန္ အစိုးရ႐ံုးမ်ားရွိရာ ၀ိႈက္ေဟာလမ္းတြင္ လူအမ်ားစု ေ၀းခဲ့ၾကသည္။
ေဆးကုသေရး၀န္ထမ္း၀တ္စံုမ်ား ၀တ္ဆင္ထားေသာ ဆႏၵျပသူမ်ားက က်န္းမာေရး၀န္ႀကီး ဂ်ရမီးဟန္႔ကို ဆန္႔က်င္ေသာ ေႂကြးေၾကာ္သံမ်ား ေအာ္ဟစ္ခဲ့ၾကသည္။
ၿဗိတိန္ႏုိင္ငံတစ္၀န္းရွိ အငယ္တန္းဆရာ၀န္ ေထာင္ေပါင္းမ်ားစြာ၏ ေဒါသထြက္ျခင္းႏွင့္ စိတ္ပ်က္ျခင္းတို႔ကို ျမင္ေတြ႕ရၿပီး လန္ဒန္ၿမိဳ႕တြင္ မႀကံဳစဖူး ဆႏၵျပမႈမွာ ၀န္ႀကီးမ်ားကို လႈပ္ႏိႈးမႈတစ္ခုျဖစ္မည္ဟု ၿဗိတိန္ေဆးဖက္ဆိုင္ရာ အဖဲြ႕အစည္း (BMA) ၏ အငယ္တန္းဆရာ၀န္မ်ား ေကာ္မတီအႀကီးအကဲ ဂ်ိဳဟန္မာလာ၀ါနာက ေၾကညာခ်က္တစ္ရပ္တြင္ ေဖာ္ျပသည္။
ယင္းဆႏၵျပပဲြတြင္ ပါ၀င္သူအေရအတြက္ကို BMA ကေသာ္လည္းေကာင္း၊ လန္ဒန္ ရဲတပ္ဖဲြ႕ကေသာ္လည္းေကာင္း ေဖာ္ျပျခင္း မရွိေသာ္လည္း လူေပါင္း ၂၀၀၀၀ ပါ၀င္သည္ဟု မီဒီယာမ်ားက ေဖာ္ျပသည္။
အဂၤလန္ရွိ ဆရာ၀န္မ်ားသာ အက်ံဳး၀င္မည့္ ယင္းေျပာင္းလဲမႈမ်ားေၾကာင့္ ေဆး႐ံုမ်ားတြင္ သီတင္းပတ္အားလပ္ရက္မ်ား၌ ဆရာ၀န္မ်ား ပို၍ ေခၚယူႏိုင္မည္ျဖစ္ေသာေၾကာင့္ လူနာမ်ားကို ေစာင့္ေရွာက္ႏိုင္မႈ အားေကာင္းလာမည္ျဖစ္ၿပီး ဆရာ၀န္မ်ား ၎တို႔၏ အပတ္စဥ္ အလုပ္ခ်ိန္ ေလ်ာ့က်သြား၍ အက်ိဳးရွိမည္ဟု က်န္းမာေရး၀န္ႀကီး ဟန္႔က ေျပာသည္။
လူအမ်ား အလုပ္မလုပ္ရေသာ အခ်ိန္မ်ားတြင္ လုပ္ကိုင္ရျခင္းအတြက္ ဆရာ၀န္မ်ား အပိုလစာမရျခင္းကို အေျခခံလစာ တုိးျမႇင့္၍ ၎တို႔နစ္နာမႈအတြက္ ေပးသြားရန္ အစိုးရက စီစဥ္ေနသည္။
ဆရာ၀န္မ်ားအေနျဖင့္ ညိႇႏႈိင္းေဆြးေႏြးၾကရန္ က်န္းမာေရး၀န္ႀကီးက တိုက္တြန္းထားစဥ္ ယင္းကိစၥႏွင့္ပတ္သက္၍ သပိတ္ေမွာက္ႏိုင္ေျခရွိသျဖင့္ BMA က ၎တို႔၏ အဖဲြ႕၀င္မ်ားၾကား  မဲခဲြဆံုးျဖတ္ရန္ စီစဥ္ေနသည္။
—Ref: AFP
http://7daydaily.com/story/48918
.......................................................................

လန်ဒန်မြို့ ဆရာဝန် ၂၀၀၀၀ ခန့် ဆန္ဒပြ

ဗြိတိန်ဆေးပညာရှင်များနှင့် အစိုးရတို့ကြား အငြင်းပွားမှု ကြီးထွားလာခြင်းအဖြစ် အောက်တိုဘာ ၁၈ ရက်တွင် လန်ဒန်မြို့၌ ထောင်ပေါင်းများစွာသော ဆရာဝန်များက လုပ်ခလစာ၊ အလုပ်လုပ်ရသော အခြေအနေများနှင့် ပတ်သက်၍ ဆန္ဒပြခဲ့ကြသည်။
ကျန်းမာရေးဝန်ကြီး ဂျရမီးဟန့်က အငယ်တန်းဆရာဝန်များ၏ သာမန်အလုပ် ရက်သတ္တပတ်တွင် စနေနေ့များနှင့် ညပိုင်းအထိ အလုပ်ချိန် ထည့်သွင်းသတ်မှတ်ရေး တစ်ပတ်စာအလုပ်လုပ်ချိန် ပြန်လည်သတ်မှတ်ရန် စီစဉ်နေသည်။
လူအများ အလုပ်မလုပ်ရသော အချိန်များတွင် လုပ်ကိုင်ရခြင်းအတွက် အချိန်ပိုလုပ်ခလစာ အပိုမရ၍ ယင်းလုပ်ရပ်မှာ လုပ်ခစာ ၃၀ ရာခိုင်နှုန်းအထိ လျှော့ချသကဲ့သို့ ဖြစ်မည်ဟု ဝေဖန်သူများက ပြောသည်။
ယင်းလုပ်ရပ်အပေါ် ပြစ်တင်ရှုတ်ချဟောပြောမှုများသို့ နားထောင်ရန် အစိုးရရုံးများရှိရာ ၀ိှုက်ဟောလမ်းတွင် လူအများစု ဝေးခဲ့ကြသည်။
ဆေးကုသရေးဝန်ထမ်းဝတ်စုံများ ၀တ်ဆင်ထားသော ဆန္ဒပြသူများက ကျန်းမာရေးဝန်ကြီး ဂျရမီးဟန့်ကို ဆန့်ကျင်သော ကြွေးကြော်သံများ အော်ဟစ်ခဲ့ကြသည်။
ဗြိတိန်နိုင်ငံတစ်ဝန်းရှိ အငယ်တန်းဆရာဝန် ထောင်ပေါင်းများစွာ၏ ဒေါသထွက်ခြင်းနှင့် စိတ်ပျက်ခြင်းတို့ကို မြင်တွေ့ရပြီး လန်ဒန်မြို့တွင် မကြုံစဖူး ဆန္ဒပြမှုမှာ ၀န်ကြီးများကို လှုပ်နှိုးမှုတစ်ခုဖြစ်မည်ဟု ဗြိတိန်ဆေးဖက်ဆိုင်ရာ အဖွဲ့အစည်း (BMA) ၏ အငယ်တန်းဆရာဝန်များ ကော်မတီအကြီးအကဲ ဂျိုဟန်မာလာဝါနာက ကြေညာချက်တစ်ရပ်တွင် ဖော်ပြသည်။
ယင်းဆန္ဒပြပွဲတွင် ပါ၀င်သူအရေအတွက်ကို BMA ကသော်လည်းကောင်း၊ လန်ဒန် ရဲတပ်ဖွဲ့ကသော်လည်းကောင်း ဖော်ပြခြင်း မရှိသော်လည်း လူပေါင်း ၂၀၀၀၀ ပါ၀င်သည်ဟု မီဒီယာများက ဖော်ပြသည်။
အင်္ဂလန်ရှိ ဆရာဝန်များသာ အကျံုးဝင်မည့် ယင်းပြောင်းလဲမှုများကြောင့် ဆေးရုံများတွင် သီတင်းပတ်အားလပ်ရက်များ၌ ဆရာဝန်များ ပို၍ ခေါ်ယူနိုင်မည်ဖြစ်သောကြောင့် လူနာများကို စောင့်ရှောက်နိုင်မှု အားကောင်းလာမည်ဖြစ်ပြီး ဆရာဝန်များ ၎င်းတို့၏ အပတ်စဉ် အလုပ်ချိန် လျော့ကျသွား၍ အကျိုးရှိမည်ဟု ကျန်းမာရေးဝန်ကြီး ဟန့်က ပြောသည်။
လူအများ အလုပ်မလုပ်ရသော အချိန်များတွင် လုပ်ကိုင်ရခြင်းအတွက် ဆရာဝန်များ အပိုလစာမရခြင်းကို အခြေခံလစာ တိုးမြှင့်၍ ၎င်းတို့နစ်နာမှုအတွက် ပေးသွားရန် အစိုးရက စီစဉ်နေသည်။
ဆရာဝန်များအနေဖြင့် ညှိနှိုင်းဆွေးနွေးကြရန် ကျန်းမာရေးဝန်ကြီးက တိုက်တွန်းထားစဉ် ယင်းကိစ္စနှင့်ပတ်သက်၍ သပိတ်မှောက်နိုင်ခြေရှိသဖြင့် BMA က ၎င်းတို့၏ အဖွဲ့ဝင်များကြား  မဲခွဲဆုံးဖြတ်ရန် စီစဉ်နေသည်။

—Ref: AFP
http://7daydaily.com/story/48918

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>