ဓါတ္ပုံ- SSPP/SSA ေျပာခြင့္ရပုဂၢိဳလ္ ဗိုလ္မွူးႀကီး စိုင္းလ |
အစိုးရတပ္မေတာ္မွ သၽွမ္းလူထု ႏွင့္ သၽွမ္းျပည္တပ္မေတာ္ SSPP/SSA အေပၚ အင္အားသုံးကာ နိုင္ထက္စီးနင္းျပဳ က်ဴးေက်ာ္တိုက္ခိုက္ေနမွုမ်ားအား ဆက္လက္ခုခံ တိုက္ခိုက္သြားမည္ဟု SSPP/SSA က ထုတ္ျပန္ေၾကျငာ လိုက္သည္ ။
သၽွမ္းျပည္တပ္မေတာ္ SSPP/SSA ၏ မိုင္းရွူးၿမိဳ႕နယ္ ဝမ့္ေလြတပ္စခန္း ၊ ေနာင္ေခတ္ နားေပတပ္စခန္း ၊ တာ့ဆမ္ပူး ႏွင့္ လြယ္လာဟတပ္စခန္း ၊ နမ့္ေမာ္ခုံႏြဲ႕တပ္စခန္းမ်ားအား မိုင္းေနာင္အေျခစိုက္ စစ္ဆင္ ေရး ကြပ္ကဲမွု ဌာနခ်ဳပ္ စကခ ၂ ႏွင့္ မိုင္းပန္အေျခစိုက္ စကခ ၁၇ လက္ေအာက္ခံ တပ္ရင္းမ်ားက အင္အားအလုံးအရင္းျဖင့္ တိုက္ခိုက္ေၾကာင္း ၊ တိုက္ခိုက္စဥ္အတြင္း လူထုရပ္ရြာမ်ားဘက္ ၊ ေက်းလက္ ေဒသ ခံအလုပ္လုပ္ရာေတာင္ယာ ၊ လယ္ကြင္း မ်ားဘက္ လက္နက္ႀကီးမ်ားျဖင့္ပစ္ခတ္တိုက္ ခိုက္ေနသည္ ဟု သၽွမ္းျပည္တပ္မေတာ္ ေျပာခြင့္ရ ဗိုလ္မွူးႀကီး စိုင္းလ က ေျပာၾကားလိုက္သည္ ။
“ ဒါက်ေနာ္တို႔ေမြးရပ္ေျမဗ်ာ၊ ေတာင္ပိုင္းမွာဆို လြယ္လင္ ၊ နမ့္ဇန္ ၊ ကြန္ဟိန္း ၊ ကာလိ ကေန ေျမာက္ပိုင္း မူစယ္နမ့္ခမ္းအထိ ၊ အေနာက္ဘက္ဆို ျပင္ဦးလြင္ ၊ မိုင္းကုတ္ ၊ မိုင္းမိတ္ အထိ က်ေနာ္တို႔ ေတာ္လွန္ ေရး သမိုင္းဝင္နယ္ေျမေတြဘဲ ။ ၁၉၈၉ အပစ္ရပ္က တည္း က်ေနာ္တို႔ေနလာတာ ။ ဗိုလ္ခ်ဳပ္ခင္ညႊန႔္ ေခတ္ ကလဲ ဒီေဒသကိုအသိအမွတ္ျပဳတာဘဲ ။ ျပည္ေထာင္စုအဆင့္ၿငိမ္းခ်မ္းေရးသေဘာ တူညီခ်က္ မွာက နယ္ေၿမ သတ္မွတ္သာ မရွိဘူး ။ နယ္ေျမကိစၥက NCA ထိုးၿပီးမွလုပ္ရမဲ့ကိစၥ ” - ဟု ေျပာခြင့္ရ ဗိုလ္မွူးႀကီး စိုင္းလ ကေျပာသည္ ။
ေအာက္တိုဘာ ၁၉ ရက္ေန႔တြင္ အစိုးရတပ္မေတာ္ပိုင္ ျမ၀တီ သတင္းဌာန၊ အစိုးရပိုင္ ျမန္မာ့အသံႏွင့္ ႐ုပ္ျမင္သံၾကားသတင္းဌာနတို႔မွ ထုတ္ျပန္ခ်က္တြင္ သၽွမ္းျပည္တပ္မေတာ္ SSPP/SSA ႏွင့္ တိုက္ ပြဲျဖစ္ရ သည့္ အေၾကာင္းရင္းမ်ားအားထုတ္ျပန္ရာတြင္ “ ၂၀၁၂ ခု ဇႏၷဝါရီ ၂၈ ရက္ ျပည္ေထာင္စု အဆင့္ၿငိမ္း ခ်မ္းေရး သေဘာတူညီခ်က္တြင္ ဝမ့္ဟိုင္းဌာနခ်ဳပ္၌သာ အေျချပဳေနထိုင္ရန္ သတ္မွတ္ ထားေသာ္လည္း ဌာနခ်ဳပ္ ေတာင္ဘက္ ၁၀ မိုင္အကြာတြင္ အခိုင္အမာတပ္စခန္းေဆာက္ကာ အေျချပဳေနထိုင္ ေသာေၾကာင့္ နယ္ေျမတည္ၿငိမ္ေအးခ်မ္းေရး ၊ ပစ္ခတ္တိုက္ခိုက္မွုရပ္စဲေရး မူေဘာင္မ်ားမ ထိခိုက္ေစေရး အႀကိမ္ႀကိမ္သတိေပးေသာ္လည္း မူလေနရာသို႔မျပန္ ------ ေသာေၾကာင့္ တပ္မေတာ္စစ္ေၾကာင္း မွ ရွင္းလင္းတိုက္ခိုက္ရ --- ” ဟု ပါရွိသည္ ။
ထို႔အျပင္ အဆိုပါ သတင္းစာတြင္ ေအာက္တိုဘာ ၆ ရက္ေန႔ မွ ၁၈ ရက္ေန႔ အထိ တိုက္ပြဲေပါင္း ၃၇ ႀကိမ္ ၊ သၽွမ္းျပည္တပ္မေတာ္ထံမွ အေလာင္း ၇ ေလာင္း လက္နက္မ်ိဳးစုံ ၈ လက္ သိမ္းဆည္းရသည္ဟု ထုတ္ျပန္ထားသည္ ။ သို႔ေသာ္ အစိုးရဘက္မွ မည္မၽွေသဆုံးသည္ကို မေဖၚျပေသာ္လည္း အရာရွိ ၊ စစ္သည္တခ်ိဳ႕ အသက္ေပးလွူသြားသည္ဟု တပ္မေတာ္ပိုင္ ျမ၀တီသတင္းက ေဖၚျပသည္ ။
သၽွမ္းသံေတာ္ဆင့္
https://www.facebook.com/Panglong.burmese
.......................................
ဓါတ်ပုံ- SSPP/SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းလ
အောက်တိုဘာ ၂၀ ရက် ၂၀၁၅
အစိုးရတပ်မတော်မှ သျှမ်းလူထု နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA အပေါ် အင်အားသုံးကာ နိုင်ထက်စီးနင်းပြု ကျူးကျော်တိုက်ခိုက်နေမှုများအား ဆက်လက်ခုခံ တိုက်ခိုက်သွားမည်ဟု SSPP/SSA က ထုတ်ပြန်ကြေငြာ လိုက်သည် ။
သျှမ်းပြည်တပ်မတော် SSPP/SSA ၏ မိုင်းရှူးမြို့နယ် ဝမ့်လွေတပ်စခန်း ၊ နောင်ခေတ် နားပေတပ်စခန်း ၊ တာ့ဆမ်ပူး နှင့် လွယ်လာဟတပ်စခန်း ၊ နမ့်မော်ခုံနွဲ့တပ်စခန်းများအား မိုင်းနောင်အခြေစိုက် စစ်ဆင် ရေး ကွပ်ကဲမှု ဌာနချုပ် စကခ ၂ နှင့် မိုင်းပန်အခြေစိုက် စကခ ၁၇ လက်အောက်ခံ တပ်ရင်းများက အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ကြောင်း ၊ တိုက်ခိုက်စဉ်အတွင်း လူထုရပ်ရွာများဘက် ၊ ကျေးလက် ဒေသ ခံအလုပ်လုပ်ရာတောင်ယာ ၊ လယ်ကွင်း များဘက် လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက် ခိုက်နေသည် ဟု သျှမ်းပြည်တပ်မတော် ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလ က ပြောကြားလိုက်သည် ။
“ ဒါကျနော်တို့မွေးရပ်မြေဗျာ၊ တောင်ပိုင်းမှာဆို လွယ်လင် ၊ နမ့်ဇန် ၊ ကွန်ဟိန်း ၊ ကာလိ ကနေ မြောက်ပိုင်း မူစယ်နမ့်ခမ်းအထိ ၊ အနောက်ဘက်ဆို ပြင်ဦးလွင် ၊ မိုင်းကုတ် ၊ မိုင်းမိတ် အထိ ကျနော်တို့ တော်လှန် ရေး သမိုင်းဝင်နယ်မြေတွေဘဲ ။ ၁၉၈၉ အပစ်ရပ်က တည်း ကျနော်တို့နေလာတာ ။ ဗိုလ်ချုပ်ခင်ညွှန့် ခေတ် ကလဲ ဒီဒေသကိုအသိအမှတ်ပြုတာဘဲ ။ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးသဘော တူညီချက် မှာက နယ်မြေ သတ်မှတ်သာ မရှိဘူး ။ နယ်မြေကိစ္စက NCA ထိုးပြီးမှလုပ်ရမဲ့ကိစ္စ ” - ဟု ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလ ကပြောသည် ။
အောက်တိုဘာ ၁၉ ရက်နေ့တွင် အစိုးရတပ်မတော်ပိုင် မြဝတီ သတင်းဌာန၊ အစိုးရပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်းဌာနတို့မှ ထုတ်ပြန်ချက်တွင် သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် တိုက် ပွဲဖြစ်ရ သည့် အကြောင်းရင်းများအားထုတ်ပြန်ရာတွင် “ ၂၀၁၂ ခု ဇန္နဝါရီ ၂၈ ရက် ပြည်ထောင်စု အဆင့်ငြိမ်း ချမ်းရေး သဘောတူညီချက်တွင် ဝမ့်ဟိုင်းဌာနချုပ်၌သာ အခြေပြုနေထိုင်ရန် သတ်မှတ် ထားသော်လည်း ဌာနချုပ် တောင်ဘက် ၁၀ မိုင်အကွာတွင် အခိုင်အမာတပ်စခန်းဆောက်ကာ အခြေပြုနေထိုင် သောကြောင့် နယ်မြေတည်ငြိမ်အေးချမ်းရေး ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး မူဘောင်များမ ထိခိုက်စေရေး အကြိမ်ကြိမ်သတိပေးသော်လည်း မူလနေရာသို့မပြန် ------ သောကြောင့် တပ်မတော်စစ်ကြောင်း မှ ရှင်းလင်းတိုက်ခိုက်ရ --- ” ဟု ပါရှိသည် ။
ထို့အပြင် အဆိုပါ သတင်းစာတွင် အောက်တိုဘာ ၆ ရက်နေ့ မှ ၁၈ ရက်နေ့ အထိ တိုက်ပွဲပေါင်း ၃၇ ကြိမ် ၊ သျှမ်းပြည်တပ်မတော်ထံမှ အလောင်း ရ လောင်း လက်နက်မျိုးစုံ ၈ လက် သိမ်းဆည်းရသည်ဟု ထုတ်ပြန်ထားသည် ။ သို့သော် အစိုးရဘက်မှ မည်မျှသေဆုံးသည်ကို မဖေါ်ပြသော်လည်း အရာရှိ ၊ စစ်သည်တချို့ အသက်ပေးလှူသွားသည်ဟု တပ်မတော်ပိုင် မြဝတီသတင်းက ဖေါ်ပြသည် ။
သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese