Quantcast
Channel: MP4 YoU
Viewing all articles

စစ်သွေးကြွရုပ်အလောင်း ၃၆၅ လောင်းကို မြှုပ်နှံထားသော မြေပုံများကို ဆာလာဟူဒင်ပြည်နယ် တွင် အီရတ်တပ်ဖွဲ့က တွေ့ရှိ

$
0
0
Iraqi forces found 365 ISIS bodies in Baiji graves
ဘဂ္ဂဒက် ၊ ၂၃-၁၀-၂၀၁၅




PyiChitThar
.......................

Iraqi forces found 365 ISIS bodies in Baiji graves
ဘဂ္ဂဒက် ၊ ၂၃-၁၀-၂၀၁၅

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော် မြောက်ပိုင်းတွင် ISIS စစ်သွေးကြွ များ၏ ရုပ်အလောင်း အများအပြားကို စုပြုံ မြုပ်နှံထားသော မြေပုံများကို အီရတ် တပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိ ခဲ့ကြောင်း သိရသည်။

အီရန် အစိုးရတပ် များသည် ရုပ်အလောင်း ၃၆၅ လောင်းကို မြုပ်နှံထားသော မြေပုံ ၁၉ ခုကို ဆာလာဟူဒင် ပြည်နယ်ရှိ ဘာဂျီမြို့တွင် အောက်တိုဘာ ၂၁ ရက်က ရှာဖွေတွေ့ရှိ ခဲ့ပြီး အဆိုပါ မြို့သည် ISIS စစ်သွေးကြွ များက ၂ဝ၁၄ ခုနှစ် နွေရာသီတွင် အစိုးရတပ်များ ထံမှ သိမ်းယူခဲ့ခြင်း ဖြစ်သည်။ ယင်းမြို့ကို အီရတ်လုံခြုံရေး တပ်ဖွဲ့များက အီရန် အစိုးရက ထောက်ပံ့ ပေးထားသည့် လက်နက်ကိုင် တပ်များ၏ အကူအညီဖြင့် သီတင်းပတ်ပေါင်း များစွာ ထိုးစစ်ဆင်နွှဲ ပြီးနောက် ပြန်လည် သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

အီရတ် အစိုးရတပ် များ၏ တိုက်ခိုက်မှုကြောင့် ISIS စစ်သွေးကြွ များမှာ နောက်ဆုံးတွင် မြို့ကိုစွန့်ခွာ၍ ထွက်ပြေးခဲ့သည်။ အီရတ်တပ် များသည် အဆိုပါ မြေပုံများကို အယ်အာဆရီ အရပ်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး မြေပုံများ အတွင်းရှိ ရုပ်အလောင်း များမှာ ISIS စစ်သွေးကြွ များ၏ ရုပ်အလောင်းများ ဖြစ်ကြောင်း၊ ယင်း ISIS စစ်သွေးကြွ များမှာ မည်သည့် အချိန်က သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း စသည့် အသေးစိတ် အချက်အလက် များကို စစ်ဘက်က အတိအကျ ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိဟု သိရသည်။

PyiChitThar
http://www.pyichitthar.com

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>