![]() |
ဘရွန်ဒီ မဲဆန္ဒရှင်များ မဲထည့် |
သမ္မတ ပီယဲ နခွန်ရွန်ဇီဇာ ဟာ တတိယ သက်တမ်း အထိ ရာထူးကို မစွန့်လွှတ် လိုတဲ့ အတွက် အတိုက်အခံ ပါတီ တွေ ရဲ့ မဲဆွယ်ခွင့်တွေ ကို ပိတ်ပင် လို့ အတိုက် အခံ တွေ ဘက် ကလည်း ရွေးကောက်ပွဲ ကို သပိတ် မှောက်ကြပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဌာန အနေနဲ့ ဘူရွန်ဒီ အစိုးရ နဲ့ ဆက်သွယ်မှု တွေ အပေါ် မှာ ပြန်လည် သုံးသပ်ဖို့ရှိပြီး နိုင်ငံတွင်း မတည်ငြိမ် အောင် ပြုမူမှု အပေါ် တာဝန် မကင်းသူတွေ ရဲ့ အမေရိကန် ပြည်ဝင်ခွင့် ဗီဇာ ကို ကန့်သတ် တင်းကျပ်မှု တွေ ပြုမယ် လို့ ထုတ်ပြန် ပြောဆိုပါတယ်။
ဘူရွန်ဒီ နိုင်ငံ ရဲ့ အခြေခံဥပဒေ အရ သမ္မတ သက်တမ်း ကို နှစ်ကြိမ် ပဲ ထမ်းဆောင်ရမှာပါ။
ဒါ ကို သမ္မတ ပီယဲ နခွန်ရွန်ဇီဇာ က ဖောက်ဖျက် သလို ပြည်တွင်း အကြမ်းဖက် ဆူပူ ဆန္ဒပြပွဲ တွေ ဟာလည်း အတိုက်အခံတွေ ရဲ့ လက်ချက် လို့ စွပ်စွဲ ပါတယ်။
ဗြိတိသျှ အစိုးရ ကလည်း ပါတီစုံ ပါဝင် အရွေးခံ ယှဉ်ပြိုင်ရ မယ့် ရွေးကောက်ပွဲ ကို ငြိမ်းချမ်းစွာ ကျင်းပနိုင်အောင် မစီစဉ် ပေးနိုင်တဲ့ ဘူရွန်ဒီ အစိုးရ ကို ဝေဖန်လိုက်ပါတယ်။
BBC Burmese
http://www.bbc.com/burmese