ရန်ကုန် အောက်တိုဘာ ၂၅
အောက်တိုဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်က သမိုင်းဘူတာရုံအနီးရထားလမ်းခုံးကျော်ကားလမ်း၏ အနောက်မှ အရှေ့သွားယာဉ်တန်းများအကြား ငွေတောင်း ရမ်းနေသော ကလေးအုပ်စုကို မြင်တွေ့ခဲ့ရသည်ဟု မြောက်ဥက္ကလာသွား ဒိုင်နာယာဉ်စီးခရီးသည် ဦးမြသန်း က ပြောသည်။
အလားတူ တုတ်ကိုင်အဘွားအိုတစ်ဦးကိုလည်း ယင်းနေရာနှင့်မလှမ်းမကမ်းတွင် ထပ်မံမြင်တွေ့ရသည်။ အုပ်စုလိုက် ငွေတောင်းရမ်းနေသော ကလေးအုပ်စုကို ယင်းခုံးကျော်ကားလမ်းပေါ်တွင် မကြာခဏ မြင်တွေ့နေရ သည်ဟု ဘုရင်နောင်ပွဲရုံကို အလုပ်လာရောက်လုပ်ကိုင်သူ မြောက်ဥက္ကလာပမြို့နယ်နေသူတစ်ဦးက ပြောသည်။
ရန်ကုန်မြို့တွင်း ကားလမ်းမများပေါ်တွင်သာ ယာဉ်တိုက်မှုများ မကြာခဏဖြစ်ပွားပြီး လမ်းဖြတ်ကူး သူအချို့ သေဆုံးမှုများရှိတတ်သည်။ ယင်းကဲ့သို့ ကား လမ်းမပေါ်ယာဉ်တန်းများအကြား လှည့်လည်တောင်း ရမ်းနေသည့် ကလေးသူငယ်အုပ်စုအနေဖြင့် ယာဉ် အန္တရာယ်စိုးရိမ်ရသကဲ့သို့ ကားလမ်းများပေါ်မောင်းနှင်နေ သော ယာဉ်မောင်းများအနေဖြင့်လည်း အထူးသတိထား မောင်းနှင်ရသည်။ အလားတူ ရန်ကုန်မြို့တွင်း ဘုန်းကြီး လမ်း စံပြရုပ်ရှင်ရုံအနီးတစ်ဝိုက်တွင် ညနေပိုင်းအုပ်စုလိုက် ငွေတောင်းရမ်းနေသော ကလေးသူငယ်များ ကားလမ်း ပေါ်သို့ လက်လွတ်စပယ် ဖြတ်သန်းနေခြင်းကို မကြာခဏ မြင်တွေ့နေရသည်ဟု တက္ကစီယာဉ်မောင်းတစ်ဦးက ပြောသည်။
ယင်းကဲ့သို့ ကားလမ်းမပေါ် တက်ရောက်ငွေလှည့် လည်တောင်းခံသည့်မြင်ကွင်းသည် ယာဉ်အန္တရာယ် အတွက် စိုးရိမ်ရရုံသာမက နှစ်စဉ်တိုးတက်များပြားလာသော ပြည်ပခရီးသွားအများအပြားဝင်ရောက်လာသည့် ယခုကာလတွင် တိုင်းပြည်အတွက် မကောင်းသောပုံရိပ် များအဖြစ် မှတ်တမ်းတင်သွားမည်ကိုပါ စိုးရိမ်ရသည်။ သို့ဖြစ်ပါ၍ ယင်းကဲ့သို့ ကားလမ်းမပေါ် တက်ရောက်ပြီး တောင်းရမ်းနေသော ကလေးသူငယ်အုပ်စုများနှင့် သက်ကြီးရွယ်အိုများကို တားဆီးပေးသင့်သည်ဟု မငယ်က ပြောသည်။
(မောင်စေအောင်)
#MOI
...................
ကားတန်းမ်ားအကြားအုပ္စုလိုက်ငြေတာင်းရမ်ျးခင်းကြောင့် ယာဉ်အန္တရာယ္စိုးရိမ်ရ
ရန္ကုန် အောက္တိုဘာ ၂၅
အောက္တိုဘာ ၂၄ ရက် မြန်းလြဲ ၂ နာရီဝန်းက်င္က သမိုင်းဘူတာရုံအနီးရထားလမ်းခုံးကေ်္ကာားလမ်း၏ အေနာက္မွ အေရွ့သြားယာဥ္တန်းမ်ားအကြား ငြေတာင်း ရမ်းနေသာ ကေလးအုပ္စုကျိုမင်တြေ့ခဲ့ရသည်ဟုျေမာက်ဥက္ကလာသြား ဒိုင္နာယာဉ္စီးခရီးသည် ဦျးမသန်း ကျေပာသည်။
အလားတူ တုတ္ကိုင်အဘြားအိုတစ်ဦးကိုလည်း ယင်းနေရာနွင့်မလွမ်းမကမ်းတြင် ထပ္မျံမင်တြေ့ရသည်။ အုပ္စုလိုက် ငြေတာင်းရမ်းနေသာ ကေလးအုပ္စုကို ယင်းခုံးကေ်္ကာားလမ်းပေါ်တြင် မကြာခဏျမင်တြေ့နေရ သည်ဟု ဘုရင်နောင္ပြဲရုံကို အလုပ္လာရောက္လုပ္ကိုင်သူျေမာက်ဥက္ကလာပမြို့နယ်နေသူတစ်ဦးကျေပာသည်။
ရန္ကုန်မြို့တြင်း ကားလမ်းမမ်ားပေါ်တြင်သာ ယာဥ္တိုက္မှုမ်ား မကြာခဏျဖစ္ပြားပြီး လမ်ျးဖတ္ကူး သူအခို့ သေဆုံးမှုမ်ားရွိတတ်သည်။ ယင်းကဲ့သို့ ကား လမ်းမေပ်ါယာဥ္တန်းမ်ားအကြား လွည့်လည်တောင်း ရမ်းနေသည့် ကေလးသူငယ်အုပ္စုအေနျဖင့် ယာဉ် အန္တရာယ္စိုးရိမ်ရသကဲ့သို့ ကားလမ်းမ်ားပေါ်မောင်းနွင်နေ သော ယာဉ်မောင်းမ်ားအေနျဖင့်လည်း အထူးသတိထား မောင်းနွင်ရသည်။ အလားတူ ရန္ကုန်မြို့တြင်း ဘုန်းကြီး လမ်း ဈံပရုပ်ရွင်ရုံအနီးတစ်ဝိုက္တြင် ညေနပိုင်းအုပ္စုလိုက် ငြေတာင်းရမ်းနေသာ ကေလးသူငယ္မ်ား ကားလမ်း ပေါ်သို့ လက္လြတ္စပယ်ျဖတ်သန်းနျေခင်းကို မကြာခဏျမင်တြေ့နေရသည်ဟု တက္ကစီယာဉ်မောင်းတစ်ဦးကျေပာသည်။
ယင်းကဲ့သို့ ကားလမ်းမေပါ် တက်ရောက်ငြေလွည့် လည်တောင်းခံသည့်ျမင္ကြင်းသည် ယာဉ်အန္တရာယ် အတြက် စိုးရိမ်ရရုံသာမက နွစ္စဥ္တိုးတက္မ်ာျးပားလာသျောပည္ပခရီးသြားအမ်ားအျပားဝင်ရောက္လာသည့် ယခုကာလတြင် တိုင်ျးပည်အတြက် မေကာင်းသောပုံရိပ် မ်ားအျဖစ် မွတ္တမ်းတင်ြသားမည္ကိုပါ စိုးရိမ်ရသည်။ သိျု့ဖစ္ပါ၍ ယင်းကဲ့သို့ ကားလမ်းမေပါ် တက်ရောက်ပြီး တောင်းရမ်းနေသာ ကေလးသူငယ်အုပ္စုမ်ားနွင့် သက်ကြီးရြယ်အိုမ်ားကို တားဆီးပေးသင့်သည်ဟု မငယ္ကျေပာသည်။
(မောင်စေအာင်)