Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဝန္ထမ္းမ်ားတဲ့ ဇဗၺဴသီရိမွာ NLDအမတ္ေလာင္း ေဇယ်ာေသာ္ အႏိုင္ရ

$
0
0
    မဇၩိမ ေရြးေကာက္ပြဲ အထူးက႑ အနယ္နယ္မွ ေရြးေကာက္ပြဲ သတင္းမ်ား

မင္းမင္း

ေနျပည္ေတာ္၊ ႏိုဝင္ဘာ ၉ ။ ။ ေနျပည္ေတာ္ရွိ အစိုးရဝန္ထမ္းမ်ားအမ်ားဆံုးေနထိုင္ရာ ဇဗၺဴသီရိၿမိဳ႕နယ္တြင္ ႀကံ့ခိုင္ေရးပါတီမွ ေလတပ္ဦးစီးခ်ဳပ္ေဟာင္း တျဖစ္လဲ ဆက္သြယ္ေရးဝန္ႀကီးေဟာင္း ဦးျမတ္ဟိန္းႏွင့္ အႀကိတ္အနယ္ယွဥ္ၿပိဳင္ရသည့္ NLDအမတ္ေလာင္း ဦးၿဖိဳးေဇယ်ာေသာ္သည္ ေရြးေကာက္ပြဲ မဲရလာဒ္မ်ားအရ အႏိုင္ရရွိသြားၿပီဟု NLDေအာင္ႏုိင္ေရးအဖြဲ႔ဝင္တစ္ဦးက မဇၩိမကို ေျပာသည္။

မဲ႐ံုေပါင္း ၃၃႐ံုရွိသည့္ ဇဗၺဴသီရိၿမိဳ႕နယ္တြင္ မဲရလာဒ္ေရတြက္ၿပီး မဲ႐ံု ၃၂႐ံုတြင္ မဲရလာဒ္ ၂၅၀၀ခန္႔ အသာျဖင့္ အႏုိင္ရရွိျခင္းျဖစ္သည္ဟု ဇဗၺဴသီရိၿမိဳ႕နယ္ ေအာင္ႏုိင္ေရးအဖြဲ႔ဝင္ ဦးခင္ေမာင္တင့္က ႏိုဝင္ဘာ ၉ရက္၊ နံနက္ ၁နာရီ၊ ၃၀မိနစ္တြင္ ေျပာသည္။

"မဲ႐ံု ၃၂႐ံု ေရၿပီးသြားတာ ကၽြန္ေတာ္တုိ႔က Plus ၂၅၀၀နဲ႔ အသာစီးရထားတယ္။ က်န္တဲ့ မဲ႐ံုတစ္႐ံုက အားလံုးစုစုေပါင္းမွ မဲဆႏၵရွင္ ၁၆၀၀ပဲ ရွိပါတယ္"ဟု ၎က ဆိုသည္။ လက္ရွိ ေရတြက္ေနဆဲ မဲ႐ံုမွာ မဲ႐ံုအမွတ္ (၁၆) ျဖစ္သည္။

မဲ႐ံု ၃၂႐ံုတြင္ မဲရလာဒ္ ၂၅၀၀ျဖင့္ အႏုိင္ရသည္ဆိုသည့္ NLDအမတ္ေလာင္း ဦးၿဖိဳးေဇယ်ာေသာ္(ခ)ေဇယ်ာေသာ္သည္ သမၼတဦးသိန္းစိန္အပါအဝင္ အစိုးရဝန္ႀကီးတစ္ခ်ိဳ႕ မဲေပးခဲ့သည့္ ေဇယ်သိဒၶိရပ္ကြက္ မဲ႐ံုအမွတ္ ၁တြင္မူ ႀကံ့ခိုင္ေရးအမတ္ေလာင္း ဦးျမတ္ဟိန္းကို ႐ႈံးနိမ့္ခဲ့သည္။

အဆိုပါ မဲ႐ံုအမွတ္(၁)တြင္မူ ဦးျမတ္ဟိန္းက ၁၀၃၁မဲရရွိၿပီး ဦးၿဖိဳးေဇယ်ာေသာ္ကမူ ၅၇၈မဲရရွိကာ ႐ႈံးနိမ့္ခဲ့ျခင္း ျဖစ္သည္။
- See more at: http://mizzimaburmese.com/article/7198#sthash.5ldsTzss.dfRFg1sO.dpuf
.......................
ဝန်ထမ်းများတဲ့ ဇဗ္ဗူသီရိမှာ NLDအမတ်လောင်း ဇေယျာသော် အနိုင်ရ

    မဇ္ဈိမ ရွေးကောက်ပွဲ အထူးကဏ္ဍ အနယ်နယ်မှ ရွေးကောက်ပွဲ သတင်းများ

မင်းမင်း

နေပြည်တော်၊ နိုဝင်ဘာ ၉ ။ ။ နေပြည်တော်ရှိ အစိုးရဝန်ထမ်းများအများဆုံးနေထိုင်ရာ ဇဗ္ဗူသီရိမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီမှ လေတပ်ဦးစီးချုပ်ဟောင်း တဖြစ်လဲ ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးမြတ်ဟိန်းနှင့် အကြိတ်အနယ်ယှဉ်ပြိုင်ရသည့် NLDအမတ်လောင်း ဦးဖြိုးဇေယျာသော်သည် ရွေးကောက်ပွဲ မဲရလာဒ်များအရ အနိုင်ရရှိသွားပြီဟု NLDအောင်နိုင်ရေးအဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

မဲရုံပေါင်း ၃၃ရုံရှိသည့် ဇဗ္ဗူသီရိမြို့နယ်တွင် မဲရလာဒ်ရေတွက်ပြီး မဲရုံ ၃၂ရုံတွင် မဲရလာဒ် ၂၅၀၀ခန့် အသာဖြင့် အနိုင်ရရှိခြင်းဖြစ်သည်ဟု ဇဗ္ဗူသီရိမြို့နယ် အောင်နိုင်ရေးအဖွဲ့ဝင် ဦးခင်မောင်တင့်က နိုဝင်ဘာ ၉ရက်၊ နံနက် ၁နာရီ၊ ၃၀မိနစ်တွင် ပြောသည်။

"မဲရုံ ၃၂ရုံ ရေပြီးသွားတာ ကျွန်တော်တို့က Plus ၂၅၀၀နဲ့ အသာစီးရထားတယ်။ ကျန်တဲ့ မဲရုံတစ်ရုံက အားလုံးစုစုပေါင်းမှ မဲဆန္ဒရှင် ၁၆၀၀ပဲ ရှိပါတယ်"ဟု ၎င်းက ဆိုသည်။ လက်ရှိ ရေတွက်နေဆဲ မဲရုံမှာ မဲရုံအမှတ် (၁၆) ဖြစ်သည်။

မဲရုံ ၃၂ရုံတွင် မဲရလာဒ် ၂၅၀၀ဖြင့် အနိုင်ရသည်ဆိုသည့် NLDအမတ်လောင်း ဦးဖြိုးဇေယျာသော်(ခ)ဇေယျာသော်သည် သမ္မတဦးသိန်းစိန်အပါအဝင် အစိုးရဝန်ကြီးတစ်ချို့ မဲပေးခဲ့သည့် ဇေယျသိဒ္ဓိရပ်ကွက် မဲရုံအမှတ် ၁တွင်မူ ကြံ့ခိုင်ရေးအမတ်လောင်း ဦးမြတ်ဟိန်းကို ရှုံးနိမ့်ခဲ့သည်။

အဆိုပါ မဲရုံအမှတ်(၁)တွင်မူ ဦးမြတ်ဟိန်းက ၁၀၃၁မဲရရှိပြီး ဦးဖြိုးဇေယျာသော်ကမူ ၅၇၈မဲရရှိကာ ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။
- See more at: http://mizzimaburmese.com/article/7198#sthash.5ldsTzss.dfRFg1sO.dpuf

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...