Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ေဒၚေအာင္ဆန္းစုၾကည္ မဲဆြယ္ေဟာေျပာပြဲအတြက္ အားကစားကြင္းအသံုးျပဳခြင့္ေပးသည့္ အားကာမွဴး စံုခံုဖဲြ႕စစ္ေဆးခံရ

$
0
0
Byေမာင္တာOn  Fri, 2015-10-23 06:30LocationမႏၲေလးIssue No.No.895 Friday, October 23, 2015

စက္တင္ဘာ ၂၅ ရက္က ခႏၲီးၿမိဳ႕နယ္ အားကစားကြင္း၌ ေဒၚေအာင္ဆန္းစုၾကည္ မဲဆြယ္ေဟာေျပာေနမႈကို လာေရာက္နားေထာင္ေနေသာ ေဒသခံျပည္သူမ်ား (ဓာတ္ပံု − ေဂ်ေမာင္ေမာင္(အမရပူရ)
အမ်ိဳးသားဒီမုိကေရစီ အဖဲြ႕ခ်ဳပ္ဥကၠ႒ ေဒၚေအာင္ဆန္းစု ၾကည္၏ မဲဆြယ္စည္း႐ံုးေဟာ ေျပာပြဲအတြက္ ၿမိဳ႕နယ္အားက စားကြင္းကုိ အသံုးျပဳခြင့္ေပးခဲ့ သည့္ ခႏီၲးၿမိဳ႕နယ္ အားကစားႏွင့္ ကာယပညာဦးစီးဌာန ၿမိဳ႕နယ္ဦး စီးမွဴးကို စစ္ကုိင္းတုိင္းေဒသႀကီး တာ၀န္ရိွသူမ်ားက စံုခံုဖဲြ႕စစ္ေဆး ေနေၾကာင္း သတင္းရရိွသည္။

ခႏီၲးၿမိဳ႕နယ္ အားကစားကြင္း ကို ေဒၚေအာင္ဆန္းစုၾကည္ေဟာေျပာပြဲအတြက္ အသံုးျပဳခြင့္ေပးခဲ့ ရာတြင္ ၿခံစည္း႐ုိးပ်က္စီးသည္ဟူ ေသာအေၾကာင္းျပခ်က္ျဖင့္ ခႏီၲးၿမိဳ႕နယ္ အားကာမွဴး ဦး၀င္းမင္း ေဇာ္ကုိ စစ္ကုိင္းတုိင္းေဒသႀကီး လႊတ္ေတာ္ၫႊန္ၾကားေရးမွဴး ဦး ေဆာင္၍ လႊတ္ေတာ္အတြင္းေရး မွဴးႏွင့္ တုိင္းေဒသႀကီး အားကစား ႏွင့္ ကာယပညာဦးစီးဌာန၊ တုိင္းေဒသႀကီး ဦးစီးမွဴးပါ၀င္သည့္ စံုခံုအဖြဲ႕က ေအာက္တိုဘာ ၁၉ ရက္ႏွင့္ ၂၀ ရက္တုိ႔တြင္ ခႏီၲးခ႐ုိင္ေထြအုပ္႐ံုးသို႔ ေခၚယူစစ္ေဆးခဲ့ျခင္း ျဖစ္သည္။‘‘ေဟာေျပာပြဲ ျပဳလုပ္ခ်ိန္မွာ ၿခံစည္း႐ုိးပ်က္စီးခဲ့တဲ့အတြက္ ဆုိၿပီးလာစစ္တာျဖစ္ပါတယ္။ ဘယ္ လိုခြင့္ျပဳခ်က္ ေတာင္းခံခဲ့သလဲ။ ဘယ္လိုခြင့္ျပဳေပးခဲ့သလဲ။ ၿမိဳ႕နယ္အဆင့္နဲ႔ ခြင့္ျပဳေပးလုိ႔ရသ လားေပါ့။ အဲဒါေတြစစ္ပါတယ္။ အခုေတာ့ စစ္ခ်က္ေတြ ယူၿပီး ျပန္သြားၾကၿပီ။ ဘယ္လိုအေျဖထြက္ လာမလဲဆုိတာေတာ့ မသိရေသး ပါဘူး’’ဟု စံုခံုဖဲြ႕စစ္ေဆးခံရသည့္ ခႏီၲးၿမိဳ႕နယ္အားကာမွဴးက ေျပာ သည္။

စက္တင္ဘာ ၂၅ ရက္က လာေရာက္ခဲ့သည့္ ေဒၚေအာင္ ဆန္းစုၾကည္၏ မဲဆြယ္ေဟာေျပာ ပြဲခရီးစဥ္အတြက္ ခႏီၲးၿမိဳ႕နယ္ အားကစားကြင္းကုိ အသံုးျပဳခဲ့ ရာတြင္ ၿခံစည္း႐ိုးဖ်က္ကာ အ၀င္ အထြက္ျပဳလုပ္ခဲ့ျခင္းကုိ မတား ျမစ္ခဲ့သည့္အေပၚ စံုခံုဖဲြ႕စစ္ေဆး ခံရျခင္းျဖစ္ၿပီး ၀န္ထမ္းစည္းကမ္း မ်ားႏွင့္ အညီေဆာင္ရြက္ခဲ့ျခင္း ရိွ၊ မရိွႏွင့္ ၀န္ႀကီးဌာန၏ ၫႊန္ ၾကားခ်က္မ်ားအေပၚ ေက်ာ္လြန္ လုပ္ေဆာင္ခဲ့ျခင္းရိွ၊ မရိွစစ္ေဆး ျခင္းျဖစ္သည္ဟု ခႏီၲးၿမိဳ႕နယ္ အားကာမွဴးက ေျပာသည္။

ခႏီၲးၿမိဳ႕နယ္အားကစားကြင္း တြင္ ဂိတ္ေပါက္ႏွစ္ခုရိွၿပီး ဂိတ္ ေပါက္တစ္ခုမွာ ကားအ၀င္အထြက္ ျပဳလုပ္၍မရဘဲ အျခားဂိတ္ေပါက္တစ္ခုမွာလည္း အားကစားကြင္း အလယ္မွ ျဖတ္ သန္းသြားလာရမည္ျဖစ္၍ ေဟာေျပာပြဲစင္ျမင့္ႏွင့္  နီးစပ္သည့္ ေနရာတြင္ ၿခံစည္း႐ုိးကုိ ဖယ္ရွားကာ အ၀င္အထြက္ျပဳလုပ္ခဲ့ျခင္း ျဖစ္ေၾကာင္း ခႏီၲးၿမိဳ႕နယ္ အမ်ိဳးသား ဒီမုိကေရစီအဖြဲ႕ခ်ဳပ္မွ သတင္းရရိွသည္။

‘‘ကြၽန္ေတာ္တုိ႔က အားက စားကြင္းၿခံစည္း႐ိုးကုိ ခဏဖယ္ၿပီး အ၀င္အထြက္လုပ္ခဲ့တာ မွန္ပါ တယ္။ ေဟာေျပာပြဲၿပီးတဲ့အခ်ိန္  မွာ ပံုမွန္အတိုင္း စနစ္တက်ျပန္ ကာေပးခဲ့ပါတယ္။ အားကစား ကြင္းအနီးက လမ္းေတြဆုိရင္ အရင္ထက္ ပုိေကာင္းေအာင္ ေက်ာက္ခဲေတြခ်ၿပီး လမ္းျပန္ခင္း ေပးခဲ့ပါတယ္’’ဟု ခႏီၲးၿမိဳ႕နယ္ အမ်ိဳးသားဒီမုိကေရစီအဖဲြ႕ခ်ဳပ္ အလုပ္အမႈေဆာင္ ကိုေအာင္ ဆန္းျမင့္က ေျပာသည္။

အားကစားကြင္း အသံုးျပဳ ခြင့္ေပးျခင္းသည္ ေရြးေကာက္ပြဲ ေကာ္မရွင္အပါအ၀င္ အျခားဌာန မ်ားႏွင့္ ဆက္စပ္လုပ္ကုိင္ရသည့္ လုပ္ငန္းျဖစ္ၿပီး ၿမိဳ႕နယ္ဦးစီးမွဴး တစ္ဦးအေနျဖင့္ တာ၀န္ရိွသည့္ အတုိင္း လုပ္ေဆာင္ခဲ့ျခင္းျဖစ္ ေၾကာင္း ခႏီၲးၿမိဳ႕နယ္ အားကာမွဴး က ေျပာသည္။

လက္ရိွအခ်ိန္ထိ အမႈဖြင့္ခံရ ျခင္း၊ တရားစြဲဆုိခံရျခင္းမ်ား မရိွ ေသးေသာ္လည္း စံုခံုဖဲြ႕စစ္ေဆးမႈ အရ ၀န္ထမ္းစည္းကမ္းျဖင့္ အ ေရးယူေတာ့မည့္ အေျခအေနျဖစ္ သည္ဟု ထင္ျမင္မိေၾကာင္း ၎ က ဆုိသည္။

ေဒၚေအာင္ဆန္းစုၾကည္၏ ခႏီၲးၿမိဳ႕ ခရီးစဥ္အတြင္း မဲဆြယ္ ေဟာေျပာပြဲက်င္းပရန္ ေနရာ အခက္အခဲရိွခဲ့ၿပီး ေဟာေျပာပဲြ မက်င္းပမီတစ္ရက္အလိုတြင္ ခႏီၲးၿမိဳ႕နယ္ အားကစားကြင္းကုိ အ သံုးျပဳခြင့္ေပးခဲ့ျခင္းျဖစ္သည္
http://www.7daydaily.com/story/49271
............................................
ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်ဟောပြောပွဲအတွက် အားကစားကွင်းအသုံးပြုခွင့်ပေးသည့် အားကာမှူး စုံခုံဖွဲ့စစ်ဆေးခံရ

Byမောင်တာOn  Fri, 2015-10-23 06:30Locationမန္တလေးIssue No.No.895 Friday, October 23, 2015

စက်တင်ဘာ ၂၅ ရက်က ခန္တီးမြို့နယ် အားကစားကွင်း၌ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်ဟောပြောနေမှုကို လာရောက်နားထောင်နေသော ဒေသခံပြည်သူများ (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်၏ မဲဆွယ်စည်းရုံးဟော ပြောပွဲအတွက် မြို့နယ်အားက စားကွင်းကို အသုံးပြုခွင့်ပေးခဲ့ သည့် ခန္တီးမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်ဦး စီးမှူးကို စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ရှိသူများက စုံခုံဖွဲ့စစ်ဆေး နေကြောင်း သတင်းရရှိသည်။

ခန္တီးမြို့နယ် အားကစားကွင်း ကို ဒေါ်အောင်ဆန်းစုကြည်ဟောပြောပွဲအတွက် အသုံးပြုခွင့်ပေးခဲ့ ရာတွင် ခြံစည်းရိုးပျက်စီးသည်ဟူ သောအကြောင်းပြချက်ဖြင့် ခန္တီးမြို့နယ် အားကာမှူး ဦးဝင်းမင်း ဇော်ကို စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ညွှန်ကြားရေးမှူး ဦး ဆောင်၍ လွှတ်တော်အတွင်းရေး မှူးနှင့် တိုင်းဒေသကြီး အားကစား နှင့် ကာယပညာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးပါ၀င်သည့် စုံခုံအဖွဲ့က အောက်တိုဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ခန္တီးခရိုင်ထွေအုပ်ရုံးသို့ ခေါ်ယူစစ်ဆေးခဲ့ခြင်း ဖြစ်သည်။‘‘ဟောပြောပွဲ ပြုလုပ်ချိန်မှာ ခြံစည်းရိုးပျက်စီးခဲ့တဲ့အတွက် ဆိုပြီးလာစစ်တာဖြစ်ပါတယ်။ ဘယ် လိုခွင့်ပြုချက် တောင်းခံခဲ့သလဲ။ ဘယ်လိုခွင့်ပြုပေးခဲ့သလဲ။ မြို့နယ်အဆင့်နဲ့ ခွင့်ပြုပေးလို့ရသ လားပေါ့။ အဲဒါတွေစစ်ပါတယ်။ အခုတော့ စစ်ချက်တွေ ယူပြီး ပြန်သွားကြပြီ။ ဘယ်လိုအဖြေထွက် လာမလဲဆိုတာတော့ မသိရသေး ပါဘူး’’ဟု စုံခုံဖွဲ့စစ်ဆေးခံရသည့် ခန္တီးမြို့နယ်အားကာမှူးက ပြော သည်။

စက်တင်ဘာ ၂၅ ရက်က လာရောက်ခဲ့သည့် ဒေါ်အောင် ဆန်းစုကြည်၏ မဲဆွယ်ဟောပြော ပွဲခရီးစဉ်အတွက် ခန္တီးမြို့နယ် အားကစားကွင်းကို အသုံးပြုခဲ့ ရာတွင် ခြံစည်းရိုးဖျက်ကာ အဝင် အထွက်ပြုလုပ်ခဲ့ခြင်းကို မတား မြစ်ခဲ့သည့်အပေါ် စုံခုံဖွဲ့စစ်ဆေး ခံရခြင်းဖြစ်ပြီး ၀န်ထမ်းစည်းကမ်း များနှင့် အညီဆောင်ရွက်ခဲ့ခြင်း ရှိ၊ မရှိနှင့် ၀န်ကြီးဌာန၏ ညွှန် ကြားချက်များအပေါ် ကျော်လွန် လုပ်ဆောင်ခဲ့ခြင်းရှိ၊ မရှိစစ်ဆေး ခြင်းဖြစ်သည်ဟု ခန္တီးမြို့နယ် အားကာမှူးက ပြောသည်။

ခန္တီးမြို့နယ်အားကစားကွင်း တွင် ဂိတ်ပေါက်နှစ်ခုရှိပြီး ဂိတ် ပေါက်တစ်ခုမှာ ကားအဝင်အထွက် ပြုလုပ်၍မရဘဲ အခြားဂိတ်ပေါက်တစ်ခုမှာလည်း အားကစားကွင်း အလယ်မှ ဖြတ် သန်းသွားလာရမည်ဖြစ်၍ ဟောပြောပွဲစင်မြင့်နှင့်  နီးစပ်သည့် နေရာတွင် ခြံစည်းရိုးကို ဖယ်ရှားကာ အဝင်အထွက်ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ခန္တီးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ သတင်းရရှိသည်။

‘‘ကျွန်တော်တို့က အားက စားကွင်းခြံစည်းရိုးကို ခဏဖယ်ပြီး အဝင်အထွက်လုပ်ခဲ့တာ မှန်ပါ တယ်။ ဟောပြောပွဲပြီးတဲ့အချိန်  မှာ ပုံမှန်အတိုင်း စနစ်တကျပြန် ကာပေးခဲ့ပါတယ်။ အားကစား ကွင်းအနီးက လမ်းတွေဆိုရင် အရင်ထက် ပိုကောင်းအောင် ကျောက်ခဲတွေချပြီး လမ်းပြန်ခင်း ပေးခဲ့ပါတယ်’’ဟု ခန္တီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် ကိုအောင် ဆန်းမြင့်က ပြောသည်။

အားကစားကွင်း အသုံးပြု ခွင့်ပေးခြင်းသည် ရွေးကောက်ပွဲ ကော်မရှင်အပါအဝင် အခြားဌာန များနှင့် ဆက်စပ်လုပ်ကိုင်ရသည့် လုပ်ငန်းဖြစ်ပြီး မြို့နယ်ဦးစီးမှူး တစ်ဦးအနေဖြင့် တာဝန်ရှိသည့် အတိုင်း လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း ခန္တီးမြို့နယ် အားကာမှူး က ပြောသည်။

လက်ရှိအချိန်ထိ အမှုဖွင့်ခံရ ခြင်း၊ တရားစွဲဆိုခံရခြင်းများ မရှိ သေးသော်လည်း စုံခုံဖွဲ့စစ်ဆေးမှု အရ ၀န်ထမ်းစည်းကမ်းဖြင့် အ ရေးယူတော့မည့် အခြေအနေဖြစ် သည်ဟု ထင်မြင်မိကြောင်း ၎င်း က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခန္တီးမြို့ ခရီးစဉ်အတွင်း မဲဆွယ် ဟောပြောပွဲကျင်းပရန် နေရာ အခက်အခဲရှိခဲ့ပြီး ဟောပြောပွဲ မကျင်းပမီတစ်ရက်အလိုတွင် ခန္တီးမြို့နယ် အားကစားကွင်းကို အ သုံးပြုခွင့်ပေးခဲ့ခြင်းဖြစ်သည်

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>