အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား အောက်တိုဘာ ၁၈ရက်၊ ညနေပိုင်းက ဧရာဝတီတိုင်း၊ ကျုံပျော်မြို့တွင် ရွေးကောက်ပွဲအောင်နိုင်ရေးဟောပြောပွဲပြုလုပ်နေသည်ကို တွေ့ရစဉ်(ဓာတ်ပုံ - မင်းမင်း၊ မဇ္ဈိမသတင်းဌာန) အဆိုပါ ကျုံပျော်မြို့ဟောပြောပွဲသည် ဒေါ်အောင်ဆန်းစုကြည်၏ တစ်နေ့တည်းတွင် ၄ပွဲမြောက်ပြုလုပ်သည့် ဟောပြောပွဲဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၁၈ရက် နံနက်ပိုင်းက ရခိုင်ပြည်နယ် ဂွမြို့တွင် စတင်ဟောပြောခဲ့ပြီး ထိုမှတစ်ဆင့် ငသိုင်းချောင်း၊ ရေကြည်နှင့် ကျုံပြောမြို့များတွင် ဆက်လက်ဟောပြောခြင်းဖြစ်သည်။ ကျုံပျော်မြို့၊ ဘောလုံးကွင်းအတွင်း ပြုလုပ်သည့် ဟောပြောပွဲတွင် ဒေသခံ သုံးသောင်းခန့်တက်ရောက်ခဲ့ပြီး ရဲတပ်ဖွဲ့များကလည်း အနီးကပ်လုံခြုံရေးယူပေးထားသည်ကို တွေ့ရသည်။ ဟောပြောပွဲအပြီးတွင် အသက်(၇၀)အရွယ်ခန့် အဖွားအိုတစ်ဦးမှာ နေပူရှိန်ပြင်းထန်မှုကြောင့် မူးလဲသွားသည်ကိုလည်း တွေ့ခဲ့ရသည်။
- See more at: http://mizzimaburmese.com/photo-essay/6205#sthash.GVORWUX3.dpuf