မဇၩိမ ေရြးေကာက္ပြဲ အထူးက႑ အနယ္နယ္မွ ေရြးေကာက္ပြဲ သတင္းမ်ား
မဇၥ်ိမ/ DMGPhoto - Mizzima/ DMG
ေအာက္တိုဘာ ၂၆ ရက္ ။ ။ ရခိုင္ျပည္နယ္ ျပည္ေထာင္စုႀကံ႕ခုိင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ ဥကၠဌ ဦးေမာင္ေမာင္အုန္းမွ ရခိုင္ျပည္နယ္ေကာင္းမွ ႏိုင္ငံေတာ္ေကာင္းမည္ျဖစ္ၿပီး ရခိုင္ျပည္နယ္တည္ၿငိမ္မွ ႏိုင္ငံေတာ္တည္ၿငိမ္မည္ဟု မဲဆြဲေဟာေျပာလိုက္သည္။
ေျမာက္ဦးၿမိဳ႕၊ နန္းရာကုန္းရင္ျပင္၌ ေအာက္တိုဘာလ ၂၆ ရက္ေန႔က မဲဆြယ္ေဟာေျပာပြဲစဥ္ ဦးေမာင္ေမာင္အုန္းမွ ယေန႔ ရခိုင္ျပည္၏အေရးမွာ အလြန္အေရးႀကီးၿပီး ႏုိင္ငံေတာ္၏ အေရးပင္ျဖစ္ေၾကာင္းႏွင့္ ရခိုင့္အေရးသည္ ႏုိင္ငံေတာ္၏ ႏွလံုးသားထဲတြင္ စူးဝင္ေနေသာ ဆူးတစ္ေခ်ာင္း ျဖစ္သည္ဟုဆိုသည္။
“ဟိုဘက္မွာ ႏိုင္ငံေတာ္က ဘယ္ေလာက္ပဲ တည္ၿငိမ္တိုးတက္ေနေသာ္ျငားလည္း ရခိုင္ျပည္နယ္ မတည္ၿငိမ္ မတိုးတက္ရင္ ႏိုင္ငံေတာ္ဟာလည္း မတိုးတက္ပါဘူး။” ဟု ဦးေမာင္ေမာင္အုန္းက ေျပာသည္။
ယင္းအျပင္ ျပည္နယ္ဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္ ႏုိင္ငံတကာအဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္မွသာလ်င္ ဖြံ႕ၿဖိဳးတိုးတက္လာႏုိင္မည္ျဖစ္သကဲ့သို႔ ရခိုင္တိုင္းရင္းသားမ်ားအေနျဖင့္လည္း မိမိအမ်ိဳးကို မ်က္လံုးစံုမွိတ္မခ်စ္ၾကရန္ လိုအပ္သည္ဟုလည္းဆိုသည္။
“ဒီေန႔ မိဘျပည္သူမ်ားအေနနဲ႔ ရခိုင္ျပည္နယ္ရဲ႕ အနာဂတ္ကို ဘယ္လိုမ်ား ဖန္တီးခ်င္တာလဲ။ တည္ၿငိမ္ခ်င္တာလား မတည္ခ်င္တာလား။ တိုးတက္ခ်င္တာလား။ မတိုးတက္ခ်င္တာလား ဆိုတာကို မိဘျပည္သူမ်ားစဥ္းစားဖို႔လိုတယ္။ ဒီေန႔ရခိုင္ျပည္နယ္ႀကီးဟာ သမိုင္းမွာ တစ္ခါမွ မရွိဖူးေသးတဲ့ တိုးတက္မႈေတြရွိလာတယ္။” ဟု ၄င္းကေျပာသည္။
ရခိုင္တိုင္းရင္းသားမ်ားျဖစ္သည့္တြက္ ရခိုင္ပါတီကို မဲေပးျခင္းမွာ သဘာဝက်ၿပီး မိမိတို႔ ရခိုင္ျပည္နယ္ျပည္ခိုင္ၿဖိဳး ပါတီဝင္မ်ားသည္လည္း ရခိုင္သားမ်ားျဖစ္ကာ ရခုိင္ျပည္နယ္၏ အက်ိဳးစီးအတြက္သာ လုပ္ေဆာင္ေနၾကျခင္း ျဖစ္ေၾကာင္းလည္း ဆက္လက္ေျပာဆိုသည္။
ဦးေမာင္ေမာင္အုန္းသည္ အမ္းၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ (၁) မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ဝင္ေရာက္ ယွဥ္ၿပိဳင္သြားမည္ျဖစ္ကာ ျပည္နယ္ဝန္ႀကီးခ်ဳပ္အျဖစ္မွ အၿငိမ္းစားယူထားသူ စစ္တပ္ဗိုလ္ခ်ဳပ္ေဟာင္းတစ္ဦးျဖစ္သည္။
- See more at: http://mizzimaburmese.com/article/6554#sthash.EgsCSKP1.e9v7YzCM.dpuf
...............
ရခိုင်ပြည်နယ်ကောင်းမှ နိုင်ငံတော်ကောင်းမည်ဟု ဦးမောင်မောင်အုန်း ဟောပြောစည်းရုံး
မဇ္ဈိမ ရွေးကောက်ပွဲ အထူးကဏ္ဍ အနယ်နယ်မှ ရွေးကောက်ပွဲ သတင်းများ
မဇ္စျိမ/ DMG
50 minutes 13 seconds ago Mon, 10/26/2015 - 19:32
Hits: 187 times
Photo - Mizzima/ DMG
အောက်တိုဘာ ၂၆ ရက် ။ ။ ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးမောင်မောင်အုန်းမှ ရခိုင်ပြည်နယ်ကောင်းမှ နိုင်ငံတော်ကောင်းမည်ဖြစ်ပြီး ရခိုင်ပြည်နယ်တည်ငြိမ်မှ နိုင်ငံတော်တည်ငြိမ်မည်ဟု မဲဆွဲဟောပြောလိုက်သည်။
မြောက်ဦးမြို့၊ နန်းရာကုန်းရင်ပြင်၌ အောက်တိုဘာလ ၂၆ ရက်နေ့က မဲဆွယ်ဟောပြောပွဲစဉ် ဦးမောင်မောင်အုန်းမှ ယနေ့ ရခိုင်ပြည်၏အရေးမှာ အလွန်အရေးကြီးပြီး နိုင်ငံတော်၏ အရေးပင်ဖြစ်ကြောင်းနှင့် ရခိုင့်အရေးသည် နိုင်ငံတော်၏ နှလုံးသားထဲတွင် စူးဝင်နေသော ဆူးတစ်ချောင်း ဖြစ်သည်ဟုဆိုသည်။
“ဟိုဘက်မှာ နိုင်ငံတော်က ဘယ်လောက်ပဲ တည်ငြိမ်တိုးတက်နေသော်ငြားလည်း ရခိုင်ပြည်နယ် မတည်ငြိမ် မတိုးတက်ရင် နိုင်ငံတော်ဟာလည်း မတိုးတက်ပါဘူး။” ဟု ဦးမောင်မောင်အုန်းက ပြောသည်။
ယင်းအပြင် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှသာလျင် ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်သကဲ့သို့ ရခိုင်တိုင်းရင်းသားများအနေဖြင့်လည်း မိမိအမျိုးကို မျက်လုံးစုံမှိတ်မချစ်ကြရန် လိုအပ်သည်ဟုလည်းဆိုသည်။
“ဒီနေ့ မိဘပြည်သူများအနေနဲ့ ရခိုင်ပြည်နယ်ရဲ့ အနာဂတ်ကို ဘယ်လိုများ ဖန်တီးချင်တာလဲ။ တည်ငြိမ်ချင်တာလား မတည်ချင်တာလား။ တိုးတက်ချင်တာလား။ မတိုးတက်ချင်တာလား ဆိုတာကို မိဘပြည်သူများစဉ်းစားဖို့လိုတယ်။ ဒီနေ့ရခိုင်ပြည်နယ်ကြီးဟာ သမိုင်းမှာ တစ်ခါမှ မရှိဖူးသေးတဲ့ တိုးတက်မှုတွေရှိလာတယ်။” ဟု ၄င်းကပြောသည်။
ရခိုင်တိုင်းရင်းသားများဖြစ်သည့်တွက် ရခိုင်ပါတီကို မဲပေးခြင်းမှာ သဘာဝကျပြီး မိမိတို့ ရခိုင်ပြည်နယ်ပြည်ခိုင်ဖြိုး ပါတီဝင်များသည်လည်း ရခိုင်သားများဖြစ်ကာ ရခိုင်ပြည်နယ်၏ အကျိုးစီးအတွက်သာ လုပ်ဆောင်နေကြခြင်း ဖြစ်ကြောင်းလည်း ဆက်လက်ပြောဆိုသည်။
ဦးမောင်မောင်အုန်းသည် အမ်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကာ ပြည်နယ်ဝန်ကြီးချုပ်အဖြစ်မှ အငြိမ်းစားယူထားသူ စစ်တပ်ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်သည်။
- See more at: http://mizzimaburmese.com/article/6554#sthash.EgsCSKP1.e9v7YzCM.dpuf