Published on Sat, 11/07/2015 - 11:10
EMG
...........................
ဘားအံမြို့၌ ရဲတစ်ယောက်၏ မဲလက်မှတ်အား အခြားရဲတစ်ဦးက ဆန္ဒမဲလျှို့ဝှက်ခန်းထိ၀င်ရောက်ကာ ကိုယ်တိုင်ရိုက်နှိပ်ပေးသည့်အတွက် တရားဝင်ကန့်ကွက်မှု ဖြစ်ပေါ်
Published on Sat, 11/07/2015 - 11:10
ရဲတပ်သား ထွန်းထွန်းဦးအား ရပ်ကွက် အုပ်ချုပ်ရေးမှူးမှ စစ်ဆေးနေစဉ်
ကရင်ပြည်နယ် ၊ ဘားအံမြို ့၌ ကြိုတင်ဆန္ဒမဲပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်အိမ်မှ လုံခြုံရေး ရဲဝန်ထမ်းတစ်ဦးက ဆန္ဒမဲလျှို့ဝှက်ခန်းထဲထိ၀င်ရောက်ကာ အခြားရဲတစ်ဦး၏ မဲလက်မှတ်အား ကိုယ်တိုင် ရိုက်နှိပ်ပေးသည့်အတွက် တရားဝင် ကန့်ကွက်မှု ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။
ဘားအံမြို ့ အမှတ်(၄) ရပ်ကွက် ၊ ရပ်ကွက်ရုံးများတွင် ကြိုတင်မဲပေးလျှက်ရှိရာ နိုဝင်ဘာ ၆ ရက်က ရဲတပ်သားထွန်းထွန်းဦးမှ ကြိုတင်မဲပေးပြီးနောက် တံဆိပ်တုံးကို ကိုင်ပြီး အခြား ရဲတပ်ကြပ်လှမိုး၏ ဆန္ဒမဲလက်မှတ်အားဝင်ရောက် ရိုက်နိုက်လိုက်သည့်အတွက် မဲရုံအတွင်း စောင့်ကြည့်နေသော လူ ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ကိုယ်စားလှယ်လောင်း ဦးဇော်မင်းဦး(ခ)ဇော်ရဲထက် မှ ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ကစောင့် ကြည့်နေတာ။ ရဲတပ်သားထွန်းထွန်းဦးက မဲစာရင်းလက်မှတ် ၄၆၂ ။ ဗမာတိုင်းရင်းသား မဲစာရင်း သက်သေခံလက်မှတ် အမှတ် ၁၀၀၆ နဲ ့မဲထည့်ပြီးတော့ တံဆိပ်တုံးကိုကိုင်ပြီး ရဲတပ်ကြပ်လှမိုးရဲ့ မဲလက်မှတ်မှာ ဒီမှာ ခြင်္သေ့ ၊ဒီမှာ ကြံ့ခိုင်ရေး ဆိုပြီး ထုလိုက်တာ။ တွေ့တဲ့ ဆရာမလေးက အဲလို လုပ်လို ့မရဘူးဆိုပြီး ကော်မရှင်ကို တိုင်တာ ။စစ်ဆေးပြီးတော့မှ ကိုယ်စားလှယ်လောင်းတစ်ယောက်အနေနဲ ့တရားဝင် ကန့်ကွက်တာပါ ” ဟု ကိုယ်စားလှယ်လောင်း ဦးဇော်မင်းဦး(ခ)ဇော်ရဲထက်က ပြောကြားသည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် ကိုယ်စားလှယ်လောင်းများမှ စစ်ဆေးခဲ့ပြီး ရဲတပ်ကြပ်လှမိုး၏ ဆန္ဒမဲလက်မှတ်အား ပယ်မဲအဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။
ထို့ပြင် ဘားအံမြို ့အမှတ်၁ရပ်ကွက်ရုံးတွင် ကြိုတင်မဲပေးနေသူများအား ယင်းရပ်ကွက်လမ်းမှူး ဦးအေးနိုင်မှ ဘားအံအမှတ်၁မဲဆန္ဒနယ်မှဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားတိုးတက်ရေးပါတီ ပြည်နယ်ကိုယ်စားလှယ်လောင်းဦးမြင့်အောင်၏
မဲဆွယ်စတစ်ကာကိုင်ဆောင်ကာ ကြိုတင်မဲပေးနေသူများအား ဝင်ရောက်မဲဆွယ်နေသောကြောင့် သက်ဆိုင်ရာရပ်ကျေးကော်မရှင်မှ တားမြစ်ခဲ့ရကြောင်း သိရသည်။