Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ေက်ာက္ေတာ္နယ္တြင္ ဝန္ထမ္းတခ်ဳိ႕ ကုိယ္ႀကိဳက္သည့္ပါတီကုိ ႀကိဳတင္မဲေပးခြင့္မရဟုဆုိ

$
0
0

စစ္ေတြ၊ ႏုိဝင္ဘာ ၇

ရခုိင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္တြင္ ပညာေရးဝန္ထမ္းတခ်ဳိ႕ ကိုယ္ႀကိဳက္သည့္ ပါတီကုိ ႀကိဳတင္မဲ ေပးခြင့္ မရဟု အဆိုပါဝန္ထမ္မ်ားက နိရဥၥရာသို႔ေျပာသည္။

“က်မတို႔ႀကိဳက္တဲ့ပါတီကို ႀကိဳတင္မဲေပးမယ္ဆုိရင္ တံဆိပ္တံုးမရွိဘူးတုိ႔၊ ဘာတုိ႔ညာ တုိ႔နဲ႔ အမ်ဳိးမ်ဳိး အေၾကာင္းျပၿပီး သူတုိ႔(ေကာ္မရွင္)ႀကိဳက္တဲ့ပါတီ ဥပမာ ႀကံ့ခုိင္ေရးပါတီတု႔ိ၊ ရခုိင္မ်ဳိးခ်စ္ပါတီ ဆုိရင္ အဆင္ကုိေျပလုိ႔” ဟု ေက်ာက္ေတာ္ၿမိဳ႕နယ္ အေပါက္ဝေက်းရြာ မွ ပညာေရးဝန္ထမ္းအမ်ဳိးသမီးတစ္ဦးက ေျပာသည္။

ဝန္ထမ္းမ်ား ႀကိဳတင္မဲေပးရာတြင္ အေပါက္ဝေက်းရြာအုပ္စုရွိ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲအေနျဖင့္ ဘက္လုိက္မႈရွိေနသည္ဟုလည္း ႀကိဳတင္မဲေပးခြင့္မရေသးသည့္ ဝန္ထမ္းမ်ားက ဆုိသည္။

“က်မတို႔ မေန႔ကလည္း တစ္ေနကုန္ေစာင့္ၿပီးၿပီ။ အဆင္မေျပဘူး။ မနက္ျဖန္ဆုိ မဲရုံေစာင့္ဖုိ႔ သြားရဦးမယ္။ အခုထိ ႀကိဳတင္မဲေပးခြင့္ မရေသးဘူး။ ေကာ္မရွင္အဖြဲ႕ေတြ ေတာ္ေတာ္ ဗရုတ္သုတ္ချဖစ္ေနပါတယ္။ အခုဆုိ က်မတို႔ရြာရဲ႕ ေခ်ာင္းဖ်ားရပ္ကြက္အုပ္စုဘက္မွာလည္း အဲလုိျဖစ္ေနတယ္လုိ႔ၾကားပါတယ္”ဟုလည္း အဆုိပါေက်းရြာေန ဝန္ထမ္းတစ္ဦးက ဆုိသည္။

ယခုကိစၥႏွင့္ပတ္သက္ၿပီး အေပါက္ ဝေက်းရြာ အုပ္စု ေရြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ခြဲရုံး ဥကၠ႒ ဦးဦးသာျဖဴအား ဆက္သြယ္ေမးျမန္းရာ ယခုကိစၥမွာ မဟုတ္မွန္ဟုဆုိသည္။

“ႀကိဳတင္မဲကုိ ကလိန္ကက်စ္လုပ္တာမရွိဘူး။ အခုထိလည္း လက္ခံေနတုန္းပဲ။ က်ေနာ္တုိ႔ ေကာ္မရွင္ အဖြဲ႕ဆုိတာ ဘယ္ပါတီထည့္ပါ၊ ညာပါတီထည့္ပါလို႔ေျပာဖို႔ကုိထားဦး၊ ပါတီေတြလာစည္းရုံးရင္ေတာင္မွ သြားနားမေထာင္ဘူး။ က်ေနာ္တု႔ိေကာ္မရွင္အေနနဲ႔ ဘယ္သူ႔ကုိမွလည္း ဘက္လုိက္စရာမလုိဘူး”ဟု ဦးဦးသာျဖဴက နိရဥၥရာသုိ႔ေျပာသည္။

ေက်ာက္ေတာ္ၿမိဳ႕နယ္၊ အေပါက္ဝေက်းရြာအုပ္စုတြင္ ဆႏၵမဲေပးခြင့္ရွိသည့္ဦးေရ ၆ဝဝဝ ေက်ာ္ရွိသည္ ဟုလည္း ဦးဦးသာျဖဴ၏ေျပာျပခ်က္အရ သိရသည္။

မာန္ယုေက်ာ္ (ေရႊဝေျမ)
Arakan State
https://www.facebook.com/NarinjaraNews
................


စစ်တွေ၊ နိုဝင်ဘာ ရ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ပညာရေးဝန်ထမ်းတချို့ ကိုယ်ကြိုက်သည့် ပါတီကို ကြိုတင်မဲ ပေးခွင့် မရဟု အဆိုပါဝန်ထမ်များက နိရဥ္စရာသို့ပြောသည်။

“ကျမတို့ကြိုက်တဲ့ပါတီကို ကြိုတင်မဲပေးမယ်ဆိုရင် တံဆိပ်တုံးမရှိဘူးတို့၊ ဘာတို့ညာ တို့နဲ့ အမျိုးမျိုး အကြောင်းပြပြီး သူတို့(ကော်မရှင်)ကြိုက်တဲ့ပါတီ ဥပမာ ကြံ့ခိုင်ရေးပါတီတို့၊ ရခိုင်မျိုးချစ်ပါတီ ဆိုရင် အဆင်ကိုပြေလို့” ဟု ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာ မှ ပညာရေးဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။

ဝန်ထမ်းများ ကြိုတင်မဲပေးရာတွင် အပေါက်ဝကျေးရွာအုပ်စုရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် ဘက်လိုက်မှုရှိနေသည်ဟုလည်း ကြိုတင်မဲပေးခွင့်မရသေးသည့် ဝန်ထမ်းများက ဆိုသည်။

“ကျမတို့ မနေ့ကလည်း တစ်နေကုန်စောင့်ပြီးပြီ။ အဆင်မပြေဘူး။ မနက်ဖြန်ဆို မဲရုံစောင့်ဖို့ သွားရဦးမယ်။ အခုထိ ကြိုတင်မဲပေးခွင့် မရသေးဘူး။ ကော်မရှင်အဖွဲ့တွေ တော်တော် ဗရုတ်သုတ်ခဖြစ်နေပါတယ်။ အခုဆို ကျမတို့ရွာရဲ့ ချောင်းဖျားရပ်ကွက်အုပ်စုဘက်မှာလည်း အဲလိုဖြစ်နေတယ်လို့ကြားပါတယ်”ဟုလည်း အဆိုပါကျေးရွာနေ ဝန်ထမ်းတစ်ဦးက ဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး အပေါက် ဝကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး ဥက္ကဋ္ဌ ဦးဦးသာဖြူအား ဆက်သွယ်မေးမြန်းရာ ယခုကိစ္စမှာ မဟုတ်မှန်ဟုဆိုသည်။

“ကြိုတင်မဲကို ကလိန်ကကျစ်လုပ်တာမရှိဘူး။ အခုထိလည်း လက်ခံနေတုန်းပဲ။ ကျနော်တို့ ကော်မရှင် အဖွဲ့ဆိုတာ ဘယ်ပါတီထည့်ပါ၊ ညာပါတီထည့်ပါလို့ပြောဖို့ကိုထားဦး၊ ပါတီတွေလာစည်းရုံးရင်တောင်မှ သွားနားမထောင်ဘူး။ ကျနော်တို့ကော်မရှင်အနေနဲ့ ဘယ်သူ့ကိုမှလည်း ဘက်လိုက်စရာမလိုဘူး”ဟု ဦးဦးသာဖြူက နိရဥ္စရာသို့ပြောသည်။

ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအုပ်စုတွင် ဆန္ဒမဲပေးခွင့်ရှိသည့်ဦးရေ ၆ဝဝဝ ကျော်ရှိသည် ဟုလည်း ဦးဦးသာဖြူ၏ပြောပြချက်အရ သိရသည်။

မာန်ယုကျော် (ရွှေဝမြေ)
Arakan State
https://www.facebook.com/NarinjaraNews

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>