Quantcast
Channel: MP4 YoU
Viewing all articles
တီးတိန်မြို့ရှိ ချင်းအမျိုးသားတပ်ဦး ဆက်သွယ်ရေးရုံးတွင် ဗုံးကွဲ
$
0
0
ရန်ကုန်၊ အောက်တိုဘာ ၂၀
CNF ပြောခွင့်ရသူ ဒေါက်တာ ရွှေခါးမှ ဗုံးပေါက်ကွဲမှုကို အတည်ပြုပြောဆိုပြီး NCA လက်မှတ်ရေးထိုးမှုကို မကျေနပ်သူ တစ်ဦးတစ်ယောက်ကသော်လည်းကောင်း (သို့မဟုတ်) အများကသော်လည်းကောင်း ပြုလုပ်ပုံရသည်မှာ သိသာထင်ရှားကြောင်း ပြောဆိုသည်။
Arakan State
........................
(ဓာတ်ပုံ- Chinland Guardian)
ရန်ကုန်၊ အောက်တိုဘာ ၂၀
ချင်းပြည်နယ် တီးတိန်မြို့ရှိ ချင်းအမျိုးသား တပ်ဦး ( CNF) ၏ ဆက်သွယ်ရေးရုံးတွင် အောက်တိုဘာလ ၁၉ ရက်နေ့ ညဉ့် ၁၁ နာရီ ၁၅ မိနစ်က ဗုံးတစ်လုံး ပေါက်ကွဲခဲ့သည်ဟု Chinland Guardian com မှ သတင်း ရေးသား ဖော်ပြသည်။
၎င်းဗုံးမှာ ချိန်ကိုက်ဗုံး အမျိုးအစား ဖြစ်နိုင်ကြောင်း၊ ဒဏ်ရာရသူ တစ်ဦးတစ်ယောက်မှ မရှိကြောင်း အောက်တိုဘာလ ၂၀ နေ့စွဲဖြင့် No injuries at bomb blast in CNF liaison Office ခေါင်းစဉ်ဖြင့် ရေးသား ထားသော သတင်းတွင် ဖော်ပြထားသည်။
ဗုံးပေါက်ကွဲမှုကြောင့် မှန်များ၊ တံခါးများ၊ အုတ်နံရံများ၊ ပရိဘောဂများ ကျိုးပျက် သွားသည်ဟု သတင်းတွင် ဖော်ပြထားသည်။ ယင်းရုံးတွင် CNF ရုံးအဖွဲ့ဝင် ကိုးဦး အလုပ် လုပ်ကိုင်နေသော ရုံး ဖြစ်ပြီး ပေါက်ကွဲချိန်တွင် တစ်ဦးတစ်ယောက််မျှ ရုံးတွင် ရှိမနေကြောင်း သိရသည်။
CNF ပြောခွင့်ရသူ ဒေါက်တာ ရွှေခါးမှ ဗုံးပေါက်ကွဲမှုကို အတည်ပြုပြောဆိုပြီး NCA လက်မှတ််ရေးထိုးမှုကို မကျေနပ်သူ တစ်ဦးတစ်ယောက်ကသော်လည်းကောင်း (သို့မဟုတ်) အများကသော်လည်းကောင်း ပြုလုပ်ပုံရသည်မှာ သိသာထင်ရှားကြောင်း ပြောဆိုသည်။
ချင်းအမျိုးသား တပ်ဦး ( CNF) သည် အောက်တိုဘာလ ၁၅ ရက်နေ့က အခြားတိုင်းရင်းသား လက်နက်ကိုင် ခုနှစ်ဖွဲ့နှင့် အတူ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် NCA တွင် လက်မှတ်ရေးထိုးခဲ့သည်။
Arakan State
https://www.facebook.com/NarinjaraNews
Viewing all articles
Browse latest Browse all 13796
Trending Articles
အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ
TTA Oreo Gapp Installer
အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်
ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ
မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း
“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”
သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်
♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫
ပူဇော်ခြင်းနှစ်မျိုး
ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>