Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ပဲရစ်မြို့ တိုက်ခိုက်မှုတွေကို အုပ်စု၃ခုခွဲပြီး လုပ်ဆောင်ခဲ့

$
0
0
ပြင်သစ် ဘက်က လည်း အညှာအတာ မရှိ တုန့်ပြန် မှာ ဖြစ်တယ် လို့ သမ္မတ ဖရော်န်ဆွာ အိုလော်န့် ပြော။ 
 ပြင်သစ် နိုင်ငံ ပဲရစ် မြို့တော် မှာ ပြီးခဲ့တဲ့ သောကြာ နေ့ ညနေ ခင်း က တုန်လှုပ် ဖွယ် ဖြစ်ပေါ် ခဲ့တဲ့ ပစ်ခတ်မှု တွေ နဲ့ ဗုံး ဖောက်ခွဲ တိုက်ခိုက် မှု တွေ ကို ကျူးလွန် ခဲ့ ကြသူတွေ ဟာ အဖွဲ့ ၃ ဖွဲ့ ခွဲပြီး လုပ်ဆောင် ခဲ့ကြတာ ဖြစ်တယ် လို့ ဒီ ဖြစ်ရပ် တွေ အပေါ် စုံစမ်း နေကြတဲ့ ပြင်သစ် အစိုးရ ရှေ့နေ တွေ က ပြောပါတယ်။

အဲဒီ့ တိုက်ခိုက်မှု တွေ ရဲ့ နောက်ကွယ်မှာ သူတို့ ရှိတယ် ဆိုပြီး အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS အဖွဲ့ က ကြေညာ ထားပါတယ်။

တိုက်ခိုက်မှု ကျူးလွန် ခဲ့ကြ သူ ၇ ဦး သေဆုံး ခဲ့ ကြတယ် လို့ ပြင်သစ် အစိုးရ ရှေ့နေ ဖရော်န်ဆွာ မိုလင် က ပြောပါတယ်။

သူတို့ အားလုံး ဟာ ကလပ်ရှ်ရှိနိကော့ဖ် အမျိုးအစား သေနတ် တွေ အပါအဝင် အသေခံ ဗုံးခွဲ ကိုယ်ကြပ် အင်္ကျီတွေ ဝတ်ဆင် ထား ကြပါတယ်။

တိုက်ခိုက် မှု တွေ ကြောင့် သေဆုံးခဲ့ ရသူ စုစုပေါင်း ၁၂၉ ယောက် ရှိပါတယ်။

သေနတ် သမားတွေ ဝင်ရောက် စီးနင်းပြီး လူအုပ်ထဲ ပစ်ခတ်တာ ခံခဲ့ရတဲ့ ဘာ့ထာကလော်န် ဂီတပွဲ ခန်းမ မှာတင် ၈၉ ယောက် သေဆုံး ခဲ့ရတာ ဖြစ်ပါတယ်။

တိုက်ခိုက်သူတွေ ထဲ က တစ်ဦး ဟာ ပဲရစ် ဆင်ခြေဖုံး အရပ် က ဖြစ်ပြီး ရာဇဝတ်မှု ကျူးလွန်ဖူးကြောင်း မှတ်တမ်း ရှိသူ ဖြစ်ပါတယ်။

ဆီးရီးယား နိုင်ငံကူး စာအုပ် တစ်ခုကို အသေခံ ဗုံးခွဲခဲ့သူတွေ ထဲက တစ်ဦး ရဲ့ အနီး တွေ့ခဲ့ရပါတယ်။

သောကြာနေ့ အကြမ်းဖက်မှု တွေ ဟာ ပြင်သစ် နိုင်ငံ အပေါ် IS တွေ က စစ် ပွဲ ဆင်နွှဲ လာတာ ဖြစ်ပြီး ပြင်သစ် ဘက်က လည်း အညှာအတာ မရှိ တုန့်ပြန် မှာ ဖြစ်တယ် လို့ ပြင်သစ် သမ္မတ ဖရော်န်ဆွာ အိုလော်န့် က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

............................................................

ပဲရစ်မြို့ တိုက္ခိုက္မှုတြေကို အုပ္စု၃ခုခြဲပြီး လုပ်ဆောင္ခဲ့

ျပင်သစ် ဘက္က လည်း အညှာအတာ မရွိ တုန့်ျပန် မျွာဖစ္တယ် လို့ သမ္မတ ဖေရ်ာန္ဆြာ အိုလော်န့်ျေပာ။ 
ျပင်သစ် နိုင်ငံ ပဲရစ် မြို့တော် မွာ ပြီးခဲ့တဲ့ သောကြာ နေ့ ညေန ခင်း က တုန္လှုပ် ဖြယ်ျဖစ်ပေါ် ခဲ့တဲ့ ပစ္ခတ္မှု တြေ နဲ့ ဗုံး ဖောက္ခြဲ တိုက္ခိုက် မှု တြေ ကို က်ူးလြန် ခဲ့ ကြသူတြေ ဟာ အဖြဲ့ ၃ ဖြဲ့ ခြဲပြီး လုပ်ဆောင် ခဲ့ကြတျာဖစ္တယ် လို့ ဒျီဖစ်ရပ် တြေ အေပါ် စုံစမ်း နေကြတျဲ့ပင်သစ် အစိုးရ ရွေ့နေ တြေ ကျေပာပါတယ်။
အဲဒီ့ တိုက္ခိုက္မှု တြေ ရဲ့ နောက္ကြယ္မွာ သူတို့ ရွိတယ် ဆိုပြီး အစ္စလာမ္မစ် နိုင်ငံ အဖြဲ့ IS အဖြဲ့ က ကြေညာ ထားပါတယ်။
တိုက္ခိုက္မှု က်ူးလြန် ခဲ့ကြ သူ ၇ ဦး သေဆုံး ခဲ့ ကြတယ် လိျု့ပင်သစ် အစိုးရ ရွေ့နေ ဖေရ်ာန္ဆြာ မိုလင် ကျေပာပါတယ်။
သူတို့ အားလုံး ဟာ ကလပ်ရ်ွရွိနိကော့ဖ် အမိုးအစား သေနတ် တြေ အပါအဝင် အေသခံ ဗုံးခြဲ ကိုယ်ကြပ် အက်င်္ီတြေ ဝတ္ဆင် ထား ကြပါတယ်။
တိုက္ခိုက် မှု တြေ ကြောင့် သေဆုံးခဲ့ ရသူ စုစုပေါင်း ၁၂၉ ယောက် ရွိပါတယ်။
သေနတ် သမားတြေ ဝင်ရောက် စီးနင်းပြီး လူအုပ္ထဲ ပစ္ခတ္တာ ခံခဲ့ရတဲ့ ဘာ့ထာကေလ်ာန် ဂီတပြဲ ခန်းမ မွာတင် ၈၉ ယောက် သေဆုံး ခဲ့ရတျာဖစ္ပါတယ်။
တိုက္ခိုက်သူတြေ ထဲ က တစ်ဦး ဟာ ပဲရစ် ဆင်ျေခဖုံး အရပ် ကျဖစ်ပြီး ရာဇဝတ္မှု က်ူးလြန္ဖူးကြောင်း မွတ္တမ်း ရွိသျူဖစ္ပါတယ်။
ဆီးရီးယား နိုင်ငံကူး စာအုပ် တစ္ခုကို အေသခံ ဗုံးခြဲခဲ့သူတြေ ထဲက တစ်ဦး ရဲ့ အနီး တြေ့ခဲ့ရပါတယ်။
သောကြာနေ့ အကြမ်းဖက္မှု တြေ ဟျာပင်သစ် နိုင်ငံ အေပါ် IS တြေ က စစ် ပြဲ ဆင်နွှဲ လာတျာဖစ်ပြီျးပင်သစ် ဘက္က လည်း အညွာအတာ မရွိ တုန့်ျပန် မျွာဖစ္တယ် လိျု့ပင်သစ် သမ္မတ ဖေရ်ာန္ဆြာ အိုလော်န့် ကျေပာပါတယ်။

BBC Burmese
http://www.bbc.com/burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...