Quantcast
Viewing all articles
Browse latest Browse all 13796

မန္တလေးရှိ ဈေးကြီး ငါးခုတွင် စားသုံးရန် မသင့်သည့် စားသောက်ကုန် ၅၇မျိုး စစ်ဆေးတွေ့ရှိ


Byဖြိုးဖြိုးဇော်
မန္တလေးမြို့တော် စည် ပင်သာယာနယ်နိမိတ်ရှိ ဈေးကြီး ငါးခုတွင် ရောင်းချနေသည့် စား သောက်ကုန်များကို စစ်ဆေးခဲ့ရာ ကန့်သတ်ထားသော ဓာတုပစ္စည်း များနှင့် ဆိုးဆေးများပါဝင်နေ၍ စားသုံးရန် မသင့်သည့် အစားအ သောက် ၅၇ မျိုး စစ်ဆေးတွေ့ရှိ ခဲ့ကြောင်း သတင်းရရှိသည်။
ဈေးချို၊ ဆရာစံ၊ မြရည်နန္ဒာ၊ ဘုရားကြီးနှင့် (စ) ဈေးတို့တွင် ခွင့်မပြုထားသည့် ဓာတုပစ္စည်းများ နှင့် ဆိုးဆေးများပါဝင်မှု ရှိ၊ မရှိ စစ်ဆေးသည့် ရွေ့လျားဓာတ်ခွဲ ခန်းဖြင့် ဇွန်လကုန်အထိ စစ်ဆေး ခဲ့ရာမှ တွေ့ရှိခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီး ကုန်သွယ်မှုမြှင့် တင်ရေးနှင့် စားသုံးသူရေးရာဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
‘‘အဓိကက FDA က စစ်တာ ဖြစ်တယ်။ ဒီနှစ်ထဲမှာ တွေ့ရှိတဲ့ စာရင်းပါ။ ကျန်တဲ့ အရေးယူတဲ့ အပိုင်းကတော့ စည်ပင်ကပဲ ဆက်လုပ်သွားမှာဖြစ်တယ်။ အဓိကက ဆိုးဆေးတွေနဲ့ ပတ်သက်ပြီး စာသင်ကျောင်းနဲ့ ကုန်သည်တွေကို အသိပေးပြောကြားမှုတွေ လုပ်ဖို့စီစဉ်ထားပါတယ်’’ဟု ၎င်းက ပြော သည်။
သရက်ချဉ်၊ ငါးပိ၊ ပဲပြား၊ အရောင်တင်မှုန့်၊ ငရုတ်သီးအကြမ်း မှုန့်၊ ပဲကြီးလှော်၊ တုတ်ထိုးချိုချဉ်၊ ဝေဖာလုံး၊ ဆေးကုလားမ၊ မျှစ်ဝါ (အငန်)၊ ငါးဖယ်ချဉ်၊ လက်ဖက် ရိုးရိုး၊ ငရုတ်ချဉ်၊ စလေဘီ၊ ပုစွန် ငါးပိ၊ အာနီလျှာနီစသည့် အစား အသောက်တို့တွင် ဓာတုပစ္စည်း များနှင့် ဆိုးဆေးများအသုံးပြုထား သည်ကို တွေ့ရှိခဲ့ပြီး ပျံကျဈေးသည်များထံမှ အများဆုံးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
‘‘ဆိုးဆေးပါဝင်တဲ့ အစားအ စာစားသုံးမိရင် အဓိက အသည်း ကို ထိခိုက်တယ်။ အသည်းက စီမံခန့်ခွဲပြီးမှ သွေးကြောထဲကို ပြန်ပို့ ရတဲ့အချိန်မှာ မချေဖျက်နိုင်တဲ့အ တွက် အသည်းက ပင်ပန်းမယ်။ အသည်းနဲ့ ပတ်သက်ပြီး နာတာ ရှည်ရောဂါဖြစ်မယ်။ နောက်တစ် ခုက ကျောက်ကပ်ကို ထိခိုက်နိုင် ပါတယ်။ အခု နောက်ပိုင်းမှာ အ သည်းနဲ့ ကျောက်ကပ်က လိုအပ် တာထက်ပိုဖြစ်နေတယ်’’ဟု ဒေါက်တာ ခိုင်မျိုးက ပြောသည်။
ဈေးကွက်ထဲတွင် ဆိုးဆေး ပါဝင်သည့် အရောင်တင်မှုန့်၊ ငရုတ်သီးမှုန့် တစ်ပိဿာလျှင် ကျပ် ၁,၀၀၀ နှုန်းရှိပြီး ဆိုး ဆေးမပါဝင်ပါက တစ်ပိဿာလျှင် ကျပ် ၆,၀၀၀ ခန့်ရှိကြောင်း စုံစမ်းသိရသည်။
‘‘ဈေးကွက်ထဲမှာ တော် တော်များများရောက်နေတယ်။ ရေရှည်မှာ စားသုံးသူတွေအတွက် အန္တရာယ်အရမ်းများတယ်။ နာ မည်ကြီး တံဆိပ်တွေမှာကို ဆိုး ဆေးတွေပါနေတယ်။ သူတို့က အဓိကပဲလေ။ ပလိပ်ဘက်မှာရှိ ကျေးရွာတစ်ရွာကဆိုရင် ဒါမျိုးဆိုးဆေးတွေနဲ့လုပ်ပြီး လက်လီ၊ လက်ကားဖြန့်နေတာ။ စားသုံးသူတွေ ကလည်း ဈေးနည်းရင် ပြီးရောဆို ပြီး ၀ယ်ကြတော့ ရောင်းတဲ့သူက လည်း ရောင်းကြမှာပေါ့’’ဟု ရွှေ ငြုပ်မြိုင်ငရုတ်ရောင်းဝယ်ရေးပွဲရုံ မှ ဦးကိုဦးက ပြောသည်။
ဓာတုပစ္စည်းများနှင့် ဆိုး ဆေးများပါဝင်သော စားသုံးရန် မသင့်သည့် အစားအသောက်များနှင့် ပတ်သက်၍ စာသင်ကျောင်း များရှိ မုန့်ဈေးတန်းများ၌ ရောင်းချခြင်းနှင့် ကလေးများဝယ်ယူစား သုံးခြင်းမရှိစေရန် သြဂုတ်လဆန်း မှစတင်၍ စီမံချက်ဖြင့် လိုက် လံသတိပေးမည် ဖြစ်ကြောင်းသိရသည်။
7 Day

Viewing all articles
Browse latest Browse all 13796


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>