.............................................................................
ဧရာဝတီတိုင်း ကျောင်းကုန်းတွင် မဲရလာဒ်ပြဿ နာနှင့်ပတ်သက်၍ မဲရလာဒ်ကို တစ်စုံတစ်ရာ ပြင်ဆင်ကြောင်း အထောက်အထားမတွေ့ရဘဲ ပြင်ဆင်ထားသည်မှာ ကော်မရှင်ကို အပ်ရမည့် မဲစာရွက် လက်ကျန်ဖြတ်ပိုင်းသာ ဖြစ်ကြောင်း တွေ့ရှိရ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရလာဒ်ကို လက်ခံကာ ပြည်သူ့လွှတ်တော်နေရာအတွက် ရှုံးနိမ့်ကြောင့် ပုံစံ ၁၉တွင် လက်မှတ်ထိုးပေးခဲ့ပြီဖြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဧရာဝတီတိုင်းတွင် တိုင်းနေရာသုံးခု၊ ပြည်သူ့လွှတ်တော်တစ်နေရာ ရှုံးနိမ့်ခဲ့ပြီး ယခင် တိုင်းလုံးကွတ် အောင်နိုင်ကြောင်း မှားယွင်း ထုတ်ပြန်ခဲ့မှုအပေါ် ပြည်သူများအား အနူးအညွတ်တောင်းပန်ကြောင်း NLD ဧရာဝတီတိုင်း ဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်က ပြောသည်။
(မဇ္ဈိမသတင်းထောက် စည်သူမောင်မောင် မေးပို့သည်)
Mizzima - News in Burmese