အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုကော်မတီဝင်တွေနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဗဟိုကော်မတီဝင်တွေဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်မြေတွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်နိုင်ဖို့ ဒီနေ့ ရန်ကုန်မြို့မှာ ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။
NLD ဗဟိုကော်မတီဝင် ဦးဥာဏ်ဝင်းနဲ့ SNLD ဥက္ကဌ ဦးခွန်ထွန်းဦး တို့ဦးဆောင်ပြီး တွေ့ဆုံခဲ့တာဖြစ်တယ်လို့ SNLD အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က ပြောပါတယ်။
"တွေ့ဆုံပွဲကတော့ NLD ဘက်ကတော့ ဦးဝင်းထိန်၊ ဦးဥာဏ်ဝင်း၊ ဦးဟန်သာမြင့်၊ SNLD ဘက်က ဦးခွန်ထွန်းဦး၊ ဦးစိုင်းညွှန့်လွင်၊ အဓိကပြောတာကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ NLD ဘက်က CRPP အဖွဲ့ဝင်တွေနဲ့ ညှိနှိုင်းလုပ်သွားမယ်ဆိုတဲ့ သဘောထားကိုပြောပြတာပါ၊ ဒါကို SNLD ဘက်က သဘောတူလား မတူလားပေါ့နော်၊ ဒါကိုသဘောတူပါတယ်"
ဒါ့အပြင် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP မှာ ပါဝင်တဲ့ တိုင်းရင်းသားပါတီတွေနဲ့ NLD တို့ မဲဆန္ဒနယ်မြေမထပ်ရေးအတွက်လည်း ဆက်လက်ညှိနှိုင်းသွားမယ်လို့ သိရပါတယ်။
လွှတ်တော်ကိုယ်စားပြုကော်မတီ CRPP ဟာ ၁၉၉ဝ ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီပါတီ၊ မွန်ဒီမိုကရေစီပါတီနဲ့ ဇိုမီးအမျိုးသားကွန်ဂရက် စတဲ့ ပါတီတွေက ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်ခဲ့တာဖြစ်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲကို NLD ပါတီ ၀င်ရောက်ရှင်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် တိုင်းရင်းသား မဟာမိတ်အဖွဲ့တွေနဲ့ ညိုနှိုင်းဆောင်ရွက်သွားမယ်လို့ ဇူုလိုင်လ ၁၁ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းပွဲမှာ ပြောဆို ခဲ့ပါတယ်။ ဒီပြောဆိုချက်အရ ဒီကနေ့ ပထမဆုံး SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ NLD ပါတီ အကြိုညိုနိုင်းခဲ့ပါတယ်။ ဦးတင်အောင်ခိုင်က ဆက်လက်တင်ပြပါမယ်။RFA
၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ မဟာမိတ်ဖွဲ့နိုင်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တာဝန်ရှိသူတွေ ဟာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒီနေ့မှာလာရောက်ဆွေးနွေးခဲ့တယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးစိုင်းညွှန့်လွင် ကပြောပါတယ်။
လာရောက်ကမ်းလှမ်းချက်များကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ရဲ့ ဗဟိုကော်မတီအစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ဦးစိုင်းညွန့်လွင်ကပြောပါတယ်။
Author-စုစန္ဒီ
Kumudra
အဖွဲ့ ချုပ်ခေါင်းဆောင်သုံးဦး SNLD နှင့် တွေ့ ဆုံ
အမျိုးသားဒီမိုကရေစိအဖွဲ့ ချုပ် ဗဟို အလုပ်မှုဆောင်များဖြစ်ကြသည့်၊ ဦးဝင်းထိန်၊ ဦးဟံသာမြင့် နှင့် ဦးဥာဏ်ဝင်း တို့ သည် Shan Nationalities League for Democracy ပါတီခေါင်းဆောင်များနှင့် SNLD ရုံးချုပ်တွင် ၁၃.၇.၂၀၁၅ နံက် ၉း၄၅ မှ ၁၀း၄၅ နာရီ အထိ ရွေးကောက်ပွဲနှင့် ပတ်သက် သည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့  ကြသည်။
အမျိုးသားဒီမိုကရေစိအဖွဲ့ ချုပ် ဗဟို အလုပ်မှုဆောင်များဖြစ်ကြသည့်၊ ဦးဝင်းထိန်၊ ဦးဟံသာမြင့် နှင့် ဦးဥာဏ်ဝင်း တို့ သည် Shan Nationalities League for Democracy ပါတီခေါင်းဆောင်များနှင့် SNLD ရုံးချုပ်တွင် ၁၃.၇.၂၀၁၅ နံက် ၉း၄၅ မှ ၁၀း၄၅ နာရီ အထိ ရွေးကောက်ပွဲနှင့် ပတ်သက် သည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့  ကြသည်။
Shan Nationalities League for Democracy (SNLD) ပါတီ (သို့ ) ကျားခေါင်းပါတီသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ဧ။် မိတ်ဆွေဟောင်းပါတီဖြစ်သည်။ မိတ်ဆွေဟောင်းပါတီများဧ။် ခေါင်းဆောင်များ အထူးသဖြင့် The Committee Representing the People’s Parliament (CRPP) (သို့ ) ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော် မတီ တွင်ပါဝင်ခဲ့သည့် တိုင်းရင်း သားခေါင်းဆောင် များ ပါဝင်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်မြေများတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်အနေဖြင့် ၀င်ရောက်မယှဉ်ပြိုင်ဘို့ စဉ်းစားမည်ဖြစ်သည်။
ထို့ အပြင်တိုင်းရင်းသားများနှင့် ပိုမိုရင်းနှီးစွာပူးပေါင်းဆောင်ရွက်နိုင်မည့်အခြားကိစ္စများကိုလည်း ဆက်လက်ညှို နှိုင်းသွားကြမည်ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် SNLD ပါတီတို့ သည် ယခု အချိန်ထိ ကိုယ်စားလှယ် လောင်းများကို အတည်မပြုရသေးသဖြင့်၊ နှစ်ပါတီစလုံး မိမိတို့ ကိုယ်စားလှယ်လောင်း များကို ရွေးချယ်ပြီးလျှင် အစည်းအဝေး ထပ်မံကျင်းပပြီး ပိုမိုတိကျသည့် ဆုံးဖြတ် ချက်များကို ချမှတ်နိုင်ကြမည်ဖြစ် သည်။
U Nyan Win
U Nyan Win