မံုရြာ ေအာက္တိုဘာ(၂၂)
မံုရြာၿမိဳ႕ လယ္တီရပ္ကြက္ နယ္ေျမ(၃)မွ ေဒၚစိန္ၾကည္ ၏ ေနအိမ္ တြင္ ေအာက္တိုဘာ (၂၂)ရက္ေန႔ နံနက္ပိုင္းက အုတ္၀င္းထရံ ခတ္ရန္ ေျမက်င္းတူးလုပ္သားမ်ား ေပါက္ျပားျဖင့္ လိုင္းက်င္းတူးရာ ေျမႀကီးထဲသို႕ တစ္ေပခြဲခန္႕အနက္ အေရာက္ တြင္ ေအာက္ခံ အမာအရာ၀တၳဳတစ္ခု(ခန္႕မွန္း)တူးဆြမိၿပီး ေျမႀကီးအတြင္းမွ မီးခိုးမ်ား ရုတ္တရက္ အူထြက္လာၿပီး ခဏအၾကာတြင္ မီးေတာက္မ်ား ထြက္ေပၚလာသျဖင့္ အဆိုပါေနရာအား သဲမ်ား ျပန္လည္ ဖံုးအုပ္ထားေၾကာင္း သိရသည္။
မ်က္ျမင္ေတြ႕ရွိသူတစ္ဦးကလည္း `` မနက္က (၁၀)နာရီ ခြဲေလာက္မွာ ျဖစ္တာပါ တူးဆြ မိတဲ့ ေနရာကေန ထြက္လာတဲ့ အပိုင္းအစ သံေခ်းေရာင္ တစ္ခုကို ေရစိမ္ထားၾကည့္ရင္ ဘယ္လိုမွမေနဘူး အဲဒီ အပိုင္း အစေလးက ေရေျခာက္သြားရင္ မီးခိုး ျပာႏွမ္းႏွမ္းအူထြက္လာၿပီး တစ္ျဖစ္ျဖစ္အသံျမည္ၿပီး မီးေတာက္တယ္လို႕ၾကားတယ္။´´
ဘူမိေဗဒပညာရွင္ တစ္ဦးကလည္း ``ယခုလိုျဖစ္စဥ္မ်ိဳးေတြ တစ္ခ်ိဳ႕ ေဒသေတြမွာလည္း ျဖစ္ေပၚဖူးေၾကာင္း၊ သဘာ၀ဓာတ္ေငြ႕လည္း မျဖစ္ႏိုင္ေၾကာင္း၊ ပတ္၀န္းက်ုင္ အေနအထားၾကည့္ရတာ ဇီ၀ ဓာတ္ေငြ႕လည္း မျဖစ္ႏိုင္ေၾကာင္း၊ ေအာက္စီဂ်င္နဲ႕ေတြ႕ရင္ မီးေတာက္တတ္တဲ့ အေနအထားကို ေတြ႕ရ ေၾကာင္း၊ မီးေလာင္ ေစႏိုင္တဲ့ သတၱဳ အၾကြင္းအက်န္ ပစၥည္းတစ္ခုျဖစ္ႏိုင္ေၾကာင္း၊ သူက ေရထဲမွာ ေပ်ာ္၀င္ရင္ေတာ့ အားေပ်ာ့သြားႏိုင္ေၾကာင္း၊ ေလနဲ႕ေတြ႕မွ မီးေလာင္ေစႏိုင္တဲ့အတြက္ လံုၿခံဳေအာင္ ဖုံးအုပ္ထားရင္ အႏၱရာယ္ မရွိႏိုင္ေၾကာင္း၊ ေလာေလာဆယ္ အဆိုပါ အပိုင္းအစအား ခန္႕မွန္းရန္ သက္ဆိုင္ရာ ပညာရွင္ေတြထံ ေပးပို႔ထားေၾကာင္း´´ေျပာၾကားခဲ့သည္။
အဆိုပါ ျဖစ္စဥ္ျဖစ္ပြားသည့္ ေနရာသို႕ တိုင္းေဒသႀကီး လံုၿခံဳေရးႏွင့္ နယ္စပ္ေရးရာ ၀န္ႀကီး ဗိုလ္မွဴးႀကီး ေက်ာ္သန္႕ႏိုင္ လာေရာက္ၾကည့္ရႈ စစ္ေဆးခဲ့ေၾကာင္းႏွင့္ တိုင္းေဒသႀကီး မီးသတ္ဦးစီးဌာနမွဴး၊ အေရးေပၚ ကယ္ဆယ္ေရး မီးသတ္ တပ္ဖြဲ႕၀င္မ်ား၊ ရပ္ကြက္မွ တာ၀န္ရွိသူမ်ား ရပ္မိရပ္ဖမ်ား ေရာက္ရွိေနၾကၿပီး အႏၱရာယ္ မျဖစ္ေပၚေစေရးအတြက္ အနီးကပ္ ၾကပ္မတ္လ်က္ရွိၿပီး သက္ဆိုင္ရာ ကၽြမ္းက်င္ ပညာရွင္ မ်ားသို႕လည္း အေၾကာင္းၾကားထားေၾကာင္း သိရွိရသည္။
(တိုင္းျပန္/ဆက္)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
.......................
မုံရွာ အောက်တိုဘာ(၂၂)
မုံရွာမြို့ လယ်တီရပ်ကွက် နယ်မြေ(၃)မှ ဒေါ်စိန်ကြည် ၏ နေအိမ် တွင် အောက်တိုဘာ (၂၂)ရက်နေ့ နံနက်ပိုင်းက အုတ်ဝင်းထရံ ခတ်ရန် မြေကျင်းတူးလုပ်သားများ ပေါက်ပြားဖြင့် လိုင်းကျင်းတူးရာ မြေကြီးထဲသို့ တစ်ပေခွဲခန့်အနက် အရောက် တွင် အောက်ခံ အမာအရာဝတ္ထုတစ်ခု(ခန့်မှန်း)တူးဆွမိပြီး မြေကြီးအတွင်းမှ မီးခိုးများ ရုတ်တရက် အူထွက်လာပြီး ခဏအကြာတွင် မီးတောက်များ ထွက်ပေါ်လာသဖြင့် အဆိုပါနေရာအား သဲများ ပြန်လည် ဖုံးအုပ်ထားကြောင်း သိရသည်။
မျက်မြင်တွေ့ရှိသူတစ်ဦးကလည်း `` မနက်က (၁၀)နာရီ ခွဲလောက်မှာ ဖြစ်တာပါ တူးဆွ မိတဲ့ နေရာကနေ ထွက်လာတဲ့ အပိုင်းအစ သံချေးရောင် တစ်ခုကို ရေစိမ်ထားကြည့်ရင် ဘယ်လိုမှမနေဘူး အဲဒီ အပိုင်း အစလေးက ရေခြောက်သွားရင် မီးခိုး ပြာနှမ်းနှမ်းအူထွက်လာပြီး တစ်ဖြစ်ဖြစ်အသံမြည်ပြီး မီးတောက်တယ်လို့ကြားတယ်။´´
ဘူမိဗေဒပညာရှင် တစ်ဦးကလည်း ``ယခုလိုဖြစ်စဉ်မျိုးတွေ တစ်ချို့ ဒေသတွေမှာလည်း ဖြစ်ပေါ်ဖူးကြောင်း၊ သဘာဝဓာတ်ငွေ့လည်း မဖြစ်နိုင်ကြောင်း၊ ပတ်ဝန်းကျုင် အနေအထားကြည့်ရတာ ဇီဝ ဓာတ်ငွေ့လည်း မဖြစ်နိုင်ကြောင်း၊ အောက်စီဂျင်နဲ့တွေ့ရင် မီးတောက်တတ်တဲ့ အနေအထားကို တွေ့ရ ကြောင်း၊ မီးလောင် စေနိုင်တဲ့ သတ္တု အကြွင်းအကျန် ပစ္စည်းတစ်ခုဖြစ်နိုင်ကြောင်း၊ သူက ရေထဲမှာ ပျော်ဝင်ရင်တော့ အားပျော့သွားနိုင်ကြောင်း၊ လေနဲ့တွေ့မှ မီးလောင်စေနိုင်တဲ့အတွက် လုံခြုံအောင် ဖုံးအုပ်ထားရင် အန္တရာယ် မရှိနိုင်ကြောင်း၊ လောလောဆယ် အဆိုပါ အပိုင်းအစအား ခန့်မှန်းရန် သက်ဆိုင်ရာ ပညာရှင်တွေထံ ပေးပို့ထားကြောင်း´´ပြောကြားခဲ့သည်။
အဆိုပါ ဖြစ်စဉ်ဖြစ်ပွားသည့် နေရာသို့ တိုင်းဒေသကြီး လုံခြံုရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ကျော်သန့်နိုင် လာရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းနှင့် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူး၊ အရေးပေါ် ကယ်ဆယ်ရေး မီးသတ် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်မှ တာဝန်ရှိသူများ ရပ်မိရပ်ဖများ ရောက်ရှိနေကြပြီး အန္တရာယ် မဖြစ်ပေါ်စေရေးအတွက် အနီးကပ် ကြပ်မတ်လျက်ရှိပြီး သက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင် များသို့လည်း အကြောင်းကြားထားကြောင်း သိရှိရသည်။
(တိုင်းပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar