လက္ရွိ ေဆာ္ဒီ အာေရး ဗီးယားႏုိင္ငံမွာ ေနထုိင္ေနၾကတဲ့ ျမန္မာႏုိင္ငံသား ၂၅၀,၀၀၀ ေက်ာ္ထဲက တဝက္ျဖစ္တဲ့ ၁၂၅,၀၀၀ ေက်ာ္ကုိ ေဆာ္ဒီအစုိးရက ဒုကၡသည္ေတြ အျဖစ္ ၄ ႏွစ္ၾကာ ေနထုိင္ခြင့္ျပဳမယ့္ ခြင့္ျပဳခ်က္ထုတ္ေပးလုိက္ၿပီ ျဖစ္တဲ့အတြက္ အဲဒီလူေတြရဲ႕ ေနထုိင္ခြင့္ အေျခအေနကုိ အတိအက် သတ္မွတ္ေပးလုိက္ရာ ေရာက္ပါတယ္။
အဲဒီ ေနထုိင္ခြင့္ပါမစ္ေတြကုိ Makkah ၿမိဳ႕ ႏုိင္ငံကူးလက္မွတ္ဌာနက ထုတ္ေပးလုိက္တာျဖစ္ၿပီး က်န္ဒုကၡသည္ေတြရဲ႕ကိစၥကုိလည္း ဆက္လက္ ေဆာင္ရြက္ေနတယ္လုိ႔ ဆုိပါတယ္။
ျမန္မာႏုိင္ငံက ဒုကၡသည္ေတြအတြက္ တရားဝင္ေနထုိင္ခြင့္ကိစၥကုိ ေဆာ္ဒီအစုိးရက လြန္ခဲ့တဲ့ ၂ ႏွစ္ေလာက္ကတည္းက စတင္ ေဆာင္ရြက္လာတာျဖစ္ၿပီး အဲဒီလုိ လုပ္ေဆာင္တာ ဒါပထမဆုံးအႀကိမ္ျဖစ္တဲ့အတြက္ ကုလသမဂၢက ေဆာ္ဒီအစုိးရရဲ႕ ေဆာင္ရြက္မႈကုိ ႀကိဳဆုိလုိက္ပါတယ္။
ျမန္မာႏုိင္ငံက ဒုကၡသည္ေတြကုိ လူသားခ်င္းနာေထာက္ထားတဲ့အေနနဲ႔ လူမ်ဳိး၊ ဘာသာနဲ႔ ေျပာဆုိတ့ဲ ဘာသာစကားမေရြး အခမဲ့ေနထုိင္ခြင့္ပါမစ္ေတြ ထုတ္ေပးခဲ့ျခင္းျဖစ္တယ္လုိ႔ ေဆာ္ဒီအစုိးရက ေျပာပါတယ္။
ေနထုိင္ခြင့္ပါမစ္ရရွိသူေတြအေနနဲ႔ အခမဲ့ က်န္းမာေရးေစာင့္ေရွာက္မႈ၊ အခမဲ့ပညာသင္ၾကားခြင့္နဲ႔ အလုပ္လုပ္ခြင့္ေတြပါ ရရွိမွာျဖစ္တယ္လုိ႔ ဆုိပါတယ္။
ဒုကၡသည္ေတြ ေနထုိင္ခြင့္ပါမစ္ထုတ္ေပးေရး ေဆာ္ဒီအစုိးရရဲ႕ ေဆာင္ရြက္ခ်က္ေတြကုိသိရွိခြင့္ရေအာင္ UNHCR ကုလသမဂၢ ဒုကၡသည္မ်ားဆုိင္ရာ မဟာမင္းႀကီး႐ုံးက ကုိယ္စားလွယ္ေတြ မၾကာေသးခင္က ေဆာ္ဒီအာေရးဗီးယားႏုိင္ငံကုိ သြားေရာက္ေလ့လာခဲ့ၾကတာ ျဖစ္ပါတယ္။
ဗီြအိုေအ (ျမန္မာဌာန)
http://burmese.voanews.com

.....................
လက်ရှိ ဆော်ဒီ အာရေး ဗီးယားနိုင်ငံမှာ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသား ၂၅၀,၀၀၀ ကျော်ထဲက တဝက်ဖြစ်တဲ့ ၁၂၅,၀၀၀ ကျော်ကို ဆော်ဒီအစိုးရက ဒုက္ခသည်တွေ အဖြစ် ၄ နှစ်ကြာ နေထိုင်ခွင့်ပြုမယ့် ခွင့်ပြုချက်ထုတ်ပေးလိုက်ပြီ ဖြစ်တဲ့အတွက် အဲဒီလူတွေရဲ့ နေထိုင်ခွင့် အခြေအနေကို အတိအကျ သတ်မှတ်ပေးလိုက်ရာ ရောက်ပါတယ်။
အဲဒီ နေထိုင်ခွင့်ပါမစ်တွေကို Makkah မြို့ နိုင်ငံကူးလက်မှတ်ဌာနက ထုတ်ပေးလိုက်တာဖြစ်ပြီး ကျန်ဒုက္ခသည်တွေရဲ့ကိစ္စကိုလည်း ဆက်လက် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံက ဒုက္ခသည်တွေအတွက် တရားဝင်နေထိုင်ခွင့်ကိစ္စကို ဆော်ဒီအစိုးရက လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက စတင် ဆောင်ရွက်လာတာဖြစ်ပြီး အဲဒီလို လုပ်ဆောင်တာ ဒါပထမဆုံးအကြိမ်ဖြစ်တဲ့အတွက် ကုလသမဂ္ဂက ဆော်ဒီအစိုးရရဲ့ ဆောင်ရွက်မှုကို ကြိုဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံက ဒုက္ခသည်တွေကို လူသားချင်းနာထောက်ထားတဲ့အနေနဲ့ လူမျိုး၊ ဘာသာနဲ့ ပြောဆိုတဲ့ ဘာသာစကားမရွေး အခမဲ့နေထိုင်ခွင့်ပါမစ်တွေ ထုတ်ပေးခဲ့ခြင်းဖြစ်တယ်လို့ ဆော်ဒီအစိုးရက ပြောပါတယ်။
နေထိုင်ခွင့်ပါမစ်ရရှိသူတွေအနေနဲ့ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ အခမဲ့ပညာသင်ကြားခွင့်နဲ့ အလုပ်လုပ်ခွင့်တွေပါ ရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒုက္ခသည်တွေ နေထိုင်ခွင့်ပါမစ်ထုတ်ပေးရေး ဆော်ဒီအစိုးရရဲ့ ဆောင်ရွက်ချက်တွေကိုသိရှိခွင့်ရအောင် UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ကိုယ်စားလှယ်တွေ မကြာသေးခင်က ဆော်ဒီအာရေးဗီးယားနိုင်ငံကို သွားရောက်လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com