စစ်တွေ၊ နိုဝင်ဘာ ၅
ရခိုင်ပြည်နယ် ကျောက်တော်တွင် မြို့မိမြို့ဖ ၁၀ ဦးကို ရဲက ဖမ်းဆီးသည်ဆိုသော သတင်းကြောင့် ယနေ့ နံနက်က ရဲစခန်းရှေ့တွင် လူစု လူဝေး ဖြစ်ပေါ်ခဲ့ကြောင်း သတင်း ရရှိသည်။
“ မြို့မိမြို့ဖ ၁၀ ယောက်လောက်ကို ကျောက်တော်မြို့မ ရဲစခန်းမှာ ဖမ်းထားတယ်လို့ သတင်း ထွက်လာတယ်။ အဲဒီနောက်ပိုင်းမှာ လူပေါင်း ၁၀၀ လောက်က ရဲစခန်းရှေ့ကို စုရုံး ရောက်ရှိလာခဲ့တယ်။ လူစု လူဝေးဖြစ်လာတယ်။ ဖမ်းဆီးခံရတာက ကမ်းနားလမ်းကိစ္စနဲ့ ပတ်သက်နေတယ်လို့ ထင်ပါတယ်”ဟု ကျောက်တော်မြို့ခံ ဦးအေးသိန်းကပြောသည်။
နိရဉ္စရာမှ ကျောက်တော်ဒေသခံ တစ်ဦးဖြစ်သူ ဦးမြင့်နိုင်အား ဆက်သွယ်မေးမြန်းရာ ဖမ်းဆီးခြင်း မဟုတ်ဘဲ ခေါ်ယူမေးမြန်းခြင်း သာ ဖြစ်ကြောင်း ပြောဆိုသည်။
“ ဖမ်းတာတော့ မဟုတ်ပါဘူး။ ကျောက်တော်မှာ ကမ်းထိန်းနံရံ တည်ဆောက်နေတော့ ဆိုင်အချို့ ဖျက်သိမ်းခံရတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရဲကို တိုင်တယ်လို့ သိရပါတယ်။ ဒီအပေါ်မှာ ရဲက ခေါ်ယူမေးမြန်း တာ ဖြစ်ပါတယ်။ အခုတော့ ပြန်လွှတ်လိုက်ပါပြီ” ဟု ဦးမြင့်နိုင်က ပြောသည်။
သို့သော်လည်း လူပေါင်း တစ်ရာထိ စုရုံးရောက်ရှိပြီး ၀ိုင်းဝန်း တောင်းဆိုမှု ပေါ်ပေါက်ခဲ့သဖြင့် ယခု ဖြစ်ရပ်တွင် ထင်တာ ထက် လေးနက်သော အကြောင်းအရာများ ရှိနိုင်ကြောင်း ဒေသခံ တစ်ဦးဖြစ်သူ ဦးဇော်ဝင်းက သုံးသပ် ပြောကြားသည်။
“အခုအခြေအနေကို ပြောရမယ်ဆိုရင်တော့ စခန်းမှူး၊ မြို့နယ်မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ ရဲစခန်းကို ၀င်သွားခဲ့ကြတာ ကိုလည်းတွေ့ရတယ်။ ကျွန်တော်တို့ ကျတော့ အထဲကနေပြီးတော့ မောင်းထုတ် ခံရတယ်။ လူတွေ ဒေါသထွက်ပြီးတော့ အုံကြွမှုတွေဖြစ်လာအောင် လုပ်ဆောင်နေ သလိုမျိုးဖြစ်နေခဲ့တာ ကို မြင်တွေ့ခဲ့ပါတယ်”ဟု သူက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဆရာတော်သုံးပါးလည်း ရဲစခန်းထဲသို့ ကြွရောက်ပြီး ဖြေရှင်းခဲ့ရသည်ဟု သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ အသေးစိတ်သိရှိရန် ကျောက်တော်မြို့မ စခန်းမှူးကို နိရဉ္စရာသတင်းဌာနက အကြိမ်ကြိမ်ဆက်ဖုန်းဆက်သော်လည်း ဖုန်းပိတ်ထားသဖြင့် အခြေအနေ အသေးစိတ်ကို မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။
( ယနေ့ ရဲစခန်းရှေ့တွင် ဖြစ်ပေါ်ခဲ့သော မြင်ကွင်း)
စံမောင်သန်း
Arakan State
https://www.facebook.com/NarinjaraNews
.................................................
က်ာက်တော်တြင် မြို့မိမြို့ဖမ်ား ဖမ်းဆီးခံရသတင်းကြောင့် ရဲစခန်းရွေ့ လူစုလူဝေျးဖစ်
စစ်တြေ၊ နိုဝင္ဘာ ၅
ရခိုင်ျပည္နယ် ကော်က်တော်တြင်ျမို့မိမြို့ဖ ၁၀ ဦးကို ရဲက ဖမ်းဆီးသည္ဆိုသော သတင်းကြောင့် ယေန့ နံနက္က ရဲစခန်းရွေ့တြင် လူစု လူဝေျးဖစ်ပေါ်ခဲ့ကြောင်း သတင်း ရရွိသည်။
“ျမို့မျိမို့ဖ ၁၀ ယောက်လောက္ကို ကော်က်တော်မြို့မ ရဲစခန်းမွာ ဖမ်းထားတယ္လို့ သတင်း ထြက္လာတယ်။ အဲဒီနောက္ပိုင်းမွာ လူပေါင်း ၁၀၀ လောက္က ရဲစခန်းရွေ့ကို စုရုံး ရောက်ရွိလာခဲ့တယ်။ လူစု လူဝေျးဖစ္လာတယ်။ ဖမ်းဆီးခံရတာက ကမ်းနားလမ်းကိစ္စနဲ့ ပတ်သက်နေတယ္လို့ ထင္ပါတယ်”ဟု ကော်က်တော်မြို့ခံ ဦးအေးသိန်းကျေပာသည်။
နိရဉ္စရာမွ ကော်က်တော်ဒေသခံ တစ်ဦျးဖစ်သူ ဦျးမင့်နိုင်အား ဆက်ြသယ်မေျးမန်းရာ ဖမ်းဆီျးခင်း မဟုတ္ဘဲ ခေါ်ယူမေျးမန်ျးခင်း သျာဖစ်ကြောင်းျေပာဆိုသည်။
“ ဖမ်းတာတော့ မဟုတ္ပါဘူး။ ကော်က်တ္မေွာာ ကမ်းထိန်းနံရံ တည်ဆောက်နေတာ့ ဆိုင်အခို့ ဖ်က်သိမ်းခံရတယ်။ ဒီကိစ္စနဲ့ ပတ်သက်ျပီး ရဲကို တိုင္တယ္လို့ သိရပါတယ်။ ဒီအေပ်ါမွာ ရဲက ခေါ်ယူမေျးမန်း တျာဖစ္ပါတယ်။ အခုတေျာ့ပန္လွှတ္လိုက္ပျါပီ” ဟု ဦျးမင့်နိုင္ကျေပာသည်။
သို့သ္လောည်း လူပေါင်း တစ်ရာထိ စုရုံးရောက်ရျွိပီး ၀ိုင်းဝန်း တောင်းဆိုမှု ပေါ်ပေါက္ခဲ့သျဖင့် ယချုဖစ်ရပ္တြင် ထင္တာ ထက် လေးနက်သော အေကြာင်းအရာမ်ား ရွိနိုင်ကြောင်း ဒေသခံ တစ်ဦျးဖစ်သူ ဦးဇော်ဝင်းက သုံးသပ်ျေပာကြားသည်။
“အခုအျေခအေနကိုျေပာရမယ္ဆိုရင်တော့ စခန်းမွူး၊ မြို့နယ္မွူး၊ မြို့နယ်အုပ္ခ်ုပ်ရေးမွူးတြေ ရဲစခန်းကို ၀င်ြသားခဲ့ကြတာ ကိုလည်းတြေ့ရတယ်။ ကျန်ြတ္တောို့ က်တော့ အထဲကေနပြီးတော့ မောင်းထုတ် ခံရတယ်။ လူတြေ ဒေါသထြက်ပြီးတော့ အုံကြမှုတျြေဖစ္လာအောင် လုပ်ဆောင်နေ သလိုမိုျးဖစ်နေခဲ့တာ ကျိုမင်တြေ့ခဲ့ပါတယ်”ဟု သူက နိရဉ္စရာသတင်းဌာနသို့ျေပာသည်။
အဆိုပါကိစ္စနွင့် ပတ်သက်ျပီး ဆရာတော်သုံးပါးလည်း ရဲစခန်းထဲသို့ ကြေရာက်ျပီးျေဖရွင်းခဲ့ရသည်ဟု သိရသည်။
အဆိုပါကိစ္စနွင့်ပတ်သက်၍ အေသးစိတ်သိရွိရန် ကော်က်တော်မြို့မ စခန်းမွူးကို နိရဉ္စရာသတင်းဌာနက အကြိမ်ကြိမ္ဆက္ဖုန်းဆက်သ္လောည်း ဖုန်းပိတ္ထားသျဖင့် အျေခအေန အေသးစိတ္ကို မေျးမန်းတင်ျပနိုင်ျခင်း မရွိပါ။
( ယေန့ ရဲစခန်းရွေ့တြင်ျဖစ်ပေါ်ခဲ့သျောမင္ကြင်း)
စံမောင်သန်း
Arakan State
https://www.facebook.com/NarinjaraNews