Quantcast
Viewing all articles
Browse latest Browse all 13796

အစိုးရတပ္မွလက္နက္ႀကီးမ်ားပစ္ခတ္မွုေၾကာင့္ စစ္ေဘးေရွာင္မ်ားမိုင္းရွူးသို႔ထပ္ေျပးရ


 ေအာက္တိုဘာ ၂၄ ရက္ ၂၀၁၅

 သၽွမ္းျပည္ေတာင္ပိုင္း မိုင္းေနာင္၊ မိုင္းရွူးၿမိဳ႕နယ္အတြင္းရွိ တပ္စခန္းသုံးခုမွ အစိုးရ တပ္က ေလးဘက္ ေလးတန္သို႔ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ ရာေက်းရြာအတြင္း လက္နက္ႀကီး မ်ားက်ေရာက္ေသာေၾကာင့္ ရြာသူရြာသား မ်ား မိုင္းရွူးသို႔ ထပ္မံ ထြက္ ေျပးတိမ္းေရွာင္ေနေၾကာင္း ၾကားသိ ရသည္။

အစိုးရတပ္အေျခစိုက္သည့္ လြယ္က်ဴေမာက္ေခါဝ္၊ နမ့္မြန္း၊ ဝိန္းေကာဝ္ တပ္စခန္းႀကီး မ်ားမွ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ေသာေၾကာင့္ ဟိုင္းပါ ဘုန္းႀကီးေက်ာင္း ႏွင့္ ဝမ္ ေဆာ့သို႔ ဒုကၡသည္ မ်ားထပ္မံေရာက္ရွိလာ သည္ဟုသိရသည္။

လြယ္ေဖြး၊ ေနာင္လၽွံ၊ ကုန္းက်ိဳင္း၊ ဝမ့္ေလြ၊ ဝမ့္ေဆာ့ ရြာမ်ားအတြင္းႏွင့္ အနီးအနားသို႔ လက္နက္ႀကီး ၃၆ လုံးက်ခဲ့ေၾကာင္း၊ လက္နက္ႀကီးေၾကာင့္ အဆိုပါရြာသူရြာသားမ်ား အသက္လု ထြက္ေျပးခဲ့ရေၾကာင္း ဝမ့္ေဆာ့ေရာက္ စစ္ေဘးဒုကၡသည္ အခ်ိဳ႕လည္း ထိပ္ လန႔္ကာ မိုင္းရွဴးၿမိဳ႕သို႔ ထပ္မံတိမ္းေ ရွာင္သူ မ်ားလာေၾကာင္း မိုင္းရွူးေရာက္ဒုကၡသည္ တဦးက ဤသို႔ေျပာသည္။

“က်ေနာ္တို႔လဲ လန႔္တာေပါ့။ ဝမ့္ေဆာ့ကို ထြက္ေျပးလာတဲ့သူေ တြ ေျပာတာေ တာ့ ဝမ့္ေဖြးမွာ ၃ လုံး၊ ေနာင္လၽွံမွာ ၃ လုံး၊ ကြန္က်ိဳင္း မွာ ၄ လုံး၊ ဝမ့္ေလြ ဘုန္းႀကီး ေက်ာင္း မွာ ၇ လုံး၊ ဝမ့္ေလြရြာနဲ႔အနီး အနားမွာ ၂၀ လုံး အဲဒါ က်ေနာ္ တေယာက္ၿပီး တေယာက္ ေမးၿပီး သိလာတာ။ မြန္းလြဲပိုင္းက ဝမ့္ ေဆာ့နား နမ့္ပါမုန္းမွာ တိုက္ပြဲသံ ထပ္ၾကားရ ေတာ့ က်ေနာ္တို႔ခိုေနတဲ့ ဝမ္ေဆာ့မွာလဲ လုံျခဳံမွု မရွိ ေတာ့ဘူး။ လက္နက္ႀကီးနဲ႔ တိုက္ ခိုက္ရင္ ဘယ္လိုလုပ္မလဲ။ စိုးရိမ္လို႔ ၿမိဳ႕ကို တက္လာတာ” - ဟု မိုင္းရွူးၿမိဳ႕ နီးစပ္သည့္ အမ်ိဳးအိမ္၌ သြားေရာက္ခိုလုံေနသူ စိုင္းေဇယ ကေျပာသည္။

ဝမ့္ေဆာ့ရွိ ဒုကၡသည္ ေထာင္ေက်ာ္ထဲက မိုင္းရွူးၿမိဳ႕သို႔ ထြက္ေျပးတိမ္း သူမ်ားရွိသကဲ့သို႔ ဝမ့္ေဆာ့သို႔ ထပ္မံေရာက္ရွိလာသည့္ စစ္ေဘးေရွာင္ ဒုကၡသည္မ်ားလည္း ရာဂဏန္းရွိ ေၾကာင္းေျပာသည္။

“အခု ရပ္ကြက္ ၄ က ေက်ာင္းစန္း ေက်ာင္းတိုက္မွာ ဒုကၡသည္ေတြ အမ်ား ႀကီး ေရာက္ လာတယ္။ ေထာ္လာဂ်ီေတြနဲ႔ သူတို႔အခ်င္းခ်င္း ေခါက္တုန႔္ေ ခါက္ျပန္ သယ္လာၾက တယ္။ ဒီ မြန္းတည့္အထိ ၁၀၀ ေက်ာ္သြားၿပီ၊ အဲဒီေက်ာင္းတိုက္ ဝင္းအတြင္းမွာဘဲ” - ဟု အမွတ္ ၄ ရပ္ကြက္သူ နန္းကြန္ငင္း ကေျပာသည္။

“ဒီေန႔ က်မ တို႔ ဟိုင္းပါ မွာ ရွိတဲ့ ဒုကၡသည္ကို သြားကူညီေထာက္ပံ့ မလို႔။ ေရာက္ခါနီးမွာ တိုက္ပြဲ ျဖစ္ေနတယ္ဆိုလို႔ သြားခြင့္မရဘဲ ျပန္ လာလိုက္ရတယ္” - ကူညီေရးအဖြဲ႕မွာ ပါဝင္တဲ့ မိုင္းရွူးၿမိဳ႕သူ နန္းေယ့လူကေျပာသည္။

ေအာက္တိုဘာ ၆ ရက္ေန႔မွ စ၍ အစိုးရတပ္မေတာ္မွ သၽွမ္းျပည္တပ္မေ တာ္အား ထိုး စစ္ဆင္ တိုက္ခိုက္ေသာေၾကာင့္ တိုက္ပြဲ ေပါင္း ၄၀ ျဖစ္ေ ၾကာင္း၊ ေန႔စဥ္ေန႔တိုင္း ပစ္ခတ္တို္က္ခိုက္မွု ရွိေနေၾကာင္း ယေန႔လည္း ကုန္းနင္ရြာအနီးတြင္ တေန႔လုံးပစ္ခတ္ တိုက္ခိုက္ေနေၾကာင္း သၽွမ္းျပည္ တပ္မေတာ္ ေျပာခြင့္ရ ဗိုလ္မွူးစိုင္းလ ကေျပာသည္။

သၽွမ္းျပည္တပ္မေတာ္ ႏွင့္ ျမန္မာအစိုးရ တို႔သည္ ျပည္ေထာင္စု အဆင့္ၿငိမ္းခ်မ္းေရး လက္မွတ္ ေရးထိုးထားသည့္တပ္ဖြဲ႕ျဖစ္သည္။

ဓါတ္ပုံ- ရြာတြင္းသုိ့ လက္နက္ၾကီးက်သျဖင့္ မုိင္းရွဴးသုိ့ထပ္မံေရာက္ရွိလာေသာ စစ္ေျပးဒုကၡသည္မ်ား

သၽွမ္းသံေတာ္ဆင့္
https://www.facebook.com/Panglong.burmese
........................

 အောက်တိုဘာ ၂၄ ရက် ၂၀၁၅

 သျှမ်းပြည်တောင်ပိုင်း မိုင်းနောင်၊ မိုင်းရှူးမြို့နယ်အတွင်းရှိ တပ်စခန်းသုံးခုမှ အစိုးရ တပ်က လေးဘက် လေးတန်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ် ရာကျေးရွာအတွင်း လက်နက်ကြီး များကျရောက်သောကြောင့် ရွာသူရွာသား များ မိုင်းရှူးသို့ ထပ်မံ ထွက် ပြေးတိမ်းရှောင်နေကြောင်း ကြားသိ ရသည်။

အစိုးရတပ်အခြေစိုက်သည့် လွယ်ကျူမောက်ခေါဝ်၊ နမ့်မွန်း၊ ဝိန်းကောဝ် တပ်စခန်းကြီး များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ဟိုင်းပါ ဘုန်းကြီးကျောင်း နှင့် ဝမ် ဆော့သို့ ဒုက္ခသည် များထပ်မံရောက်ရှိလာ သည်ဟုသိရသည်။

လွယ်ဖွေး၊ နောင်လျှံ၊ ကုန်းကျိုင်း၊ ဝမ့်လွေ၊ ဝမ့်ဆော့ ရွာများအတွင်းနှင့် အနီးအနားသို့ လက်နက်ကြီး ၃၆ လုံးကျခဲ့ကြောင်း၊ လက်နက်ကြီးကြောင့် အဆိုပါရွာသူရွာသားများ အသက်လု ထွက်ပြေးခဲ့ရကြောင်း ဝမ့်ဆော့ရောက် စစ်ဘေးဒုက္ခသည် အချို့လည်း ထိပ် လန့်ကာ မိုင်းရှူးမြို့သို့ ထပ်မံတိမ်းေ ရှာင်သူ များလာကြောင်း မိုင်းရှူးရောက်ဒုက္ခသည် တဦးက ဤသို့ပြောသည်။

“ကျနော်တို့လဲ လန့်တာပေါ့။ ဝမ့်ဆော့ကို ထွက်ပြေးလာတဲ့သူေ တွ ပြောတာေ တာ့ ဝမ့်ဖွေးမှာ ၃ လုံး၊ နောင်လျှံမှာ ၃ လုံး၊ ကွန်ကျိုင်း မှာ ၄ လုံး၊ ဝမ့်လွေ ဘုန်းကြီး ကျောင်း မှာ ရ လုံး၊ ဝမ့်လွေရွာနဲ့အနီး အနားမှာ ၂၀ လုံး အဲဒါ ကျနော် တယောက်ပြီး တယောက် မေးပြီး သိလာတာ။ မွန်းလွဲပိုင်းက ဝမ့် ဆော့နား နမ့်ပါမုန်းမှာ တိုက်ပွဲသံ ထပ်ကြားရ တော့ ကျနော်တို့ခိုနေတဲ့ ဝမ်ဆော့မှာလဲ လုံခြုံမှု မရှိ တော့ဘူး။ လက်နက်ကြီးနဲ့ တိုက် ခိုက်ရင် ဘယ်လိုလုပ်မလဲ။ စိုးရိမ်လို့ မြို့ကို တက်လာတာ” - ဟု မိုင်းရှူးမြို့ နီးစပ်သည့် အမျိုးအိမ်၌ သွားရောက်ခိုလုံနေသူ စိုင်းဇေယ ကပြောသည်။

ဝမ့်ဆော့ရှိ ဒုက္ခသည် ထောင်ကျော်ထဲက မိုင်းရှူးမြို့သို့ ထွက်ပြေးတိမ်း သူများရှိသကဲ့သို့ ဝမ့်ဆော့သို့ ထပ်မံရောက်ရှိလာသည့် စစ်ဘေးရှောင် ဒုက္ခသည်များလည်း ရာဂဏန်းရှိ ကြောင်းပြောသည်။

“အခု ရပ်ကွက် ၄ က ကျောင်းစန်း ကျောင်းတိုက်မှာ ဒုက္ခသည်တွေ အများ ကြီး ရောက် လာတယ်။ ထော်လာဂျီတွေနဲ့ သူတို့အချင်းချင်း ခေါက်တုန့်ေ ခါက်ပြန် သယ်လာကြ တယ်။ ဒီ မွန်းတည့်အထိ ၁၀၀ ကျော်သွားပြီ၊ အဲဒီကျောင်းတိုက် ဝင်းအတွင်းမှာဘဲ” - ဟု အမှတ် ၄ ရပ်ကွက်သူ နန်းကွန်ငင်း ကပြောသည်။

“ဒီနေ့ ကျမ တို့ ဟိုင်းပါ မှာ ရှိတဲ့ ဒုက္ခသည်ကို သွားကူညီထောက်ပံ့ မလို့။ ရောက်ခါနီးမှာ တိုက်ပွဲ ဖြစ်နေတယ်ဆိုလို့ သွားခွင့်မရဘဲ ပြန် လာလိုက်ရတယ်” - ကူညီရေးအဖွဲ့မှာ ပါဝင်တဲ့ မိုင်းရှူးမြို့သူ နန်းယေ့လူကပြောသည်။

အောက်တိုဘာ ၆ ရက်နေ့မှ စ၍ အစိုးရတပ်မတော်မှ သျှမ်းပြည်တပ်မေ တာ်အား ထိုး စစ်ဆင် တိုက်ခိုက်သောကြောင့် တိုက်ပွဲ ပေါင်း ၄၀ ဖြစ်ေ ကြာင်း၊ နေ့စဉ်နေ့တိုင်း ပစ်ခတ်တို်က်ခိုက်မှု ရှိနေကြောင်း ယနေ့လည်း ကုန်းနင်ရွာအနီးတွင် တနေ့လုံးပစ်ခတ် တိုက်ခိုက်နေကြောင်း သျှမ်းပြည် တပ်မတော် ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ ကပြောသည်။

သျှမ်းပြည်တပ်မတော် နှင့် မြန်မာအစိုးရ တို့သည် ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးထားသည့်တပ်ဖွဲ့ဖြစ်သည်။

ဓါတ်ပုံ- ရွာတွင်းသို့ လက်နက်ကြီးကျသဖြင့် မိုင်းရှူးသို့ထပ်မံရောက်ရှိလာသော စစ်ပြေးဒုက္ခသည်များ

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>