Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဦးေအာင္မင္းမဲဆြယ္ခရီးစဥ္ KNPP ပါဝင္ေနျခင္း ေဒသခံမ်ားစိုးရိမ္

$
0
0

 ရွားေတာၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ (၇ ) အမ်ိဳးသားလႊတ္ေတာ္ေနရာတြင္ တသီးပုဂၢလ ၀င္ေရာက္ယွဥ္ၿပိဳင္ေသာ ျပည္ေထာင္စု၀န္ႀကီး ဦးေအာင္မင္း ၏ မဲဆြယ္စည္းရံုးေရးခရီးစဥ္တြင္ KNPP အဖြဲ႕၀င္အခ်ိဳ႕ လိုက္ပါျခင္းေၾကာင့္ ေဒသခံျပည္သူမ်ား ႏွင့္ ႏိုင္ငံေရးပါတီမ်ား စိုးရိမ္ေနၾကေၾကာင္း သိရသည္။

“KNPP ရဲေဘာ္ေတြ ပါ၀င္ေနတာေတာ့မဟုတ္ပါဘူး။ရွားေတာ ၿမိဳ႕နယ္ ေျမာက္ပိုင္းေက်းရြာအုပ္စု က ၿမိဳ႕နယ္ မွဴးအဆင့္ရွိတဲ့ သူက ကိုယ္တိုင္လိုက္သြားတယ္။ သူက လိုက္ၿပီးေတာ့ ဘယ္လိုေျပာရမွာလဲ။ ဦးေအာင္မင္းတို႕ အႏိုင္ရရွိမွ ၿငိမ္းခ်မ္းေရးဆိုတာ ရႏိုင္မယ္ေပ့ါေလ။ အဲလို လိုက္ၿပီးေတာ့ ေဟာေပးတာေပ့ါ။ အဲလိုမ်ိဳး က်ေနာ္ သိရတာေပ့ါ။ ဒီရြာကလူေတြ ေျပာျပတာေပ့ါ။စကားျပန္နဲ႕ လိုက္တာလည္းမဟုတ္ဘူး။ သူတို႕ စကားျပန္ရွိၿပီးသား ။” ဟု ရွားေတာၿမိဳ႕နယ္ ကယားလူမ်ိဳးစုဒီမိုကေရစီပါတီ၀င္ တစ္ဦးက ဆိုသည္။

ထိုကဲ့သို႕ ဦးေအာင္မင္း ေအာင္ႏိုင္ေရးမဲဆြယ္စည္းရံုးေရးတြင္ လုိက္ပါျခင္းျဖင့္ ေဒသခံမ်ားက အထင္အျမင္လႊဲမွားေစႏိုင္သည့္အတြက္ စိုးရိမ္မိျခင္းျဖစ္သည္ဟုဆိုပါသည္။

“KNPP က ဦးေအာင္မင္း မဲဆြယ္စညး္ရံုးေရးမွာ လိုက္ပါေနတယ္ ဆိုတဲ့ သတင္းက ထြက္ေနတယ္။ KNPPလူေတြကလည္း ဒီကိစၥက မဟုတ္ဘူးဆိုၿပီး ျငင္းျပန္ေရာ။ ဒါေပမယ့္ သတင္းက ၾကားေနတယ္။ ဘယ္လိုလဲေတာ့ မသိဘူး။” ဟု NLD ကို အားေပးေထာက္ခံသူ ရွားေတာၿမိဳ႕မွ လူငယ္တစ္ဦးက ဆိုသည္။

ထိုကဲ့သုိ႕ KNPP ၀င္ တခ်ိဳ႕က ဦးေအာင္မင္း မဲဆြယ္ခရီးစဥ္တြင္ လိုက္ပါျခင္းေၾကာင့္ အျခားပါတီမ်ားအတြက္ သံသယျဖစ္ေနသလို အဟန္႕အတားျဖစ္ေနေၾကာင္း ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကရက္တစ္(က်ားျဖဴ) ပါတီ၀င္ တစ္ဦးေျပာသည္။

၄င္းႏွင့္ပတ္သက္ၿပီး ဦးေအာင္မင္း ဆန္အိတ္(၂၀၀)လာေရာက္စည္းရုံးေရးဆင္းခ်ိန္တြင္ KNPP ဘက္မွတပ္မ်ားကလည္း ေရာက္ရွိေနသည့္အခ်ိန္ျဖစ္သည့္အတြက္ တိုက္ဆိုက္သြားျခင္းျဖစ္သည္ဟု လြိဳင္ေကာ္ၿမိဳ႕နယ္ KNPP ဆက္ဆံေရးရံုမွ တာ၀န္ခံ ခူးေညးရယ္က ေျပာပါသည္။

၎က “အမွန္ကေတာ့ ဦးေအာင္မင္းက ဆန္ကူညီတယ္ေလ။ ၿပီးခဲ့တဲ့တေခါက္က။ ဆန္ကူညီေတာ့ ဘယ္လိုပါတီ ပဲျဖစ္ျဖစ္ အကူအညီလာေပးရင္ လူထုဆီ စနစ္တက်ေရာက္ေအာင္ေတာ့ က်ေနာ္တို႕ကူညီရတာပဲေလ။ ဘာျဖစ္လို႕လဲဆို ဥပမာ - ၿငိမ္းေဖာင္ေဒးရွင္းလည္းက်ေနာ္တို႕ကူညီတယ္။ ၿပီးခဲ့တဲ့ ေမာ္ခ်ီးေတာင္ၿပိဳတုန္းကလည္း က်ေနာ္တို႕သြားကူညီတာပဲေလ။” ဟု ေျပာသညါ။

KNPP သည္ လက္ရွိမဲဆြယ္စည္းရံုးေရးအခ်ိန္တြင္ လူမွဳအကူအညီကုိ ကူညီေနျခင္းမဟုတ္ပဲ ယခင္ အပစ္အခတ္ရပ္စဲေရးမယူခ်ိန္ကတည္းက ျမိဳ႕ႏွင့္အလားေ၀းေသာ ေက်းရြာေတြမွာ က်န္းမာေရး၊ စား၀တ္ေနေရး စသျဖင့္ ကူညီျခင္းတြင္ ျပဳလုပ္လာခဲ့ေၾကာင္း ခူးေညးရယ္က ဆက္ေျပာသည္။

ဦးေအာင္မင္းသည္ မဲဆြယ္စည္းရံုေရးကာလတြင္ မဲဆႏၵနယ္ရွိ ေက်းရြာမ်ားကို ဆန္မ်ားေပးျခင္း ၊ အခမဲ့ ေဆးေပးခန္းဖြင့္လွစ္ေပးျခင္း၊ ရိုးရာ ဒီးကပြဲတြင္ သိန္း(၁၀၀) က လွဴဒါန္းခဲ့ဲၿပီး ရွားေတာၿမိဳ႕ေပၚ ပ်ံလြန္ေတာ္မူေသာ ဘုန္းႀကီးတစ္ပါးကို သိန္း(၁၀၀)၊ လာမည့္ ရွမ္းႏွစ္သစ္ကူးတြင္ လည္း သိန္း(၁၀၀) လွဴဖို႕လည္းရွိေၾကာင္း သိရပါသည္။

ယခင္ ၂၀၁၀ ေရြးေကာက္ပြဲတြင္ ရွားေတာၿမိဳ႕နယ္တြင္း အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ ၂ ေနရာရွိခဲ့ရာ ယခုေရြးေကာက္ပြဲတြင္ တစ္ၿမိဳ႕နယ္လုံး အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ မဲဆႏၵနယ္ အမွတ္ ၇ တစ္ခုတည္းသာ ရွိေတာ့သည္။

ရွားေတာတစ္ၿမိဳ႕နယ္လုံး မဲဆႏၵရွင္စာရင္းစုစုေပါင္း ၄၂၅၀ ေက်ာ္ ရွိၿပီး မဲရုံ ၉ ရုံ ရွိသည္။

Written by ၿဖိဳးေဝေအာင္
http://www.ktimes.org

..................................
ဦးအောင်မင်းမဲဆွယ်ခရီးစဉ် KNPP ပါဝင်နေခြင်း ဒေသခံများစိုးရိမ်

 ရှားတောမြို့နယ် မဲဆန္ဒနယ် အမှတ် (၇ ) အမျိုးသားလွှတ်တော်နေရာတွင် တသီးပုဂ္ဂလ ၀င်ရောက်ယှဉ်ပြိုင်သော ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ၏ မဲဆွယ်စည်းရုံးရေးခရီးစဉ်တွင် KNPP အဖွဲ့ဝင်အချို့ လိုက်ပါခြင်းကြောင့် ဒေသခံပြည်သူများ နှင့် နိုင်ငံရေးပါတီများ စိုးရိမ်နေကြကြောင်း သိရသည်။

“KNPP ရဲဘော်တွေ ပါ၀င်နေတာတော့မဟုတ်ပါဘူး။ရှားတော မြို့နယ် မြောက်ပိုင်းကျေးရွာအုပ်စု က မြို့နယ် မှူးအဆင့်ရှိတဲ့ သူက ကိုယ်တိုင်လိုက်သွားတယ်။ သူက လိုက်ပြီးတော့ ဘယ်လိုပြောရမှာလဲ။ ဦးအောင်မင်းတို့ အနိုင်ရရှိမှ ငြိမ်းချမ်းရေးဆိုတာ ရနိုင်မယ်ပေ့ါလေ။ အဲလို လိုက်ပြီးတော့ ဟောပေးတာပေ့ါ။ အဲလိုမျိုး ကျနော် သိရတာပေ့ါ။ ဒီရွာကလူတွေ ပြောပြတာပေ့ါ။စကားပြန်နဲ့ လိုက်တာလည်းမဟုတ်ဘူး။ သူတို့ စကားပြန်ရှိပြီးသား ။” ဟု ရှားတောမြို့နယ် ကယားလူမျိုးစုဒီမိုကရေစီပါတီဝင် တစ်ဦးက ဆိုသည်။

ထိုကဲ့သို့ ဦးအောင်မင်း အောင်နိုင်ရေးမဲဆွယ်စည်းရုံးရေးတွင် လိုက်ပါခြင်းဖြင့် ဒေသခံများက အထင်အမြင်လွှဲမှားစေနိုင်သည့်အတွက် စိုးရိမ်မိခြင်းဖြစ်သည်ဟုဆိုပါသည်။

“KNPP က ဦးအောင်မင်း မဲဆွယ်စညး်ရုံးရေးမှာ လိုက်ပါနေတယ် ဆိုတဲ့ သတင်းက ထွက်နေတယ်။ KNPPလူတွေကလည်း ဒီကိစ္စက မဟုတ်ဘူးဆိုပြီး ငြင်းပြန်ရော။ ဒါပေမယ့် သတင်းက ကြားနေတယ်။ ဘယ်လိုလဲတော့ မသိဘူး။” ဟု NLD ကို အားပေးထောက်ခံသူ ရှားတောမြို့မှ လူငယ်တစ်ဦးက ဆိုသည်။

ထိုကဲ့သို့ KNPP ၀င် တချို့က ဦးအောင်မင်း မဲဆွယ်ခရီးစဉ်တွင် လိုက်ပါခြင်းကြောင့် အခြားပါတီများအတွက် သံသယဖြစ်နေသလို အဟန့်အတားဖြစ်နေကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်(ကျားဖြူ) ပါတီဝင် တစ်ဦးပြောသည်။

၄င်းနှင့်ပတ်သက်ပြီး ဦးအောင်မင်း ဆန်အိတ်(၂၀၀)လာရောက်စည်းရုံးရေးဆင်းချိန်တွင် KNPP ဘက်မှတပ်များကလည်း ရောက်ရှိနေသည့်အချိန်ဖြစ်သည့်အတွက် တိုက်ဆိုက်သွားခြင်းဖြစ်သည်ဟု လွိုင်ကော်မြို့နယ် KNPP ဆက်ဆံရေးရုံမှ တာဝန်ခံ ခူးညေးရယ်က ပြောပါသည်။

၎င်းက “အမှန်ကတော့ ဦးအောင်မင်းက ဆန်ကူညီတယ်လေ။ ပြီးခဲ့တဲ့တခေါက်က။ ဆန်ကူညီတော့ ဘယ်လိုပါတီ ပဲဖြစ်ဖြစ် အကူအညီလာပေးရင် လူထုဆီ စနစ်တကျရောက်အောင်တော့ ကျနော်တို့ကူညီရတာပဲလေ။ ဘာဖြစ်လို့လဲဆို ဥပမာ - ငြိမ်းဖောင်ဒေးရှင်းလည်းကျနော်တို့ကူညီတယ်။ ပြီးခဲ့တဲ့ မော်ချီးတောင်ပြိုတုန်းကလည်း ကျနော်တို့သွားကူညီတာပဲလေ။” ဟု ပြောသညါ။

KNPP သည် လက်ရှိမဲဆွယ်စည်းရုံးရေးအချိန်တွင် လူမှုအကူအညီကို ကူညီနေခြင်းမဟုတ်ပဲ ယခင် အပစ်အခတ်ရပ်စဲရေးမယူချိန်ကတည်းက မြို့နှင့်အလားဝေးသော ကျေးရွာတွေမှာ ကျန်းမာရေး၊ စားဝတ်နေရေး စသဖြင့် ကူညီခြင်းတွင် ပြုလုပ်လာခဲ့ကြောင်း ခူးညေးရယ်က ဆက်ပြောသည်။

ဦးအောင်မင်းသည် မဲဆွယ်စည်းရုံရေးကာလတွင် မဲဆန္ဒနယ်ရှိ ကျေးရွာများကို ဆန်များပေးခြင်း ၊ အခမဲ့ ဆေးပေးခန်းဖွင့်လှစ်ပေးခြင်း၊ ရိုးရာ ဒီးကပွဲတွင် သိန်း(၁၀၀) က လှူဒါန်းခဲဲ့ပြီး ရှားတောမြို့ပေါ် ပျံလွန်တော်မူသော ဘုန်းကြီးတစ်ပါးကို သိန်း(၁၀၀)၊ လာမည့် ရှမ်းနှစ်သစ်ကူးတွင် လည်း သိန်း(၁၀၀) လှူဖို့လည်းရှိကြောင်း သိရပါသည်။

ယခင် ၂၀၁၀ ရွေးကောက်ပွဲတွင် ရှားတောမြို့နယ်တွင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၂ နေရာရှိခဲ့ရာ ယခုရွေးကောက်ပွဲတွင် တစ်မြို့နယ်လုံး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ် ရ တစ်ခုတည်းသာ ရှိတော့သည်။

ရှားတောတစ်မြို့နယ်လုံး မဲဆန္ဒရှင်စာရင်းစုစုပေါင်း ၄၂၅၀ ကျော် ရှိပြီး မဲရုံ ၉ ရုံ ရှိသည်။

Written by ဖြိုးဝေအောင်
http://www.ktimes.org


Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>