ဘန်ကောက် ၊ ၂၆-၁ဝ-၂ဝ၁၅
ထိုင်းနိုင်ငံတွင် အသစ်ပြန်လည် ရေးဆွဲလျက် ရှိသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အဖြစ် ပြဋ္ဌာန်းရန် နိုင်ငံအတွင်းရှိ များစွာသော ဗုဒ္ဓဘာသာ အဖွဲ့အစည်းများက တောင်းဆိုမှုများ ရှိနေကြောင်းနှင့် ဥပဒေရေးဆွဲသူများ အနေဖြင့် ယင်းအချက်ကို ထည့်သွင်း ပေးမည်ဟု ၄င်းတို့က မျှော်လင့်လျက် ရှိနေကြောင်း ဘန်ကောက်ပို့စ် သတင်းဌာနက အောက်တိုဘာ ၂၅ ရက်တွင် ဖော်ပြ ထားသည်။
၂ဝဝ၇ ခုနှစ်က ဝန်ကြီးချုပ်ဟောင်း ဆူရာယုထ် ချူလာနွန် လက်ထက်တွင် အာဏာ အသိမ်းခံရမှု ဖြစ်ပွားပြီးနောက် ပြန်လည် ပြဋ္ဌာန်းသော ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အဖြစ် ပြဋ္ဌာန်းပေးရန် တောင်းဆိုမှုသည် အောင်မြင်မှု မရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲ သူများကို ယခုအကြိမ် တောင်းဆိုမှုသည် ငြိမ်းချမ်းစွာ တောင်းဆိုခြင်း ဖြစ်ကြောင်း အဆိုပါ ဗုဒ္ဓဘာသာ အဖွဲ့အစည်း များက ထုတ်ပြန် ကြေညာ ထားသည်။
ထိုင်းနိုင်ငံရှိ မည်သည့် အစိုးရကမျှ ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် ပြဋ္ဌာန်းပေးရန် စိတ်ဝင်စားမှု မရှိကြောင်း၊ ထို့ကြောင့် ထိုင်းနိုင်ငံ အတွင်း ဗုဒ္ဓဘာသာ ကိုးကွယ်မှုသည် ကျဆင်းလျက် ရှိနေခြင်း ဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် ပြဋ္ဌာန်းနိုင်ရေး လှုပ်ရှားမှု ကော်မတီ အတွင်းရေးမှူး ကွန်းမီးဒီးက ပြောကြား ထားသည်။
ထို့ပြင် ၄င်းတို့၏ ရည်ရွယ်ချက် သည် ဗုဒ္ဓဘာသာ စစ်စစ် ထွန်းကား ပြန့်ပွားစေရန် ဖြစ်ကြောင်း၊ နိုင်ငံအတွင်း၌ ဗုဒ္ဓဘာသာကို ခုတုံးလုပ်ကာ ကိုယ်ကျိုးစီးပွား ရှာဖွေနေသူ များရှိကြောင်း၊ ဘုရား ကျောင်းကန် များတွင် ဟိန္ဒူဘာသာ၏ ရုပ်တုများ ထားရှိမှုများ ရှိနေကြောင်း၊ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် အစစ် မဟုတ်သူ များကို တရားဥပဒေ အရ အရေးယူ နိုင်စေရန် ယခုကဲ့သို့ တောင်းဆိုခြင်း ဖြစ်ကြောင်းနှင့် ၄င်းတို့၏ လှုပ်ရှားမှုသည် အခြား ဘာသာဝင် များ၏ အခွင့်အရေးကို ထိပါးချိုးဖောက် နေမှု မရှိကြောင်း ကွန်းမီးဒီး က ဆက်လက် ပြောကြား ထားသည်။
ထိုင်းနိုင်ငံရှိ လူဦးရေ စုစုပေါင်း၏ ၉၅ ရာခိုင်နှုန်း သည် ဗုဒ္ဓဘာသာဝင် များဖြစ်ပြီး အဆိုပါ ကော်မတီသည် လွန်ခဲ့သည့် ရက်သတ္တပတ်က အစိုးရသို့ တင်သွင်းမည့် အသနားခံစာ စောင်ရေ တစ်သိန်းကျော် ကို မူဆလင် လူမျိုးများ ကြီးစိုးရာ ပတ္တာနီ၊ ယာလာ နှင့် နာရာသီဝတ် ပြည်နယ်များမှ လွဲ၍ ကျန် ပြည်နယ် အားလုံးရှိ ဗုဒ္ဓဘာသာဝင်များ ထံသို့ ဖြန့်ဝေ ပေးထားပြီး ဖြစ်ကြောင်း သိရသည်။
#PyiChitThar
...........................................................
ထိုင်းနိုင်ငံ၏ အျေခခံဥပေဒ၌ ဗုဒ္ဓဘာသာကို နိုင်ငံတ္ဘောာသာအျဖစ်ျပဋ္ဌာန်းရန် တောင်းဆိုမှုမ်ား ရွိနေ
ဘန်ကောက် ၊ ၂၆-၁ဝ-၂ဝ၁၅
ထိုင်းနိုင်ငံတြင် အသစ်ျပန္လည် ရေးဆဲလ်ြက် ရွိသည့် ဖြဲ့စည်းပုံ အျေခခံဥပေဒ၌ ဗုဒ္ဓဘာသာကို နိုင်ငံတ္ဘောာသာ အျဖစ်ျပဋ္ဌာန်းရန် နိုင်ငံအတြင်းရွိ မ်ားစြာသော ဗုဒ္ဓဘာသာ အဖြဲ့အစည်းမ်ားက တောင်းဆိုမှုမ်ား ရွိနေကြာင်းနွင့် ဥပေဒေရးဆဲသြူမ်ား အေနျဖင့် ယင်းအခ်က္ကို ထည့်သြင်း ပေးမည်ဟု ၄င်းတို့က မွေ်္လာင့်လ်က် ရွိနေကြာင်း ဘန်ကောက္ပို့စ် သတင်းဌာနက အောက္တိုဘာ ၂၅ ရက္တြင် ဖော်ျပ ထားသည်။
၂ဝဝ၇ ခုနွစ္က ဝန်ကြီးခ်ုပ်ဟောင်း ဆူရာယုထ် ခ်ူလာနနြ် လက္ထက္တြင် အာဏာ အသိမ်းခံရမျှုဖစ္ပြားပြီးနောက်ျပန္လည်ျပဋ္ဌာန်းသော ဖြဲ့စည်းပုံ အျေခခံဥပေဒ၌ ဗုဒ္ဓဘာသာကို နိုင်ငံတ္ဘောာသာ အျဖစ်ျပဋ္ဌာန်းပေးရန် တောင်းဆိုမှုသည် အောင်ျမင္မှု မရရွိခဲ့ကြောင်း သိရသည်။
ထို့နောက် ဖြဲ့စည်းပုံ အျေခခံဥပေဒ ရေးဆြဲ သူမ်ားကို ယခုအကြိမ် တောင်းဆိုမှုသည် ငြိမ်းခ်မ်းစြာ တောင်းဆျိုခင်ျးဖစ်ကြောင်း အဆိုပါ ဗုဒ္ဓဘာသာ အဖြဲ့အစည်း မ်ားက ထုတ်ျပန် ကြေညာ ထားသည်။
ထိုင်းနိုင်ငံရွိ မည်သည့် အစိုးရကမွ် ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအျဖစ်ျပဋ္ဌာန်းပေးရန် စိတ်ဝင္စားမှု မရွိကြောင်း၊ ထို့ကြောင့် ထိုင်းနိုင်ငံ အတြင်း ဗုဒ္ဓဘာသာ ကိုးကြယ္မှုသည် က်ဆင်းလ်က် ရွိနျေခင်ျးဖစ်ကြောင်း၊ ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအျဖစ်ျပဋ္ဌာန်းနိုင်ရေး လှုပ်ရွားမှု က္မောတီ အတြင်းရေးမွူး ကြန်းမီးဒီးကျေပာကြား ထားသည်။
ထိျု့ပင် ၄င်းတို့၏ ရည်ြရယ္ခ်က် သည် ဗုဒ္ဓဘာသာ စစ္စစ် ထြန်းကာျးပန့်ပြားစေရန်ျဖစ်ကြောင်း၊ နိုင်ငံအတြင်း၌ ဗုဒ္ဓဘာသာကို ခုတုံးလုပ္ကာ ကိုယ္ကိုးစီးပြား ရွာဖြေနသူ မ်ားရွိကြောင်း၊ ဘုရား ကော်င်းကန် မ်ားတြင် ဟိန္ဒူဘာသာ၏ ရုပ္တုမ်ား ထားရွိမှုမ်ား ရွိနေကြာင်း၊ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် အစစ် မဟုတ်သူ မ်ားကို တရားဥပေဒ အရ အေရးယူ နိုင်စေရန် ယခုကဲ့သို့ တောင်းဆျိုခင်ျးဖစ်ကြောင်းနွင့် ၄င်းတို့၏ လှုပ်ရွားမှုသည် အျခား ဘာသာဝင် မ်ား၏ အခြင့်အေရးကို ထိပါးခိုးဖောက် နေမှု မရွိကြောင်း ကြန်းမီးဒီး က ဆက္လက်ျေပာကြား ထားသည်။
ထိုင်းနိုင်ငံရွိ လူဦးရေ စုစုပေါင်း၏ ၉၅ ရာခိုင်နှုန်း သည် ဗုဒ္ဓဘာသာဝင် မ်ာျးဖစ်ပြီး အဆိုပါ က္မောတီသည် လြန္ခဲ့သည့် ရက်သတ္တပတ္က အစိုးရသို့ တင်ြသင်းမည့် အသနားခံစာ စောင်ရေ တစ်သိန်းကော်် ကို မူဆလင် လူမိုးမ်ား ကြီးစိုးရာ ပတ္တာနီ၊ ယာလာ နွင့် နာရာသီဝတ်ျပည္နယ္မ်ားမွ လြဲ၍ က်န်ျပည္နယ် အားလုံးရွိ ဗုဒ္ဓဘာသာဝင္မ်ား ထံသိျု့ဖန့်ဝေ ပေးထားပြီျးဖစ်ကြောင်း သိရသည်။
#PyiChitThar