ကိုယ့္ေအာက္က ထိတ္တန္း ပါတီေခါင္းေဆာင္ေတြ မဲဆြယ္ရင္း ရီစရာ ေျပာေနၾကတာ အားမရလို႔လား၊ ဒါမွမဟုတ္ သမၼတႀကီးကိုယ္တိုင္ကပဲ ဘဝေမ့ေနလို႔လားေတာ့ မသိပါဘူး။ ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၂၉ ရက္ေန႔ကေတာ့ သမၼတ ဦးသိန္းစိန္ဟာ မွတ္သားစရာ စကားတစ္ခြန္း ေျပာခဲ့ျပန္ပါၿပီ။ ဧရာဝတီတုိင္း ငပုေတာမွာ သမၼတ ဦးသိန္းစိန္ ေျပာခဲ့တာေတြထဲမွာ “ကၽြန္ေတာ္တို႔ တပ္မေတာ္ အစိုးရအုပ္ခ်ဳပ္တဲ့ စနစ္ကေနၿပီးေတာ့ ျပည္သူလူထု ေ႐ြးခ်ယ္တင္ေျမႇာက္တဲ့ အစိုးရစနစ္နဲ႔ လႊတ္ေတာ္တို႔ အစိုးရတို႔ စသည္အားျဖင့္ ဒီစနစ္နဲ႔ အုပ္ခ်ဳပ္တဲ့ ဒီမိုကေရစီစနစ္ကို ကၽြန္ေတာ္တို႔ ေျပာင္းၿပီးၿပီ။ ေနာက္ထပ္ ဘာမ်ား ေျပာင္းခ်င္ေသးလဲ။ ေနာက္ထပ္ ေျပာင္းဖို႔ကေတာ့ အျခားမရွိေတာ့ဘူး။ ကြန္ျမဴနစ္ပဲ ရွိေတာ့တယ္။ ကြန္ျမဴနစ္ ေျပာင္းခ်င္လား၊ ဘယ္သူမွ မေျပာင္းခ်င္ဘူး။ ဟုတ္တယ္မလား” ဆိုတာပဲ ျဖစ္ပါတယ္။ သမၼတ ဦးသိန္းစိန္ေျပာတာ မွန္မမွန္၊ သမၼတႀကီး ဘဝေမ့သြားလို႔ ဒီလိုစကားမ်ိဳး ေျပာတာေလလား ဒီကေန႔ ေဝဖန္ ေဆြးေႏြး ၾကည့္ၾကရေအာင္ပါ။
ပထမတစ္ခု ေဆြးေႏြးဖို႔လိုတာကေတာ့ သမၼတႀကီးေျပာတဲ့ တပ္မေတာ္အစိုးရ အုပ္ခ်ဳပ္တဲ့ စနစ္ ကေနၿပီးေတာ့ ျပည္သူလူထု ေ႐ြးခ်ယ္တင္ေျမႇာက္တဲ့ ဒီမိုကေရစီစနစ္ကုိ ေျပာင္းၿပီးၿပီဆိုတဲ့ စကားပါ။ ေကာင္းပါၿပီ။ အရင္ အစိုးရကို သမၼတႀကီးက တပ္မေတာ္အစိုးရလို႔ ေခၚပါတယ္။ ဒါေပမယ့္ တကယ့္တကယ္ သ႐ုပ္လကၡဏာကေတာ့ စစ္အာဏာရွင္ စနစ္ပါ။ ဒီလို ေျပာရတာကလည္း အက်ိဳးအေၾကာင္း ခိုင္ခိုင္လံုလံု ရွိပါတယ္။ တပ္မေတာ္အင္အားကို အသံုးျပဳၿပီး ထိပ္ဆံုးက အာဏာရွင္ႀကီး တစ္ေယာက္က သူ႔သေဘာနဲ႔သူ တိုင္းျပည္ကို အုပ္ခ်ဳပ္ မင္းလုပ္တာမို႔ပါ။ ျမန္မာျပည္မွာ ဦးသိန္းစိန္ သမၼတမျဖစ္ခင္ အုပ္ခ်ဳပ္ခဲ့သူဟာ ဗိုလ္ခ်ဳပ္မွဴးႀကီး သန္းေ႐ႊ ျဖစ္ပါတယ္။ သူဟာ ျမန္မာႏုိင္ငံကို ဖြဲ႔စည္းပံု အေျခခံဥပေဒ တစ္ခုခုနဲ႔ အုပ္ခ်ဳပ္ခဲ့တာ မဟုတ္ပါဘူး။ စစ္အုပ္ခ်ဳပ္ေရးနဲ႔ အုပ္ခ်ဳပ္ခဲ့တာပဲ ျဖစ္ပါတယ္။ ဖြဲ႔စည္းပံု အေျခခံဥပေဒ မရွိတဲ့အတြက္ သူ႔ကို အနားေပးမယ့္ ဥပေဒ မရွိသလို၊ ထုတ္ပယ္ႏုိင္တဲ့ နည္းနာေတြလည္း မရွိပါဘူး။ ပိုၿပီးဆိုးေစတာက တပ္မေတာ္ကိုယ္တိုင္မွာလည္း သူ႔ကို အသက္ျပည့္လို႔ အနားေပးႏိုင္တာ၊ သူ႔ကို တာဝန္ကေန ဖယ္ရွားႏိုင္တာ စတာမ်ိဳး လုပ္ႏိုင္တဲ့ ျပဌာန္းခ်က္ေတြ ရွိမေနပါဘူး။ ဒီလို အေျခအေနမ်ိဳး ေအာက္မွာ တုိင္းျပည္ကို တစ္ဦးတည္းသေဘာနဲ႔ စီမံအုပ္ခ်ဳပ္ခဲ့လို႔ စစ္အာဏာရွင္ စနစ္နဲ႔ အုပ္ခ်ဳပ္တာလို႔ သတ္မွတ္ရတာပဲ ျဖစ္ပါတယ္။
ေကာင္းပါၿပီ။ ၂၀၀၈ ေရာက္ေတာ့ စစ္အစိုးရဟာ လက္ရွိ က်င့္သံုးေနတဲ့ ဖြဲ႔စည္းပံု အေျခခံဥပေဒဆိုတာကို ေရးဆြဲပါတယ္။ ဖြဲ႔စည္းပံု ေရးရာမွာ အလႊာႀကီး ဘယ္ႏွစ္လႊာပါတယ္၊ လက္နက္ကိုင္ တုိင္းရင္းသား ကိုယ္စားလွယ္ေတြပါတယ္ ဘာညာသာရကာ ေျပာမေနပါနဲ႔။ ဘယ္သူ႔စကား၊ ဘယ္သူ႔အႀကံျပဳခ်က္ကိုမွ နားမေထာင္ပဲ အဲဒီဖြဲ႔စည္းပံုကို စစ္အာဏာရွင္ေတြ စိတ္ႀကိဳက္ ေရးဆြဲ အတည္ျပဳခဲ့တာပါ။ ဖြဲ႔စည္းပံု အေျခခံဥပေဒကို ျပည္သူလူထု ရာခိုင္ႏွဳန္း ဘယ္ေလာက္ ေထာက္ခံတယ္ဆိုတာကလည္း အတုအေယာင္ေတြပါ။ စစ္အာဏာရွင္ စနစ္ေအာက္မွာ ကိုယ္လိုရာ ရလဒ္အေျဖ ထြက္လာဖို႔လုပ္တဲ့ လူထုဆႏၵခံယူပြဲပါ။
ဒီလိုနဲ႔ ၂၀၁၀ ခုႏွစ္မွာ အေထြေထြ ေ႐ြးေကာက္ပြဲ လုပ္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ အတိုက္အခံေတြကို ေနအိမ္အက်ယ္ခ်ဳပ္ ခ်သူခ်၊ ေထာင္ထဲထည့္သူ ထည့္ထားၿပီး လုပ္တဲ့ ေရြးေကာက္ပြဲပါ။ အင္န္အယ္လ္ဒီလို ပါတီကို ေ႐ြးေကာက္ပြဲ မဝင္ႏုိင္ေအာင္ လုပ္ထား၊ သတင္းမီဒီယာကို အေမွာင္ခ်၊ ဘယ္ႏုိင္ငံတကာ ေလ့လာသူေတြကိုမွ အဝင္မခံပဲ စစ္အစိုးရ စိတ္တိုင္းက် လုပ္ခဲ့တဲ့ ေ႐ြးေကာက္ပြဲပါ။ ေ႐ြးေကာက္အၿပီးမွာေတာ့ လႊတ္ေတာ္ေခၚယူတာ လုပ္ခဲ့သလို၊ သမၼတ ဦးသိန္းစိန္ အစိုးရအဖြဲ႔သစ္ ဆိုတာလည္း ေပၚေပါက္လာတာ ျဖစ္ပါတယ္။
တကယ္ေတာ့ လႊတ္ေတာ္နဲ႔ အစုိးရအဖြဲ႔ဟာ ေရြးေကာက္ပြဲေၾကာင့္ ေပၚေပါက္လာတယ္လို႔ ဆိုေပမယ့္ ဒီမိုကေရစီနည္းက် က်င္းပခဲ့တဲ့ ေရြးေကာက္ပြဲ မဟုတ္ခဲ့သလို၊ လႊတ္ေတာ္အမတ္ေတြေရာ၊ သမၼတနဲ႔ အစိုးရအဖြဲ႔၀င္ေတြပါ ျပည္သူလူထုက တကယ္ေ႐ြးေကာက္ တင္ေျမႇာက္လိုက္တဲ့ ကိုယ္စားလွယ္ အစစ္အမွန္ေတြ မဟုတ္ခဲ့ပါဘူး။ သမၼတ ဦးသိန္းစိန္၊ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လွိဳင္၊ လႊတ္ေတာ္ ဥကၠ႒ သူရဦးေရႊမန္းအပါအ၀င္ ၂၀၁၀ အလြန္ ဇာတ္ေကာင္အားလံုးကို အနားယူသြားၿပီျဖစ္တဲ့ အာဏာရွင္ ဗိုလ္ခ်ဳပ္မွဴးႀကီး သန္းေရႊက အေသအခ်ာ ေနရာခ်ထားေပးသြားတာပါ။ အဲလို တစ္ေယာက္စီ စိတ္ႀကိဳက္ ေနရာခ်ထားေပးသြားၿပီး၊ အဲဒီတာ၀န္၊ ရာထူး ရခဲ့ၾကသူ အားလံုးဟာလည္း ဗိုလ္ခ်ဳပ္မွဴးႀကီး သန္းေရႊေနရာ ခ်ထားေပးလို႔ အာဏာရခဲ့တယ္ဆိုတဲ့ ကိစၥ အစိုးရ ထိပ္ပိုင္းေခါင္းေဆာင္ အားလံုးလိုလိုက ဝန္ခံ ေျပာဆိုၾကပါတယ္။
၂၀၁၀ ဆိုတာ တကယ့္ကို ဒီမုိကေရစီကို ကူးေျပာင္းတဲ့ ႏွစ္၊ ၂၀၁၀ ေရြးေကာက္ပြဲဆိုတာ ဒီမိုကေရစီနည္းက် ျပည္သူေတြ ေရြးေကာက္ တင္ေျမႇာက္လိုက္တဲ့ အစိုးရ တက္လာႏုိင္တဲ့ ေ႐ြးေကာက္ပြဲ၊ အဲဒီ အေျပာင္းအလဲဟာ တကယ့္ ဒီမိုကေရစီ အေျပာင္းအလဲစတဲ့ ရယ္စရာ စကားမ်ိဳးကိုေတာ့ ဘယ္အစိုးရ ေခါင္းေဆာင္၊ ဘယ္၀န္ႀကီးကမွ မေျပာၾကပါဘူး။ ဗိုလ္ခ်ဳပ္မွဴးႀကီးက သေဘာမက်လို႔ လႊတ္ေတာ္ထဲ ေခြထားခံရတဲ့ သူရဦးေ႐ႊမန္း တစ္ေယာက္ပဲ သူတို႔ လႊတ္ေတာ္ဟာ တကယ့္ကို ျပည္သူေတြ ေရြးေကာက္ တင္ေျမႇာက္လိုက္တဲ့ လႊတ္ေတာ္ ျဖစ္သေယာင္ေယာင္ ရယ္စရာေတြ ထထ ျပက္လံုးထုတ္တာမ်ိဳးပဲ ရွိတတ္တာပါ။
သမၼတ ဦးသိန္းစိန္ ေျပာခဲ့တဲ့ အေျပာင္းအလဲဆိုတာဟာ ဗိုလ္ခ်ဳပ္မွဴးႀကီး သန္းေရႊ တစ္ေယာက္တည္းကေန စစ္ယူနီေဖါင္းဝတ္ၿပီး တုိင္းျပည္ကို အုပ္ခ်ဳပ္ေနရာကေန၊ ဦးသိန္းစိန္နဲ႔ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လွိဳင္တို႔ ႏွစ္ေယာက္ကို ပူးေပါင္း အုပ္ခ်ဳပ္ခိုင္းလိုက္တဲ့ သေဘာပဲ ျဖစ္ပါတယ္။ စစ္ဘုရင္ တစ္ပါးတည္း အုပ္ခ်ဳပ္ရာကေန စစ္ဘုရင္ႏွစ္ပါး အုပ္ခ်ဳပ္ဖို႔ လက္လႊဲေပးလိုက္တာပါ။ က်န္ အစိုးရအဖြဲ႔၀င္ ၀န္ႀကီး အပါအ၀င္ ေနရာတကာမွာလည္း စစ္ဗိုလ္ခ်ဳပ္ေတြကခ်ည္း တုိင္းျပည္ကို အုပ္ခ်ဳပ္ေနတာပါပဲ။ သမၼတ ဦးသိန္းစိန္ေျပာတဲ့ ျပည္သူလူထု ေရြးခ်ယ္တင္ေျမႇာက္တဲ့စနစ္ မဟုတ္သလို၊ ဒီမိုကေရစီစနစ္ကို ေျပာင္းလဲၿပီးၿပီ ဆိုတာလည္း လံုးဝ မမွန္တဲ့ ဟာသ ျပက္လံုးပါ။
တကယ္ေတာ့ သမၼတ ဦးသိန္းစိန္ဟာ ခုတေလာ ျပန္ၾကားေရး ၀န္ႀကီးဌာနက ဝါဒျဖန္႔တဲ့ “ျပည္သူထဲက သမၼတ” ဆိုတဲ့ အစီအစဥ္ကို ၾကည့္မိၿပီး သူ႔ကို အရင္အာဏာရွင္ ဗိုလ္ခ်ဳပ္မွဴးႀကီး သန္းေရႊက သမၼတေနရာ ခ်ေပးသြားတာကို ေမ့ေလ်ာ့သြားပံု ရပါတယ္။ ေဘးတီး ေျမႇာက္ပင့္ေပးတဲ့ သူေတြေၾကာင့္ သူ႔ကိုယ္သူလည္း တကယ့္ကို ျပည္သူေတြက ဒီမိုကေရစီနည္းအရ တင္ေျမႇာက္ခံထားရသူ ျဖစ္သေယာင္ ထင္မွတ္မွားသြားတာ ျဖစ္ႏုိင္ပါတယ္။ ဒီထက္ ပိုဆိုးတာက “ေနာက္ထပ္ ေျပာင္းဖို႔ကေတာ့ အျခား မရွိေတာ့ဘူး။ ကြန္ျမဴနစ္ပဲ ရွိေတာ့တယ္။ ကြန္ျမဴနစ္ ေျပာင္းခ်င္လား၊ ဘယ္သူမွ မေျပာင္းခ်င္ဘူး။ ဟုတ္တယ္ မလား” ဆိုတဲ့ ေျပာစကားပါ။ သမၼတ ဦးသိန္းစိန္အေနနဲ႔ ဒီစကားကို ဘယ္လို ရည္႐ြယ္ခ်က္နဲ႔ပဲ ေျပာလိုက္သည္ ျဖစ္ေစ၊ တုိင္းျပည္ကို တကယ္ ေျပာင္းလဲခ်င္တဲ့ ျပည္သူလူထုရဲ႕ ဆႏၵနဲ႔ ျပည္သူလူထု တစ္ရပ္လံုးကို ကြန္ျမဴနစ္ဆိုၿပီး မဟုတ္မဟတ္ တံဆိပ္ကပ္ဖို႔ ႀကိဳးစားတဲ့ အဓိပၸါယ္ပဲ ျဖစ္ႏုိင္ပါေၾကာင္း သံုးသပ္ တင္ျပလိုက္ရပါတယ္။
Mizzima Burmese
....................
“ဘဝမေ့တဲ့ သမ္မတကြီး”
ကိုယ့်အောက်က ထိတ်တန်း ပါတီခေါင်းဆောင်တွေ မဲဆွယ်ရင်း ရီစရာ ပြောနေကြတာ အားမရလို့လား၊ ဒါမှမဟုတ် သမ္မတကြီးကိုယ်တိုင်ကပဲ ဘဝမေ့နေလို့လားတော့ မသိပါဘူး။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့ကတော့ သမ္မတ ဦးသိန်းစိန်ဟာ မှတ်သားစရာ စကားတစ်ခွန်း ပြောခဲ့ပြန်ပါပြီ။ ဧရာဝတီတိုင်း ငပုတောမှာ သမ္မတ ဦးသိန်းစိန် ပြောခဲ့တာတွေထဲမှာ “ကျွန်တော်တို့ တပ်မတော် အစိုးရအုပ်ချုပ်တဲ့ စနစ်ကနေပြီးတော့ ပြည်သူလူထု ရွေးချယ်တင်မြှောက်တဲ့ အစိုးရစနစ်နဲ့ လွှတ်တော်တို့ အစိုးရတို့ စသည်အားဖြင့် ဒီစနစ်နဲ့ အုပ်ချုပ်တဲ့ ဒီမိုကရေစီစနစ်ကို ကျွန်တော်တို့ ပြောင်းပြီးပြီ။ နောက်ထပ် ဘာများ ပြောင်းချင်သေးလဲ။ နောက်ထပ် ပြောင်းဖို့ကတော့ အခြားမရှိတော့ဘူး။ ကွန်မြူနစ်ပဲ ရှိတော့တယ်။ ကွန်မြူနစ် ပြောင်းချင်လား၊ ဘယ်သူမှ မပြောင်းချင်ဘူး။ ဟုတ်တယ်မလား” ဆိုတာပဲ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်ပြောတာ မှန်မမှန်၊ သမ္မတကြီး ဘဝမေ့သွားလို့ ဒီလိုစကားမျိုး ပြောတာလေလား ဒီကနေ့ ဝေဖန် ဆွေးနွေး ကြည့်ကြရအောင်ပါ။
ပထမတစ်ခု ဆွေးနွေးဖို့လိုတာကတော့ သမ္မတကြီးပြောတဲ့ တပ်မတော်အစိုးရ အုပ်ချုပ်တဲ့ စနစ် ကနေပြီးတော့ ပြည်သူလူထု ရွေးချယ်တင်မြှောက်တဲ့ ဒီမိုကရေစီစနစ်ကို ပြောင်းပြီးပြီဆိုတဲ့ စကားပါ။ ကောင်းပါပြီ။ အရင် အစိုးရကို သမ္မတကြီးက တပ်မတော်အစိုးရလို့ ခေါ်ပါတယ်။ ဒါပေမယ့် တကယ့်တကယ် သရုပ်လက္ခဏာကတော့ စစ်အာဏာရှင် စနစ်ပါ။ ဒီလို ပြောရတာကလည်း အကျိုးအကြောင်း ခိုင်ခိုင်လုံလုံ ရှိပါတယ်။ တပ်မတော်အင်အားကို အသုံးပြုပြီး ထိပ်ဆုံးက အာဏာရှင်ကြီး တစ်ယောက်က သူ့သဘောနဲ့သူ တိုင်းပြည်ကို အုပ်ချုပ် မင်းလုပ်တာမို့ပါ။ မြန်မာပြည်မှာ ဦးသိန်းစိန် သမ္မတမဖြစ်ခင် အုပ်ချုပ်ခဲ့သူဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံကို ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ခုခုနဲ့ အုပ်ချုပ်ခဲ့တာ မဟုတ်ပါဘူး။ စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ မရှိတဲ့အတွက် သူ့ကို အနားပေးမယ့် ဥပဒေ မရှိသလို၊ ထုတ်ပယ်နိုင်တဲ့ နည်းနာတွေလည်း မရှိပါဘူး။ ပိုပြီးဆိုးစေတာက တပ်မတော်ကိုယ်တိုင်မှာလည်း သူ့ကို အသက်ပြည့်လို့ အနားပေးနိုင်တာ၊ သူ့ကို တာဝန်ကနေ ဖယ်ရှားနိုင်တာ စတာမျိုး လုပ်နိုင်တဲ့ ပြဌာန်းချက်တွေ ရှိမနေပါဘူး။ ဒီလို အခြေအနေမျိုး အောက်မှာ တိုင်းပြည်ကို တစ်ဦးတည်းသဘောနဲ့ စီမံအုပ်ချုပ်ခဲ့လို့ စစ်အာဏာရှင် စနစ်နဲ့ အုပ်ချုပ်တာလို့ သတ်မှတ်ရတာပဲ ဖြစ်ပါတယ်။
ကောင်းပါပြီ။ ၂၀၀၈ ရောက်တော့ စစ်အစိုးရဟာ လက်ရှိ ကျင့်သုံးနေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာကို ရေးဆွဲပါတယ်။ ဖွဲ့စည်းပုံ ရေးရာမှာ အလွှာကြီး ဘယ်နှစ်လွှာပါတယ်၊ လက်နက်ကိုင် တိုင်းရင်းသား ကိုယ်စားလှယ်တွေပါတယ် ဘာညာသာရကာ ပြောမနေပါနဲ့။ ဘယ်သူ့စကား၊ ဘယ်သူ့အကြံပြုချက်ကိုမှ နားမထောင်ပဲ အဲဒီဖွဲ့စည်းပုံကို စစ်အာဏာရှင်တွေ စိတ်ကြိုက် ရေးဆွဲ အတည်ပြုခဲ့တာပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူလူထု ရာခိုင်နှုန်း ဘယ်လောက် ထောက်ခံတယ်ဆိုတာကလည်း အတုအယောင်တွေပါ။ စစ်အာဏာရှင် စနစ်အောက်မှာ ကိုယ်လိုရာ ရလဒ်အဖြေ ထွက်လာဖို့လုပ်တဲ့ လူထုဆန္ဒခံယူပွဲပါ။
ဒီလိုနဲ့ ၂၀၁၀ ခုနှစ်မှာ အထွေထွေ ရွေးကောက်ပွဲ လုပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံတွေကို နေအိမ်အကျယ်ချုပ် ချသူချ၊ ထောင်ထဲထည့်သူ ထည့်ထားပြီး လုပ်တဲ့ ရွေးကောက်ပွဲပါ။ အင်န်အယ်လ်ဒီလို ပါတီကို ရွေးကောက်ပွဲ မဝင်နိုင်အောင် လုပ်ထား၊ သတင်းမီဒီယာကို အမှောင်ချ၊ ဘယ်နိုင်ငံတကာ လေ့လာသူတွေကိုမှ အဝင်မခံပဲ စစ်အစိုးရ စိတ်တိုင်းကျ လုပ်ခဲ့တဲ့ ရွေးကောက်ပွဲပါ။ ရွေးကောက်အပြီးမှာတော့ လွှတ်တော်ခေါ်ယူတာ လုပ်ခဲ့သလို၊ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့သစ် ဆိုတာလည်း ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
တကယ်တော့ လွှတ်တော်နဲ့ အစိုးရအဖွဲ့ဟာ ရွေးကောက်ပွဲကြောင့် ပေါ်ပေါက်လာတယ်လို့ ဆိုပေမယ့် ဒီမိုကရေစီနည်းကျ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ မဟုတ်ခဲ့သလို၊ လွှတ်တော်အမတ်တွေရော၊ သမ္မတနဲ့ အစိုးရအဖွဲ့ဝင်တွေပါ ပြည်သူလူထုက တကယ်ရွေးကောက် တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ် အစစ်အမှန်တွေ မဟုတ်ခဲ့ပါဘူး။ သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းအပါအဝင် ၂၀၁၀ အလွန် ဇာတ်ကောင်အားလုံးကို အနားယူသွားပြီဖြစ်တဲ့ အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အသေအချာ နေရာချထားပေးသွားတာပါ။ အဲလို တစ်ယောက်စီ စိတ်ကြိုက် နေရာချထားပေးသွားပြီး၊ အဲဒီတာဝန်၊ ရာထူး ရခဲ့ကြသူ အားလုံးဟာလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနေရာ ချထားပေးလို့ အာဏာရခဲ့တယ်ဆိုတဲ့ ကိစ္စ အစိုးရ ထိပ်ပိုင်းခေါင်းဆောင် အားလုံးလိုလိုက ဝန်ခံ ပြောဆိုကြပါတယ်။
၂၀၁၀ ဆိုတာ တကယ့်ကို ဒီမိုကရေစီကို ကူးပြောင်းတဲ့ နှစ်၊ ၂၀၁၀ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီနည်းကျ ပြည်သူတွေ ရွေးကောက် တင်မြှောက်လိုက်တဲ့ အစိုးရ တက်လာနိုင်တဲ့ ရွေးကောက်ပွဲ၊ အဲဒီ အပြောင်းအလဲဟာ တကယ့် ဒီမိုကရေစီ အပြောင်းအလဲစတဲ့ ရယ်စရာ စကားမျိုးကိုတော့ ဘယ်အစိုးရ ခေါင်းဆောင်၊ ဘယ်ဝန်ကြီးကမှ မပြောကြပါဘူး။ ဗိုလ်ချုပ်မှူးကြီးက သဘောမကျလို့ လွှတ်တော်ထဲ ခွေထားခံရတဲ့ သူရဦးရွှေမန်း တစ်ယောက်ပဲ သူတို့ လွှတ်တော်ဟာ တကယ့်ကို ပြည်သူတွေ ရွေးကောက် တင်မြှောက်လိုက်တဲ့ လွှတ်တော် ဖြစ်သယောင်ယောင် ရယ်စရာတွေ ထထ ပြက်လုံးထုတ်တာမျိုးပဲ ရှိတတ်တာပါ။
သမ္မတ ဦးသိန်းစိန် ပြောခဲ့တဲ့ အပြောင်းအလဲဆိုတာဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တစ်ယောက်တည်းကနေ စစ်ယူနီဖေါင်းဝတ်ပြီး တိုင်းပြည်ကို အုပ်ချုပ်နေရာကနေ၊ ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နှစ်ယောက်ကို ပူးပေါင်း အုပ်ချုပ်ခိုင်းလိုက်တဲ့ သဘောပဲ ဖြစ်ပါတယ်။ စစ်ဘုရင် တစ်ပါးတည်း အုပ်ချုပ်ရာကနေ စစ်ဘုရင်နှစ်ပါး အုပ်ချုပ်ဖို့ လက်လွှဲပေးလိုက်တာပါ။ ကျန် အစိုးရအဖွဲ့ဝင် ၀န်ကြီး အပါအဝင် နေရာတကာမှာလည်း စစ်ဗိုလ်ချုပ်တွေကချည်း တိုင်းပြည်ကို အုပ်ချုပ်နေတာပါပဲ။ သမ္မတ ဦးသိန်းစိန်ပြောတဲ့ ပြည်သူလူထု ရွေးချယ်တင်မြှောက်တဲ့စနစ် မဟုတ်သလို၊ ဒီမိုကရေစီစနစ်ကို ပြောင်းလဲပြီးပြီ ဆိုတာလည်း လုံးဝ မမှန်တဲ့ ဟာသ ပြက်လုံးပါ။
တကယ်တော့ သမ္မတ ဦးသိန်းစိန်ဟာ ခုတလော ပြန်ကြားရေး ၀န်ကြီးဌာနက ဝါဒဖြန့်တဲ့ “ပြည်သူထဲက သမ္မတ” ဆိုတဲ့ အစီအစဉ်ကို ကြည့်မိပြီး သူ့ကို အရင်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သမ္မတနေရာ ချပေးသွားတာကို မေ့လျော့သွားပုံ ရပါတယ်။ ဘေးတီး မြှောက်ပင့်ပေးတဲ့ သူတွေကြောင့် သူ့ကိုယ်သူလည်း တကယ့်ကို ပြည်သူတွေက ဒီမိုကရေစီနည်းအရ တင်မြှောက်ခံထားရသူ ဖြစ်သယောင် ထင်မှတ်မှားသွားတာ ဖြစ်နိုင်ပါတယ်။ ဒီထက် ပိုဆိုးတာက “နောက်ထပ် ပြောင်းဖို့ကတော့ အခြား မရှိတော့ဘူး။ ကွန်မြူနစ်ပဲ ရှိတော့တယ်။ ကွန်မြူနစ် ပြောင်းချင်လား၊ ဘယ်သူမှ မပြောင်းချင်ဘူး။ ဟုတ်တယ် မလား” ဆိုတဲ့ ပြောစကားပါ။ သမ္မတ ဦးသိန်းစိန်အနေနဲ့ ဒီစကားကို ဘယ်လို ရည်ရွယ်ချက်နဲ့ပဲ ပြောလိုက်သည် ဖြစ်စေ၊ တိုင်းပြည်ကို တကယ် ပြောင်းလဲချင်တဲ့ ပြည်သူလူထုရဲ့ ဆန္ဒနဲ့ ပြည်သူလူထု တစ်ရပ်လုံးကို ကွန်မြူနစ်ဆိုပြီး မဟုတ်မဟတ် တံဆိပ်ကပ်ဖို့ ကြိုးစားတဲ့ အဓိပ္ပါယ်ပဲ ဖြစ်နိုင်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။