သထံု၊ ေအာက္တိုဘာ၊ ၃၀
မြန္ျပည္နယ္၊ သထံုၿမိဳ႕နယ္၊ သု၀ဏၰ၀တီၿမိဳ႕တြင္ ေအာက္တိုဘာလ ၂၉ ရက္ေန႔က နာရီပိုင္းအတြင္း တစ္ေနရာတည္း ယာဥ္တိုက္မႈ ႏွစ္ခုျဖစ္ပြားခဲ့ၿပီး အဆိုပါယာဥ္တိုက္မႈေၾကာင့္ လူတစ္ဦးေသဆံုးကာ ေလးဦး ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴးရံုးမွသိရသည္။
သု၀ဏၰ၀တီၿမိဳ႕၊ က်ဳိေကၠာ္ရပ္ကြက္၊ အနန္းကုန္းရပ္ ရန္ကုန္-သထံု အေ၀းေျပးလမ္း၊ မိုင္တိုင္အမွတ္ (၁၃၉/၅)ႏွင့္ (၁၃၉/၆)အၾကားတြင္ အဆိုပါေန႔ မြန္းလြဲ ၄ နာရီ ၄၅ မိနစ္အခ်ိန္ခန္႔က ျဖဴ/နက္ အေရာင္ Wave 125 ဆိုင္ကယ္အား ယာဥ္ေမာင္း ကိုစိုးစိုးက ဆိုင္ကယ္ ဦးထုပ္ ေဆာင္းထားျခင္းမရွိဘဲ အနန္းကုန္းလမ္းၾကားမွ အေ၀းေျပးလမ္းမေပၚသို႔ အရွိန္ျဖင့္ ေမာင္းတက္စဥ္ သထံုဘက္မွ ဘီးလင္းဘက္သို႔ ယာဥ္ေမာင္း ဦးမ်ဳိးေအာင္ ေမာင္းႏွင္လာသည့္ Fuso အမ်ဳိးအစား ေျခာက္ဘီး Express မွန္လံုယာဥ္အားအရွိန္မထိန္းႏိုင္ဘဲ ၀ဲဘက္အတက္အဆင္းတံခါးအား ျပင္းထန္စြာ ၀င္ေရာက္တိုက္မိခဲ့သည္။ ၎ျဖစ္စဥ္တြင္ ဆိုင္ကယ္ေမာင္းသူ ကိုစိုးစိုးမွာ ဒဏ္ရာ ျပင္းထန္စြာ ရရွိသျဖင့္ သိမ္ဆိပ္တိုက္နယ္ေဆးရံုမွ သထံုခရိုင္ျပည္သူ႔ေဆးရံုသို႔ေပးပို႔ ကုသစဥ္ ေသဆံုးခဲ့ေၾကာင္း သိရသည္။ အဆိုပါေန႔ ည ၁၁ နာရီ ၁၀ မိနစ္ခန္႔တြင္ ၎ေနရာ၌ ထပ္မံကာ ဆိုင္ကယ္ ႏွစ္စီး မ်က္ႏွာခ်င္းဆိုင္တိုက္မိခဲ့ၿပီး လူေလးဦး ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့သည္။
“ဆိုင္ကယ္ေတြမ်ားလာ ၿပီးေတာ့ ယာဥ္စည္းကမ္းလမ္းစည္းကမ္း လိုက္နာမႈအားနည္း ၾကတယ္။ ဒီေန႔ျဖစ္စဥ္မွာ ဆိုင္ကယ္ ဦးထုုပ္ေဆာင္းထားရင္ ေသတဲ့အထိျဖစ္ခ်င္မွျဖစ္မယ္။ ေနာက္တစ္ခုကလည္း ဆိုင္ကယ္တစ္စီးမွာ လူသံုးဦးစီးထားတယ္။ ဆိုင္ကယ္က အႏၱရာယ္မ်ားတယ္ ဒါ့ေၾကာင့္ အားလံုးစည္းကမ္းလိုက္နာၿပီး သတိရွိရွိ ေမာင္းႏွင္ ေစခ်င္ပါတယ္” ဟု က်ဳိေကၠာ္ရပ္ကြက္မွ ကိုေက်ာ္စြာလင္းက ယာဥ္တိုက္မႈမ်ား ႏွင့္ပတ္သတ္၍ ၎၏အျမင္အား ေျပာၾကားသည္။ အဆိုပါ ယာဥ္တိုက္မႈမ်ားတြင္ ဆိုင္ကယ္ မဆင္မျခင္ေမာင္းႏွင္သူမ်ားအား သု၀ဏၰ၀တီၿမိဳ႕၊ သိမ္ဆိပ္နယ္ေျမ ရဲစခန္းမွ ဥပေဒအရ အေရးယူ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရွိရသည္။
သက္ဦး(သထံု)
ခရိုင္ျပန္/ဆက္
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
..............
သထုံ၊ အောက်တိုဘာ၊ ၃၀
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့တွင် အောက်တိုဘာလ ၂၉ ရက်နေ့က နာရီပိုင်းအတွင်း တစ်နေရာတည်း ယာဉ်တိုက်မှု နှစ်ခုဖြစ်ပွားခဲ့ပြီး အဆိုပါယာဉ်တိုက်မှုကြောင့် လူတစ်ဦးသေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။
သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်၊ အနန်းကုန်းရပ် ရန်ကုန်-သထုံ အဝေးပြေးလမ်း၊ မိုင်တိုင်အမှတ် (၁၃၉/၅)နှင့် (၁၃၉/၆)အကြားတွင် အဆိုပါနေ့ မွန်းလွဲ ၄ နာရီ ၄၅ မိနစ်အချိန်ခန့်က ဖြူ/နက် အရောင် Wave 125 ဆိုင်ကယ်အား ယာဉ်မောင်း ကိုစိုးစိုးက ဆိုင်ကယ် ဦးထုပ် ဆောင်းထားခြင်းမရှိဘဲ အနန်းကုန်းလမ်းကြားမှ အဝေးပြေးလမ်းမပေါ်သို့ အရှိန်ဖြင့် မောင်းတက်စဉ် သထုံဘက်မှ ဘီးလင်းဘက်သို့ ယာဉ်မောင်း ဦးမျိုးအောင် မောင်းနှင်လာသည့် Fuso အမျိုးအစား ခြောက်ဘီး Express မှန်လုံယာဉ်အားအရှိန်မထိန်းနိုင်ဘဲ ၀ဲဘက်အတက်အဆင်းတံခါးအား ပြင်းထန်စွာ ၀င်ရောက်တိုက်မိခဲ့သည်။ ၎င်းဖြစ်စဉ်တွင် ဆိုင်ကယ်မောင်းသူ ကိုစိုးစိုးမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိသဖြင့် သိမ်ဆိပ်တိုက်နယ်ဆေးရုံမှ သထုံခရိုင်ပြည်သူ့ဆေးရုံသို့ပေးပို့ ကုသစဉ် သေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါနေ့ ည ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် ၎င်းနေရာ၌ ထပ်မံကာ ဆိုင်ကယ် နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိခဲ့ပြီး လူလေးဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။
“ဆိုင်ကယ်တွေများလာ ပြီးတော့ ယာဉ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာမှုအားနည်း ကြတယ်။ ဒီနေ့ဖြစ်စဉ်မှာ ဆိုင်ကယ် ဦးထုုပ်ဆောင်းထားရင် သေတဲ့အထိဖြစ်ချင်မှဖြစ်မယ်။ နောက်တစ်ခုကလည်း ဆိုင်ကယ်တစ်စီးမှာ လူသုံးဦးစီးထားတယ်။ ဆိုင်ကယ်က အန္တရာယ်များတယ် ဒါ့ကြောင့် အားလုံးစည်းကမ်းလိုက်နာပြီး သတိရှိရှိ မောင်းနှင် စေချင်ပါတယ်” ဟု ကျိုက္ကော်ရပ်ကွက်မှ ကိုကျော်စွာလင်းက ယာဉ်တိုက်မှုများ နှင့်ပတ်သတ်၍ ၎င်း၏အမြင်အား ပြောကြားသည်။ အဆိုပါ ယာဉ်တိုက်မှုများတွင် ဆိုင်ကယ် မဆင်မခြင်မောင်းနှင်သူများအား သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်နယ်မြေ ရဲစခန်းမှ ဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
သက်ဦး(သထုံ)
ခရိုင်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar