Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796


$
0
0



"မဲလက်မှတ်တွေ ကျန်နေတဲ့သူတွေပေါ့နော်၊ မနက် ၇ နာရီကနေ ည ၇ နာရီပေါ့နော်၊ မဲလက်မှတ်ဆိုတဲ့နေရာမှာ လွှတ်တော် ၃ ခုမှာ ပထမ လေးရက်ဖွင့်တုန်းက ကျန်နေတဲ့သူတွေစာရင်း ကောက်ထားတယ်၊ အဲ့စာရင်းတွေ ကြည့်လိုက်တော့ ရွေးကောက်ပွဲကော်မရှင်က အဲဒါတွေပြန်ပေးတဲ့အတွက် အဲဒါတွေ ကျနော်တို့ဖွင့်ပြီးတော့ အဲဒါတွေပေးမယ်ပေါ့နော်၊ လုံးလုံးမပါတဲ့ မြို့နယ်တွေကတော့ လူအရေအတွက်နည်းတယ်၊ မြို့နယ်တွေကတော့ များတယ်၊ မြို့နယ်က ၂ဝ၊ ၃ဝ လောက်ရှိတယ်"





RFA Burmese

......................................................................

ကိုကိုးကျွန်းမှာ NLD ပါတီ မဲဆွယ်ရေး အခက်တွေ့

 ကိုကိုးကျွန်းမှာ မဲဆွယ်စည်းရုံးမယ့် NLD ကိုယ်စားလှယ်လောင်းတွေ အောက်တိုဘာလ ၁၂ ရက်နေ့က ရန်ကုန်မြို့ ရွှေဂုံတိုင် ရှိ တော်ဝင်နှင်းဆီခန်းမမှာ သတင်းစာရှင်းလင်းစဉ်။ ဓါတ်ပုံ - မမိုးကလျာဦး/RFA
 ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်မှာ နေရာအတော်များများကို ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထား တာကြောင့် မဲဆွယ်စည်းရုံးရာမှာ အခက်အခဲတွေရှိတယ်လို့ ကိုကိုးကျွန်းကို ဒီနေ့ ရောက်ရှိနေတဲ့ NLD ပါတီ ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။

မနေ့ကစပြီး ကိုကိုးကျွန်းရဲ့ ၅ ပုံ ၄ ပုံလောက်ကို ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်လိုက်တာဖြစ်တယ်လို့ NLD ပါတီရဲ့ ကိုကိုးကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းမင်းက ပြောပါတယ်။

"မဲလက်မှတ်တွေ ကျန်နေတဲ့သူတွေပေါ့နော်၊ မနက် ရ နာရီကနေ ည ရ နာရီပေါ့နော်၊ မဲလက်မှတ်ဆိုတဲ့နေရာမှာ လွှတ်တော် ၃ ခုမှာ ပထမ လေးရက်ဖွင့်တုန်းက ကျန်နေတဲ့သူတွေစာရင်း ကောက်ထားတယ်၊ အဲ့စာရင်းတွေ ကြည့်လိုက်တော့ ရွေးကောက်ပွဲကော်မရှင်က အဲဒါတွေပြန်ပေးတဲ့အတွက် အဲဒါတွေ ကျနော်တို့ဖွင့်ပြီးတော့ အဲဒါတွေပေးမယ်ပေါ့နော်၊ လုံးလုံးမပါတဲ့ မြို့နယ်တွေကတော့ လူအရေအတွက်နည်းတယ်၊ မြို့နယ်တွေကတော့ များတယ်၊ မြို့နယ်က ၂ဝ၊ ၃ဝ လောက်ရှိတယ်"

NLD ပါတီ ကိုယ်စားလှယ်လောင်း ၃ဦးနဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင် ၁၁ ယောက်ဟာ တစ်အိမ်တက်ဆင်းပြီး မဲဆွယ်စည်းရုံးနေတယ်လို့ သိရပါတယ်။

ကိုကိုးကျွန်းမှာ ရေတပ်၊ GE အင်ဂျင်နီယာတပ်၊ အစိုးရဝန်ထမ်းနဲ့ ပြည်သူတွေ နေထိုင်ကြပြီး မဲပေးခွင့်ရှိသူ ၁၅၀၀ လောက် ရှိတယ်လို့ ကော်မရှင်က ထုတ်ပြန်ကြေညာထားပါတယ်။

ကိုကိုးကျွန်းမှာ ပြည်ခိုင်ဖြိုးပါတီက အငြိမ်းစားဗိုလ်ချုပ်ကြီးဟောင်း သူရသက်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးဟောင်း ဦးတင်ဝင်းတို့ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး မဲဆွယ်စည်းရုံးရေး ၂ကြိမ်လောက် ဆင်းခဲ့ပြီးဖြစ်ပါတယ်။

NLD ပါတီ ကိုယ်စားလှယ်လောင်းတွေက ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၀ရက်နေ့ကမှ သွားရောက်မဲဆွယ်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ကိုကိုးကျွန်းမှာ NLD ပါတီက ရာနှုန်းပြည့် အနိုင်ရရှိခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


TTA Oreo Gapp Installer


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ပင်လုံကျောက်တိုင်မှသည် ငြိမ်းချမ်းရေးကျောက်တိုင်ဆီသို့ (ကျော်သူ)


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>