ပါကစၥတန္ ႏုိင္ငံမွာ ျပင္းအား ၇ ဒသမ ၈ မဂၢနီက်ဴရွိ ငလ်င္လႈပ္ခတ္ခဲ့။ |
အာဖဂနစၥတန္ ေျမာက္ပိုင္း လူေနက်ဲတဲ႔ Badakhshan ခရိုင္မွာ ငလ်င္ လႈပ္ခတ္ၿပီးေနာက္ပိုင္း တံု႔ျပန္ကယ္ဆယ္ေရးနဲ႔ အပ်က္အစီး အေျခအေနေတြကို သိရဖို႔ အတြက္ ပါကစၥတန္ ၀န္ႀကီးခ်ဳပ္က အဆင့္ျမင့္ အရာရွိႀကီးမ်ား အစည္းအေ၀း က်င္းပခဲ႔တာ ျဖစ္ပါတယ္။ ငလ်င္ေၾကာင့္ ပါကစၥတန္နဲ႔ အာဖဂနစၥတန္တို႔မွာ လူေပါင္း ၃၅၀ နီးပါး ေသဆံုးၿပီး ၂ ေထာင္ေက်ာ္ ထိခုိက္ဒဏ္ရာရခဲ႔ပါတယ္။
ပါကစၥတန္ အေနာက္ေျမာက္ပိုင္းက Khyber Pakhtunkhwa ခရိုင္ အတြင္းမွာ ငလ်င္ေၾကာင့္ ထိခုိက္ေသဆံုးမႈ အမ်ားဆံုးျဖစ္ၿပီး အနည္းဆံုး ၁၈၅ ဦး ေသဆံုးၿပီး ၁၄၅၀ တို႔ ဒဏ္ရာရခဲ႔တယ္လို႔ တာ၀န္ရွိသူေတြက အတည္ျပဳထားပါတယ္။ ႏုိင္ငံရဲ႕ လူမ်ိဳးစုေဒသမွာလည္း လူ ၃၀ တို႔ ေသဆံုးခဲ႔ရပါတယ္။
ပါကစၥတန္ စစ္တပ္ဘက္ကေရာ အရပ္ဘက္ အကူအညီေပးေရး အဖြဲ႔ေတြပါ ငလ်င္ဒဏ္သင့္တဲ႔ ေဒသေတြကို ရဟတ္ယာဥ္ေတြ၊ မိုးကာတဲေတြ၊ ေစာင္ေတြနဲ႔ အစားအေသာက္ေတြကို ဒီကေန႔မွာ ပို႔ေဆာင္ေပးေနၾကပါတယ္။
တာလီဘန္ သူပုန္တို႔ကလည္း ငလ်င္ကယ္ဆယ္ေရး အတြက္ အကူအညီေပးေရး အဖြဲ႔ေတြ အေနနဲ႔ ကူညီကယ္ဆယ္ေရး လုပ္ငန္းေတြကို ဆိုင္းငံ႔ျခင္း မရွိဘဲ လုပ္ေဆာင္ၾကဖို႔ ေၾကညာခ်က္ ထုတ္ျပန္ ေျပာဆိုသလို တာလီဘန္ တုိက္ခိုက္ေရး သမားေတြကလည္း ငလ်င္ဒဏ္ခံစားခဲ႔ရသူေတြကို အကူအညီေတြ ေရာက္ရွိေစေရး ကူညီေပၾကဖို႔ ညႊန္ၾကားထားပါတယ္။
အာဖဂနစၥတန္ မွာေတာ့ ငလ်င္ေၾကာင့္ လူေပါင္း ၇၆ ဦး ေသဆံုးၿပီး ၂၆၈ ဦးတို႔ ထိခိုက္ဒဏ္ရာရခဲ႔ၿပီး ေသဆံုးဒဏ္ရာရမႈ အေရအတြက္ တိုးလာႏုိင္တယ္လို႔ အာဖဂန္ အစိုးရ အဖြဲ႔ အႀကီးအကဲ Abdullah Abdullah က ဒီကေန႔မွာဘဲ ေျပာဆိုထားပါတယ္။
ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
..........................
ပါကစ္စတန် နိုင်ငံမှာ ပြင်းအား ရ ဒသမ ၈ မဂ္ဂနီကျူရှိ ငလျင်လှုပ်ခတ်ခဲ့။
ပါကစ္စတန် နိုင်ငံမှာ မနေ့ တနလာင်္နေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ရ ဒသမ ၈ မဂ္ဂနီကျူရှိ ငလျင်ကြောင့် ထိခိုက်ခဲ့ရသူတွေကို အစိုးရဘက်က အစွမ်းကုန် ကူညီလုပ်ဆောင်ပေးသွားမှာ ဖြစ်ပြီး အာဏာပိုင်တို့ဘက်က အလုံးစုံ လေ့လာ ဆန်းစစ်ပြီးနောက်မှာ ကယ်ဆယ်ရေး အစီအစဉ်ကို ကြေညာမယ်လို့ ဒီကနေ့မှာဘဲ ပါကစ္စတန် ၀န်ကြီးချုပ် Nawaz Sharif က ပြောဆိုလိုက်ပါတယ်။
အာဖဂနစ္စတန် မြောက်ပိုင်း လူနေကျဲတဲ့ Badakhshan ခရိုင်မှာ ငလျင် လှုပ်ခတ်ပြီးနောက်ပိုင်း တုံ့ပြန်ကယ်ဆယ်ရေးနဲ့ အပျက်အစီး အခြေအနေတွေကို သိရဖို့ အတွက် ပါကစ္စတန် ၀န်ကြီးချုပ်က အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ငလျင်ကြောင့် ပါကစ္စတန်နဲ့ အာဖဂနစ္စတန်တို့မှာ လူပေါင်း ၃၅၀ နီးပါး သေဆုံးပြီး ၂ ထောင်ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ပါကစ္စတန် အနောက်မြောက်ပိုင်းက Khyber Pakhtunkhwa ခရိုင် အတွင်းမှာ ငလျင်ကြောင့် ထိခိုက်သေဆုံးမှု အများဆုံးဖြစ်ပြီး အနည်းဆုံး ၁၈၅ ဦး သေဆုံးပြီး ၁၄၅၀ တို့ ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက အတည်ပြုထားပါတယ်။ နိုင်ငံရဲ့ လူမျိုးစုဒေသမှာလည်း လူ ၃၀ တို့ သေဆုံးခဲ့ရပါတယ်။
ပါကစ္စတန် စစ်တပ်ဘက်ကရော အရပ်ဘက် အကူအညီပေးရေး အဖွဲ့တွေပါ ငလျင်ဒဏ်သင့်တဲ့ ဒေသတွေကို ရဟတ်ယာဉ်တွေ၊ မိုးကာတဲတွေ၊ စောင်တွေနဲ့ အစားအသောက်တွေကို ဒီကနေ့မှာ ပို့ဆောင်ပေးနေကြပါတယ်။
တာလီဘန် သူပုန်တို့ကလည်း ငလျင်ကယ်ဆယ်ရေး အတွက် အကူအညီပေးရေး အဖွဲ့တွေ အနေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆိုင်းငံ့ခြင်း မရှိဘဲ လုပ်ဆောင်ကြဖို့ ကြေညာချက် ထုတ်ပြန် ပြောဆိုသလို တာလီဘန် တိုက်ခိုက်ရေး သမားတွေကလည်း ငလျင်ဒဏ်ခံစားခဲ့ရသူတွေကို အကူအညီတွေ ရောက်ရှိစေရေး ကူညီပေကြဖို့ ညွှန်ကြားထားပါတယ်။
အာဖဂနစ္စတန် မှာတော့ ငလျင်ကြောင့် လူပေါင်း ရ၆ ဦး သေဆုံးပြီး ၂၆၈ ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး သေဆုံးဒဏ်ရာရမှု အရေအတွက် တိုးလာနိုင်တယ်လို့ အာဖဂန် အစိုးရ အဖွဲ့ အကြီးအကဲ Abdullah Abdullah က ဒီကနေ့မှာဘဲ ပြောဆိုထားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com