၅.၁၁.၂၀၁၅ ရက်နေ့မှစ၍ နေပြည်တော်အခြေပြုဝန်ကြီးဌာနရုံးများရှိ ၀န်ထမ်းတဦးချင်းစီသို့ မည်သို့ရောက်လာမှန်းမသိသော “ဒို့ အစိုးရ ဒို့ သမ္မတ ဒို့ သမ္မတကြီးပါတီကို မဲပေးကြစို့” စာတမ်းပါ နိုင်ငံတော်သမ္မတ ဦးသိန်စိန်ဓါတ်ပုံဖြင့် ၂၀၁၆ ခုနှစ်ပြက္ခဒိန်များ ဝေငှလျက်ရှိကြောင်း သိရသည်။ ၀န်ထမ်းအိမ်ယာတွင် နေထိုင်ကြသော ၀န်ထမ်းတဦးချင်းစီကို ဈေးအသွားတွင်လည်းကောင်း ရုံးတက်ချိန်တွင်လည်းကောင်း ရုံးဆင်းချိန်တွင်လည်းကောင်း မော်တော်ယာဉ်ပေါ် အတက်အဆင်းတွင်သော်လည်းကောင်း ဝေငှမှုပြုနေကြောင်း သိရှိရသည်။
ထွန်း (နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
ထွန်း (နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)