ရန္ကုန္၊ ႏို၀င္ဘာ ၁၃
ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖဲြ႕အေနျဖင့္ မႈခင္းႀကိဳတင္ကာကြယ္ေရးႏွင့္
ဒုစရုိက္မႈမ်ားမျဖစ္ပြားေစေရးအတြက္ တိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္မ်ား
တြင္ ယာဥ္စစ္ပိတ္ဆို႔စစ္ေဆးျခင္းမ်ားကို စဥ္ဆက္မျပတ္ ေဆာင္ရြက္လ်က္
ရွိပါသည္။
ယင္းသို႔ေဆာင္ရြက္လ်က္ရွိရာ သဃၤန္းကၽြန္းၿမိဳ႕မရဲစခန္းမွတပ္ဖဲြ႕၀င္မ်ားသည္ ၁၂.၁၁.၂၀၁၅ ရက္ေန႔ ၂၃၀၅ အခ်ိန္တြင္ သဃၤန္းကၽြန္းၿမိဳ႕နယ္၊ ေလးေထာင့္ကန္လမ္းမီးပိြဳင့္၌ ေလးေထာင့္ကန္လမ္းအတိုင္း ျပည္ေထာင္စုခံုးေက်ာ္တံတားဘက္သို႔ ဒဂံုၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္ေန ယာဥ္ေမာင္း မိုးျမင့္ေအာင္၊
(၂၃)ႏွစ္ေမာင္းႏွင္လာၿပီး သဃၤန္းကၽြန္းၿမိဳ႕နယ္ေန ေအာင္ကိုဦး၊ (၃၂)ႏွစ္၊
ဒဂံုၿမိဳ႕သစ္(ေတာင္ပိုင္း) ၿမိဳ႕နယ္ေနသူမ်ားျဖစ္ေသာ ေသာင္းဟန္၊(၄၃)ႏွစ္၊
ေဇာ္မိုး၊(၃၆)ႏွစ္၊ ေအးျမင့္၊(၄၁)ႏွစ္၊ သီဟေအာင္၊ (၂၃)ႏွစ္၊ ျမင့္ေဇာ္(၂၄)ႏွစ္
တို႔ လိုက္ပါစီးနင္းလာသည့္ 7E/------NISSAN AD Van အမ်ိဳးအစား
ကိုယ္ပိုင္ယာဥ္အား ရပ္တန္႔စစ္ေဆးရွာေဖြခဲ့ပါသည္။
ထိုသုိ႔ရွာေဖြရာ ၎ယာဥ္ေပၚတြင္ အရိုးအသြား ၃၃.၇ လက္မခန္႔ရွိ ငွက္ႀကီး
ေတာင္ဓား(၁)ေခ်ာင္း၊ အရိုးအသြား ၁၄.၄ လက္မခန္႔ရွိ ႏွစ္ဖက္အသြားပါ
ထိပ္ဦးခၽြန္ဓား(၁)ေခ်ာင္း၊ အရိုးအသြား ၁၃.၃ လက္မခန္႔ရွိ ႏွစ္ဖက္အသြားပါ
ထိပ္ဦးခၽြန္ဓား(၁)ေခ်ာင္း၊ အရိုးအသြား ၁၃.၅ လက္မခန္႔ရွိ ႏွစ္ဖက္အသြားပါ
ထိပ္ဦးခၽြန္ဓား(၁)ေခ်ာင္းႏွင့္ အရိုးအသြား ၁၁.၅ လက္မခန္႔ရွိ ႏွစ္ဖက္အသြားပါ ထိပ္ဦးခၽြန္ ဓား(၁)ေခ်ာင္းတို႔ကို ေတြ႕ရွိသိမ္းဆည္းရမိခဲ့ပါသည္။
ယင္းသို႔ ဓားမ်ားသိမ္းဆည္းရမိခဲ့သျဖင့္ ယာဥ္ေမာင္း မိုးျမင့္ေမာင္ပါ (၇)ဦးတို႔အား သဃၤန္းကၽြန္းၿမိဳ႕မရဲစခန္း(ပ)၆၅၂/၂၀၁၅၊ လက္နက္မ်ားအက္ဥပေဒ
ပုဒ္မ ၁၉(င)ျဖင့္ အမႈဖြင့္အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိ
ပါသည္။
Yangon Police
....................
သင်္ဃန်းကျွန်းမြို့နယ်၌ ယာဉ်စစ်ပိတ်ဆို့စစ်ဆေးဆောင်ရွက်စဉ်
မော်တော်ယာဉ်ပေါ်မှ ဓားများသိမ်းဆည်းရမိသဖြင့် အရေးယူ
ရန်ကုန်၊ နိုဝင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် မှုခင်းကြိုတင်ကာကွယ်ရေးနှင့်
ဒုစရိုက်မှုများမဖြစ်ပွားစေရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ
တွင် ယာဉ်စစ်ပိတ်ဆို့စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်
ရှိပါသည်။
ယင်းသို့ဆောင်ရွက်လျက်ရှိရာ သင်္ဃန်းကျွန်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ၁၂.၁၁.၂၀၁၅ ရက်နေ့ ၂၃၀၅ အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမီးပွိုင့်၌ လေးထောင့်ကန်လမ်းအတိုင်း ပြည်ထောင်စုခုံးကျော်တံတားဘက်သို့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ယာဉ်မောင်း မိုးမြင့်အောင်၊
(၂၃)နှစ်မောင်းနှင်လာပြီး သင်္ဃန်းကျွန်းမြို့နယ်နေ အောင်ကိုဦး၊ (၃၂)နှစ်၊
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်နေသူများဖြစ်သော သောင်းဟန်၊(၄၃)နှစ်၊
ဇော်မိုး၊(၃၆)နှစ်၊ အေးမြင့်၊(၄၁)နှစ်၊ သီဟအောင်၊ (၂၃)နှစ်၊ မြင့်ဇော်(၂၄)နှစ်
တို့ လိုက်ပါစီးနင်းလာသည့် 7E/------NISSAN AD Van အမျိုးအစား
ကိုယ်ပိုင်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ပါသည်။
ထိုသို့ရှာဖွေရာ ၎င်းယာဉ်ပေါ်တွင် အရိုးအသွား ၃၃.၇ လက်မခန့်ရှိ ငှက်ကြီး
တောင်ဓား(၁)ချောင်း၊ အရိုးအသွား ၁၄.၄ လက်မခန့်ရှိ နှစ်ဖက်အသွားပါ
ထိပ်ဦးချွန်ဓား(၁)ချောင်း၊ အရိုးအသွား ၁၃.၃ လက်မခန့်ရှိ နှစ်ဖက်အသွားပါ
ထိပ်ဦးချွန်ဓား(၁)ချောင်း၊ အရိုးအသွား ၁၃.၅ လက်မခန့်ရှိ နှစ်ဖက်အသွားပါ
ထိပ်ဦးချွန်ဓား(၁)ချောင်းနှင့် အရိုးအသွား ၁၁.၅ လက်မခန့်ရှိ နှစ်ဖက်အသွားပါ ထိပ်ဦးချွန် ဓား(၁)ချောင်းတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။
ယင်းသို့ ဓားများသိမ်းဆည်းရမိခဲ့သဖြင့် ယာဉ်မောင်း မိုးမြင့်မောင်ပါ (၇)ဦးတို့အား သင်္ဃန်းကျွန်းမြို့မရဲစခန်း(ပ)၆၅၂/၂၀၁၅၊ လက်နက်များအက်ဥပဒေ
ပုဒ်မ ၁၉(င)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ
ပါသည်။
Yangon Police