Quantcast
Channel: MP4 YoU
Viewing all articles
ဆီးရီးယားနိုင်ငံအတွင်း ကန်-ရုရှား လေကြောင်းဆိုင်ရာ သဘောတူညီမှုရ
$
0
0
 အမေရိကန်ပြည်ထောင်စုနဲ့ ရုရှားနိုင်ငံတို့ကြား နှစ်နိုင်ငံရဲ့ တိုက်လေယာဉ်တွေအနေနဲ့ လုံခြုံစိတ်ချရတဲ့ အကွာအဝေးမှာ နေကြဖို့ အခြေခံ ချမှတ်ထားတဲ့ သဘောတူညီချက် နားလည်မှုစာချွန်လွှာကို အင်္ဂါနေ့မှာ လက်မှတ်ရေးထိုးလိုက်ပြီးတဲ့နောက် သဘောတူညီချက်ဟာ ချက်ခြင်း သက်ရောက်မှု ရှိစေမှာ ဖြစ်ပါတယ်။
............................
 အမေရိကန်ပြည်ထောင်စုနဲ့ ရုရှားနိုင်ငံတို့ကြား နှစ်နိုင်ငံရဲ့ တိုက်လေယာဉ်တွေအနေနဲ့ လုံခြုံစိတ်ချရတဲ့ အကွာအဝေးမှာ နေကြဖို့ အခြေခံ ချမှတ်ထားတဲ့ သဘောတူညီချက် နားလည်မှုစာချွန်လွှာကို အင်္ဂါနေ့မှာ လက်မှတ်ရေးထိုးလိိုက်ပြီးတဲ့နောက် သဘောတူညီချက်ဟာ ချက်ခြင်း သက်ရောက်မှု ရှိစေမှာ ဖြစ်ပါတယ်။
ပန်တဂွန်စစ်ဌာနချုပ်မှာ ပြုလုပ်တဲ့ သတင်းထောက်တွေနဲ့ တွေ့ဆုံပွဲမှာ အမေရိကန် ကာကွယ်ရေးဌာနရဲ့ ပြောခွင့်ရသူ Peter Cook က တဘက်နဲ့ တဘက် လေယာဉ်တွေ ဘယ်လောက် အကွာအဝေးမှာ နေကြရမယ်ဆိုတဲ့ အတိအကျကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
ဒါပေမဲ့ အမေရိကန် လေယာဉ်မှူးတွေအနေနဲ့ ဒါကို သိထားကြပြီးဖြစ်တယ်လို့ သူက ပြောပါတယ်။ ဒီသဘောတူညီမှုက တဘက်နဲ့ တဘက် ခြိမ်းခြောက်တာမျိုး မဖြစ်အောင် ကျူးကျော်ရန်စတဲ့ အဖြစ်မျိုး မကြံုအောင် ဟန့်တားနိုင်လိမ့်မယ်လို့ ယူဆကြောင်း ပြောဆိုပါတယ်။
ဒီသဘောတူညီမှုနဲ့ ပတ်သက်ပြီး အသေးစိတ်ကို မထုတ်ပြန်ဖို့ ရုရှားနိုင်ငံဘက်က တောင်းဆိုထားကြောင်း Mr. Cook က ပြောပါတယ်။ ကျနော်တို့အနေနဲ့ မှားယွင်း တွက်ချက်တာမျိုး မဖြစ်သင့်ဘူးလို့ ပြောပါတယ်။
ဒီသဘောတူညီမှုမှာ ဆီးရီးယားနိုင်ငံအပေါ်မှာ ရှိနေတဲ့ လေယာဉ်တွေအားလုံးနဲ့ သက်ဆိုင်ကြောင်း အဲဒီအထဲမှာ မောင်းသူမဲ့ drone ယာဉ်တွေပါ ပါ၀င်ပြီး၊ တခြားနိုင်ငံတွေနဲ့တော့ သက်ဆိုင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။
တနင်္လာနေ့က Latakia ခရိုင်အတွင်း ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း လူပေါင်း ၄၅ ယောက် ထက်မနည်း သေဆုံးခဲ့တယ်လို့ ဆီးရီးယားအရေး စောင့်ကြည့်နေတဲ့ လူ့အခွင့်ရေးအဖွဲ့က ပြောဆိုပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Viewing all articles
Browse latest Browse all 13796
Trending Articles
၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ
အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)
စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့
သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်
တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ
ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း
ဦးအောင်ဇေယျမှ ကုန်းဘောင်မင်းဆက်တည်ဆောက်ခြင်း အစ
မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်
အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်
ဆားပုလင်းနှင်းမောင်၏ နိဂုံး
မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး
ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”
တားမြစ်ထားတဲ့ သီချင်းလေးတွေ...
ထိုင်း-မြန်မာ နယ်စပ် ပဋိပက္ခ (၂၀၀၃)
မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...
ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...
သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...
တာနောယက္ခ
မနောမယအိမ်ခြံမြေရောင်းနည်း
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>