Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဆိုးရြားသည့္ အၾကမ္းဖက္ တိုက္ခုိက္မႈႀကီးအၿပီး ပါရီတြင္ အေရးေပၚ အေျခအေန အျမင့္ဆံုးအဆင့္ ထုတ္ျပန္

$
0
0
ျပင္သစ္ႏုိင္ငံ၊ ပါရီၿမိဳ႕ေတာ္ သမုိင္းတြင္ အဆိုးရြားဆံုး အၾကမ္းဖက္ တိုက္ခုိက္မႈႀကီး တစ္ခုႏွင့္ ႀကံဳခဲ့ရၿပီးေနာက္ အေရးေပၚ အေျခအေန အျမင့္ဆံုးအဆင့္ သတ္မွတ္ထားၿပီး တစ္ၿမိဳ႕လံုးတြင္ လံုၿခံဳေရး တပ္ဖြဲ႕မ်ားကို ျဖန္႔က်က္ထားလိုက္ၿပီ ျဖစ္သည္။
ႏိုဝင္ဘာ ၁၃ ရက္ ညပိုင္းက ပါရီၿမိဳ႕ေတာ္အတြင္း ေနရာအခ်ိဳ႕ကို အၾကမ္းဖက္သမားမ်ားက တစ္ၿပိဳင္တည္းလိုလို စီးနင္းတိုက္ခုိက္ခဲ့ရာ လူ ၁၅၃ ဦးထက္မနည္း အသက္ဆံုး႐ံႈးခဲ့သည္။
Bataclan ျပဇာတ္႐ံုတြင္ ေသနတ္သမားမ်ားက ဝင္ေရာက္စီးနင္းၿပီး ဓားစာခံမ်ားကို တစ္ဦးခ်င္းစီ ေသြးေအးေအး ပစ္သတ္ခဲ့ရာ လူေပါင္း ၁၀၀ ေက်ာ္ ေသဆံုးခဲ့သည္။ ပါရီရွိ Stade de France အားကစားကြင္းႀကီးတြင္ ျပင္သစ္ႏွင့္ ဂ်ာမနီ လက္ေရြးစင္ ေဘာလံုးအသင္းမ်ား ခ်စ္ၾကည္ေရးပြဲ ယွဥ္ၿပိဳင္မႈကိုလည္း အၾကမ္းဖက္ သမားမ်ားက ပစ္မွတ္ထားခဲ့ရာ ကြင္းအျပင္ လက္မွတ္ေရာင္းခ်ရာ ေနရာအနီး၌ အနည္းဆံုး လူ ၃ ဦး ေသဆံုးခဲ့သည္။ ၿမိဳ႕လယ္ေခါင္ရွိ စားေသာက္ဆုိင္မ်ား၊ ဘားမ်ားတြင္လည္း ပစ္ခတ္မႈ၊ အေသခံ ဗံုးခြဲတိုက္ခုိက္မႈမ်ား ျဖစ္ပြားခဲ့သည္။
Bataclan ျပဇာတ္႐ံုကို တိုက္ခုိက္မႈသည္ အဆိုးရြားဆံုးျဖစ္ၿပီး ျပင္သစ္ အထူးတပ္ဖဲြ႕မ်ားက အေဆာက္အအံုအတြင္း ဝင္ေရာက္ထုိးေဖာက္ စီးနင္းကာ အၾကမ္းဖက္သမားမ်ားကို ပစ္သတ္လိုက္မွ အဆံုးသတ္သြားခဲ့သည္။ မ်က္ျမင္မ်ားက အၾကမ္းဖက္သမားမ်ားသည္ လူေပါင္းမ်ားစြာကို ဖမ္းဆီးထားၿပီးေနာက္ ဓားစာခံမ်ားကို ၾကမ္းေပၚ ေမွာက္ခုိင္းကာ ရက္စက္စြာ ပစ္သတ္ခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။
ျပင္သစ္သမၼတ ဖရန္ဆြာေဟာ္လန္းသည္ တစ္ႏုိင္ငံလံုးကို အေရးေပၚ ေၾကညာခ်က္ ထုတ္ျပန္ၿပီး ပါရီၿမိဳ႕ေတာ္တြင္ လံုၿခံဳေရး တပ္ဖြဲ႕ဝင္ ၁၅၀၀ ေက်ာ္မွ်ကို တပ္ျဖန္႔ ေနရာခ်ထားခဲ့သည္။ ထို႔အျပင္ ၿမိဳ႕သူၿမိဳ႕သားမ်ား အေနျဖင့္လည္း ေနအိမ္ထဲမွ မထြက္ၾကရန္ အစိုးရက ညႊန္ၾကားထားသည္။
ျပင္သစ္ လံုၿခံဳေရး တပ္ဖဲြ႕မ်ားက အၾကမ္းဖက္ ေသနတ္သမား အနည္းဆံုး ၈ ဦးမွ်ကို သုတ္သင္ခဲ့ၿပီး ျဖစ္ေသာ္လည္း ေနာက္ထပ္ မည္မွ်ထိ လြတ္ေျမာက္ေနဆဲ ျဖစ္သည္ကို တိတိက်က် မသိရေသးေခ်။ အၾကမ္းဖက္ တိုက္ခုိက္ရသည့္ အေၾကာင္းရင္းကို အတည္မျပဳႏုိင္ေသးေသာ္လည္း Bataclan ျပဇာတ္႐ံုမွ အသက္ရွင္လ်က္ လြတ္ေျမာက္လာသူ တစ္ဦးက ေသနတ္သမားမ်ားသည္ အစၥလာမ္မစ္ ႏုိင္ငံေတာ္ (အိုင္အက္စ္) စစ္ေသြးႂကြအဖြဲ႕ကို ေထာက္ခံသူမ်ားျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
“ဒါက ေဟာ္လန္းရဲ႕ အျပစ္ပဲ။ ဆီးရီးယားအေရးမွာ သူ ဝင္မစြက္ဖက္သင့္ဘူး”ဟု ေသနတ္သမားက ေအာ္ဟစ္ေနခဲ့ေၾကာင္း မ်က္ျမင္ျဖစ္သူက ဆိုသည္။ ျပင္သစ္သည္ အေမရိကန္ႏွင့္ လက္တြဲကာ ဆီးရီးယား၌ အိုင္အက္စ္ စစ္ေရးပစ္မွတ္မ်ားကို ေလေၾကာင္းမွ ဗံုးႀကဲတိုက္ခုိက္လ်က္ ရွိသည္။
ပါရီတြင္ ဇန္နဝါရီလ အေစာပိုင္းက Charlie Hebdo မဂၢဇင္းတိုက္ႏွင့္ ဂ်ဴးလူမ်ိဳးပိုင္ စူပါမားကက္တစ္ခု၊ ကင္းလွည့္ေနသည့္ ရဲေမတစ္ဦးတို႔ကို အၾကမ္းဖက္ တုိက္ခုိက္မႈမ်ား ျဖစ္ပြားခဲ့ဖူးၿပီး ထုိစဥ္က စုစုေပါင္း ၁၈ ဦး ေသဆံုးခဲ့သည္။ သို႔ေသာ္ လူေပါင္း ၁၅၀၀ ဝင္ဆံ့သည့္ Bataclan ျပဇာတ္႐ံုကို စီးနင္းတုိက္ခုိက္မႈသည္ အေသအေပ်ာက္ အမ်ားဆံုး၊ အရက္စက္ဆံုး အၾကမ္းဖက္မႈႀကီး ျဖစ္လာသည္။ အေမရိကန္ Rockဂီတအဖြဲ႕ Eagles of Death Metal ေဖ်ာ္ေျဖမည့္ အစီအစဉ္အတြက္ ျပဇာတ္႐ံုတြင္ လက္မွတ္အားလံုး ေရာင္းခ်ထားၿပီး ျဖစ္သည္။
စနစ္တက် ႀကိဳတင္ျပင္ဆင္ထားဟန္ရွိသည့္ အၾကမ္းဖက္ တိုက္ခုိက္မႈမ်ားသည္ ပါရီၿမိဳ႕လယ္ရွိ Place de la Repbliqueမွသည္ Place de la Bastlleထိ ေနရာအႏွံ႔ ျဖစ္ေပၚခဲ့သည္။ ေဒသစံေတာ္ခ်ိန္ ည ၁၁း၀၀ နာရီ ဝန္းက်င္သည္ ပါရီ၏ စားေသာက္ဆုိင္ႏွင့္ ဘားမ်ားတြင္ လူဝင္လူထြက္ အစည္ကားဆံုး အခ်ိန္မ်ိဳးလည္း ျဖစ္သည္။
အၾကမ္းဖက္သမားမ်ား၏ ေနာက္ထပ္ ပစ္မွတ္တစ္ခုျဖစ္သည့္ Stade de France ေဘာလံုးကြင္းႀကီးတြင္ သမၼတ ေဟာ္လန္းသည္ ပရိသတ္ ၈၀၀၀၀ ေက်ာ္ႏွင့္အတူ ေဘာလံုးပြဲကို တက္ေရာက္ၾကည့္႐ႈ အားေပးလ်က္ ရွိသည္။ အစိုးရ အေရးေပၚ အစည္းအေဝးမ်ား ျပဳလုပ္ရာ ႏုိင္ငံေတာ္ ရိပ္သာအနီး ေပါက္ကြဲသံသံုးခု စၾကားရသည္ႏွင့္ တစ္ၿပိဳင္နက္ ကိုယ္ရံေတာ္မ်ားက သမၼတကို ေဘးကင္းရာသို႔ ေခၚထုတ္သြားၾကသည္။ ထိုေနရာတြင္ အၾကမ္းဖက္သမား သံုးဦးကို လံုၿခံဳေရး တပ္ဖဲြ႕မ်ားက သုတ္သင္ခဲ့သည္။
ေနာက္ထပ္ တစ္နာရီအတြင္းတြင္ ျပဇာတ္႐ံုကို အထူးတပ္ဖြဲ႕က စီးနင္းၿပီး ေသနတ္သမား ေလးဦးကို သတ္ျဖတ္ခဲ့ျပန္သည္။ ယင္းတို႔အနက္ တစ္ဦးမွာ လံုၿခံဳေရး တပ္ဖဲြ႕၏ ပစ္ခတ္မႈေၾကာင့္ ေသဆံုးခဲ့ၿပီး သံုးဦးမွာ ၎တို႔ကိုယ္ကို အေသခံ ေဖာက္ခြဲသြားခဲ့သည္။ ပါရီၿမိဳ႕ အေ႐ွ႕ဘက္ လမ္းမတြင္ ေနာက္ထပ္ ေသနတ္သမား တစ္ဦးကို ပစ္သတ္ခဲ့ေၾကာင္းလည္း သတင္းမ်ားက ေဖာ္ျပခဲ့သည္။
ထို႔ေနာက္တြင္ ျပင္သစ္ သမၼတ ေဟာ္လန္းက ၂၀၀၅ ခုႏွစ္ေနာက္ပိုင္း ပထမဆံုးအႀကိမ္အျဖစ္ အေရးေပၚ အေျခအေန အျမင့္ဆံုး သတ္မွတ္ခ်က္ကို ထုတ္ျပန္ခဲ့သည္။ အဆိုပါ အမိန္႔အရ လံုၿခံဳေရး တပ္ဖြဲ႕မ်ား အေနျဖင့္ အမ်ားပိုင္ ဧရိယာမ်ားကို ပိတ္ဆို႔ခြင့္၊ ညမထြက္ရ အမိန္႔ထုတ္ျပန္ခြင့္၊ လူအမ်ားႏွင့္ ေမာ္ေတာ္ယာဥ္ သြားလာမႈမ်ားကို ကန္႔သတ္ခြင့္မ်ား ျပ႒ာန္းႏုိင္မည္ ျဖစ္သည္။
Bataclan ျပဇာတ္႐ံုသို႔ ကိုယ္တုိင္ သြားေရာက္ခဲ့ၿပီးေနာက္ သမၼတ ေဟာ္လန္းက “အၾကမ္းဖက္မႈေတြကို အညႇာအတာမရွိ တံု႔ျပန္ တုိက္ခုိက္သြားမယ္”ဟု ကတိျပဳ ေျပာၾကားသြားသည္။ အေမရိကန္ သမၼတ ဘာရတ္ အိုဘားမားက ယခုျဖစ္ရပ္သည္ အျပစ္မဲ့ ျပည္သူမ်ားကို တိုက္ခိုက္ရန္ျပဳသည့္ စက္ဆုပ္စရာ လုပ္ရပ္ဟု ႐ႈတ္ခ်ခဲ့ၿပီး ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ေဒးဗစ္ ကင္မရြန္းက ျပင္သစ္အစိုးရကို အစြမ္းကုန္ အကူအညီ ေပးသြားမည္ဟု ေၾကညာခဲ့သည္။
Ref: CNN

....................
ဆိုးရွားသည့် အကြမ်းဖက် တိုက်ခိုက်မှုကြီးအပြီး ပါရီတွင် အရေးပေါ် အခြေအနေ အမြင့်ဆုံးအဆင့် ထုတ်ပြန်

Byဇွဲရဲဝင့်On  Sat, 2015-11-14 11:53Issue No.

ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော် သမိုင်းတွင် အဆိုးရွားဆုံး အကြမ်းဖက် တိုက်ခိုက်မှုကြီး တစ်ခုနှင့် ကြုံခဲ့ရပြီးနောက် အရေးပေါ် အခြေအနေ အမြင့်ဆုံးအဆင့် သတ်မှတ်ထားပြီး တစ်မြို့လုံးတွင် လုံခြံုရေး တပ်ဖွဲ့များကို ဖြန့်ကျက်ထားလိုက်ပြီ ဖြစ်သည်။

နိုဝင်ဘာ ၁၃ ရက် ညပိုင်းက ပါရီမြို့တော်အတွင်း နေရာအချို့ကို အကြမ်းဖက်သမားများက တစ်ပြိုင်တည်းလိုလို စီးနင်းတိုက်ခိုက်ခဲ့ရာ လူ ၁၅၃ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့သည်။

Bataclan ပြဇာတ်ရုံတွင် သေနတ်သမားများက ဝင်ရောက်စီးနင်းပြီး ဓားစာခံများကို တစ်ဦးချင်းစီ သွေးအေးအေး ပစ်သတ်ခဲ့ရာ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့သည်။ ပါရီရှိ Stade de France အားကစားကွင်းကြီးတွင် ပြင်သစ်နှင့် ဂျာမနီ လက်ရွေးစင် ဘောလုံးအသင်းများ ချစ်ကြည်ရေးပွဲ ယှဉ်ပြိုင်မှုကိုလည်း အကြမ်းဖက် သမားများက ပစ်မှတ်ထားခဲ့ရာ ကွင်းအပြင် လက်မှတ်ရောင်းချရာ နေရာအနီး၌ အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့သည်။ မြို့လယ်ခေါင်ရှိ စားသောက်ဆိုင်များ၊ ဘားများတွင်လည်း ပစ်ခတ်မှု၊ အသေခံ ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

Bataclan ပြဇာတ်ရုံကို တိုက်ခိုက်မှုသည် အဆိုးရွားဆုံးဖြစ်ပြီး ပြင်သစ် အထူးတပ်ဖွဲ့များက အဆောက်အအုံအတွင်း ဝင်ရောက်ထိုးဖောက် စီးနင်းကာ အကြမ်းဖက်သမားများကို ပစ်သတ်လိုက်မှ အဆုံးသတ်သွားခဲ့သည်။ မျက်မြင်များက အကြမ်းဖက်သမားများသည် လူပေါင်းများစွာကို ဖမ်းဆီးထားပြီးနောက် ဓားစာခံများကို ကြမ်းပေါ် မှောက်ခိုင်းကာ ရက်စက်စွာ ပစ်သတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်းသည် တစ်နိုင်ငံလုံးကို အရေးပေါ် ကြေညာချက် ထုတ်ပြန်ပြီး ပါရီမြို့တော်တွင် လုံခြံုရေး တပ်ဖွဲ့ဝင် ၁၅၀၀ ကျော်မျှကို တပ်ဖြန့် နေရာချထားခဲ့သည်။ ထို့အပြင် မြို့သူမြို့သားများ အနေဖြင့်လည်း နေအိမ်ထဲမှ မထွက်ကြရန် အစိုးရက ညွှန်ကြားထားသည်။

ပြင်သစ် လုံခြံုရေး တပ်ဖွဲ့များက အကြမ်းဖက် သေနတ်သမား အနည်းဆုံး ၈ ဦးမျှကို သုတ်သင်ခဲ့ပြီး ဖြစ်သော်လည်း နောက်ထပ် မည်မျှထိ လွတ်မြောက်နေဆဲ ဖြစ်သည်ကို တိတိကျကျ မသိရသေးချေ။ အကြမ်းဖက် တိုက်ခိုက်ရသည့် အကြောင်းရင်းကို အတည်မပြုနိုင်သေးသော်လည်း Bataclan ပြဇာတ်ရုံမှ အသက်ရှင်လျက် လွတ်မြောက်လာသူ တစ်ဦးက သေနတ်သမားများသည် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွအဖွဲ့ကို ထောက်ခံသူများဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ဒါက ဟော်လန်းရဲ့ အပြစ်ပဲ။ ဆီးရီးယားအရေးမှာ သူ ဝင်မစွက်ဖက်သင့်ဘူး”ဟု သေနတ်သမားက အော်ဟစ်နေခဲ့ကြောင်း မျက်မြင်ဖြစ်သူက ဆိုသည်။ ပြင်သစ်သည် အမေရိကန်နှင့် လက်တွဲကာ ဆီးရီးယား၌ အိုင်အက်စ် စစ်ရေးပစ်မှတ်များကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက် ရှိသည်။

ပါရီတွင် ဇန်နဝါရီလ အစောပိုင်းက Charlie Hebdo မဂ္ဂဇင်းတိုက်နှင့် ဂျူးလူမျိုးပိုင် စူပါမားကက်တစ်ခု၊ ကင်းလှည့်နေသည့် ရဲမေတစ်ဦးတို့ကို အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ဖူးပြီး ထိုစဉ်က စုစုပေါင်း ၁၈ ဦး သေဆုံးခဲ့သည်။ သို့သော် လူပေါင်း ၁၅၀၀ ဝင်ဆံ့သည့် Bataclan ပြဇာတ်ရုံကို စီးနင်းတိုက်ခိုက်မှုသည် အသေအပျောက် အများဆုံး၊ အရက်စက်ဆုံး အကြမ်းဖက်မှုကြီး ဖြစ်လာသည်။ အမေရိကန် Rockဂီတအဖွဲ့ Eagles of Death Metal ဖျော်ဖြေမည့် အစီအစဉ်အတွက် ပြဇာတ်ရုံတွင် လက်မှတ်အားလုံး ရောင်းချထားပြီး ဖြစ်သည်။

စနစ်တကျ ကြိုတင်ပြင်ဆင်ထားဟန်ရှိသည့် အကြမ်းဖက် တိုက်ခိုက်မှုများသည် ပါရီမြို့လယ်ရှိ Place de la Repbliqueမှသည် Place de la Bastlleထိ နေရာအနှံ့ ဖြစ်ပေါ်ခဲ့သည်။ ဒေသစံတော်ချိန် ည ၁၁းဝဝ နာရီ ဝန်းကျင်သည် ပါရီ၏ စားသောက်ဆိုင်နှင့် ဘားများတွင် လူဝင်လူထွက် အစည်ကားဆုံး အချိန်မျိုးလည်း ဖြစ်သည်။

အကြမ်းဖက်သမားများ၏ နောက်ထပ် ပစ်မှတ်တစ်ခုဖြစ်သည့် Stade de France ဘောလုံးကွင်းကြီးတွင် သမ္မတ ဟော်လန်းသည် ပရိသတ် ၈၀၀၀၀ ကျော်နှင့်အတူ ဘောလုံးပွဲကို တက်ရောက်ကြည့်ရှု အားပေးလျက် ရှိသည်။ အစိုးရ အရေးပေါ် အစည်းအဝေးများ ပြုလုပ်ရာ နိုင်ငံတော် ရိပ်သာအနီး ပေါက်ကွဲသံသုံးခု စကြားရသည်နှင့် တစ်ပြိုင်နက် ကိုယ်ရံတော်များက သမ္မတကို ဘေးကင်းရာသို့ ခေါ်ထုတ်သွားကြသည်။ ထိုနေရာတွင် အကြမ်းဖက်သမား သုံးဦးကို လုံခြံုရေး တပ်ဖွဲ့များက သုတ်သင်ခဲ့သည်။

နောက်ထပ် တစ်နာရီအတွင်းတွင် ပြဇာတ်ရုံကို အထူးတပ်ဖွဲ့က စီးနင်းပြီး သေနတ်သမား လေးဦးကို သတ်ဖြတ်ခဲ့ပြန်သည်။ ယင်းတို့အနက် တစ်ဦးမှာ လုံခြံုရေး တပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပြီး သုံးဦးမှာ ၎င်းတို့ကိုယ်ကို အသေခံ ဖောက်ခွဲသွားခဲ့သည်။ ပါရီမြို့ အရှေ့ဘက် လမ်းမတွင် နောက်ထပ် သေနတ်သမား တစ်ဦးကို ပစ်သတ်ခဲ့ကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။

ထို့နောက်တွင် ပြင်သစ် သမ္မတ ဟော်လန်းက ၂၀၀၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အရေးပေါ် အခြေအနေ အမြင့်ဆုံး သတ်မှတ်ချက်ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ အမိန့်အရ လုံခြံုရေး တပ်ဖွဲ့များ အနေဖြင့် အများပိုင် ဧရိယာများကို ပိတ်ဆို့ခွင့်၊ ညမထွက်ရ အမိန့်ထုတ်ပြန်ခွင့်၊ လူအများနှင့် မော်တော်ယာဉ် သွားလာမှုများကို ကန့်သတ်ခွင့်များ ပြဋ္ဌာန်းနိုင်မည် ဖြစ်သည်။

Bataclan ပြဇာတ်ရုံသို့ ကိုယ်တိုင် သွားရောက်ခဲ့ပြီးနောက် သမ္မတ ဟော်လန်းက “အကြမ်းဖက်မှုတွေကို အညှာအတာမရှိ တုံ့ပြန် တိုက်ခိုက်သွားမယ်”ဟု ကတိပြု ပြောကြားသွားသည်။ အမေရိကန် သမ္မတ ဘာရတ် အိုဘားမားက ယခုဖြစ်ရပ်သည် အပြစ်မဲ့ ပြည်သူများကို တိုက်ခိုက်ရန်ပြုသည့် စက်ဆုပ်စရာ လုပ်ရပ်ဟု ရှုတ်ချခဲ့ပြီး ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ပြင်သစ်အစိုးရကို အစွမ်းကုန် အကူအညီ ပေးသွားမည်ဟု ကြေညာခဲ့သည်။

Ref: CNN

ဆိုးရွားသည့် အကြမ်းဖက် တိုက်ခိုက်မှုကြီးအပြီး ပါရီတွင် အရေးပေါ် အခြေအနေ အမြင့်ဆုံးအဆင့် ထုတ်ပြန်

Byဇွဲရဲဝင့်On  Sat, 2015-11-14 11:53Issue No.

ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော် သမိုင်းတွင် အဆိုးရွားဆုံး အကြမ်းဖက် တိုက်ခိုက်မှုကြီး တစ်ခုနှင့် ကြံုခဲ့ရပြီးနောက် အရေးပေါ် အခြေအနေ အမြင့်ဆုံးအဆင့် သတ်မှတ်ထားပြီး တစ်မြို့လုံးတွင် လုံခြံုရေး တပ်ဖွဲ့များကို ဖြန့်ကျက်ထားလိုက်ပြီ ဖြစ်သည်။

http://www.7daydaily.com/story/50932

Viewing all articles
Browse latest Browse all 13796

Trending Articles

အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ

TTA Oreo Gapp Installer

အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္

ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ

မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း

“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”

သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္

♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫

ပူေဇာ္ျခင္းႏွစ္မ်ိဳး

ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...

<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>