ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်၌ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးပြီးနောက် ၂၀၁၄ ခုနှစ် မတ်လ ၂၆ ရက်က ပူးတွဲ သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် (ဆင်ဟွာ)
ရန်ကုန် ၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)
ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံ ဆွေးနွေးလိုကြောင်း ဖိတ်ကြားချက်ကို လာမည့်အပတ်အတွင်း အဆင်ပြေမည့် အချိန်တွင် အမျိုးသား သင့်မြတ်ရေးကို အခြေခံပြီး အခြား အရေးကိစ္စများ ရှိပါကလည်း ဆွေးနွေးနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဟု ပြည်သူများသို့ ခေါင်းစဉ်ဖြင့် ၄င်း၏ Facebook စာမျက်နှာမှ ပြန်လည် အသိပေး ရေးသား ထုတ်ပြန်ခဲ့သည်။
အမျိုးသား ပြန်လည် သင့်မြတ်ရေး သဘောထားကို အခြေခံ၍ ပြည်ထောင်စု လွှတ်တော် နာယကနှင့် တွေ့ဆုံဆွေးနွေးလိုပါကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ ကိုယ်တိုင် လက်မှတ်ရေးထိုးကာ ဖိတ်ကြားသည့် နိုဝင်ဘာလ ၁၀ ရက်နေ့ ရက်စွဲပါ စာတစ်စောင်အား လက်ခံ ရရှိခဲ့ပါကြောင်း ပြည်သူများသို့ ခေါင်းစဉ်ဖြင့် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။
နိုင်ငံတည်ငြိမ်ရေး၊ ငြိမ်းချမ်း သာယာပြီး ဖွံ့ဖြိုးတိုးတက်သော နိုင်ငံ တည်ဆောက်ရေးတွင် ပူးပေါင်း ပါဝင် ဆောင်ရွက် နိုင်ကြပါစေဟုလည်း ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း က ရေးသား ဖော်ပြထားသည်။ (Xinhua)