သောကြာနေ့ ပဲရစ်တိုက်ခိုက်မှုနောက်ပိုင်း ပြင်သစ်မှာကျင်းပမယ့်အားကစားပွဲတွေကို လုံခြုံရေးအရ ရွေ့ဆိုင်း လိုက်ပြီဖြစ်ပါတယ်။
ပြင်သစ်နဲ့ဂျာမနီကစားခဲ့ကြတဲ့ ချစ်ကြည်ရေးဘောလုံးပွဲကျင်းပရာ Stade de France ကွင်းကြီးကိုတိုက်ခိုက်ဖို့အသေခံဗုံးခွဲသမား၃ဦး ဘောလုံးကွင်းကြီးအပြင်ဖက်မှာ ပေါက်ကွဲမှုအတွင်းသေဆုံး ခဲ့ပါတယ်။
အကြမ်းဖက်သမားတွေတိုက်ခိုက်ခဲ့တဲ့အဓိကပစ်မှတ်တွေထဲမှာ Stade de France ဘောလုံးကွင်းကြီးလည်းတစ်ခုပါဝင်ပါတယ်။ကွင်းအပြင်မှာ ပေါက်ကွဲမှုဖြစ်ချိန်က ပြင်သစ်သမ္မတ Francois Hollande လည်းဘောလုံးကွင်းကြီးထဲ ဘောလုံးပွဲကြည့်နေပါတယ်။
အဲဒီပွဲမှာ အိမ်ရှင်ပြင်သစ် ကမ္ဘာ့ချန်ပီယံဂျာမနီကို ၂ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ပွဲအပြီးမှာ အပြင်ထွက်လို့မရတဲ့အတွက် ပရိတ်သတ်တွေ ကွင်းထဲဝင်ပြီး အခြေနေကိုစောင့်နေခဲ့ရပါတယ်။ လာမယ့်အင်္ဂါနေ့မှာ လန်ဒန် ဝင်ဘလေကွင်းမှာကစားမယ့် ပြင်သစ်နဲ့ အင်္ဂလန်အသင်း ချစ်ကြည်ရေးပွဲကိုတော့ ကစားမယ်လို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ကပြောထားပါတယ်။ ကမ္ဘာအနှံ့အပြားမှာပြုလုပ်တဲ့ အားကစားပွဲတွေမှာ ပြင်သစ်မှာ သေဆုံးခဲ့တဲ့ အပြစ်မဲ့သူတွေ အတွက် ဝမ်းနည်းချင်းအထိမ်းမှတ်များပြုလုပ်ခဲ့ကြပါတယ်။
BBC Burmese
http://www.bbc.com/burmese
.......................................................
ပင်သစ္မွာလုပ္မယ့် အားကစားပြဲတြေရြ့ဆိုင်း
သောကြာနေ့ ပဲရစ္တိုက္ခိုက္မွုနောက္ပိုင်ျးပင်သစ္မွာက်င်းပမယ့်အားကစားပြဲတြေကို လျုံခုံရေးအရ ရြေ့ဆိုင်း လိုက်ပျြီဖစ္ပါတယ်။
ျပင်သစ္နဲ့ဂ်ာမနီကစားခဲ့ကြတဲ့ ခ်စ်ကြည်ရေးဘောလုံးပြဲက်င်းပရာ Stade de France ကြင်းကြီးကိုတိုက္ခိုက္ဖို့အေသခံဗုံးခြဲသမား၃ဦး ဘောလုံးကြင်းကြီးအျပင္ဖက္မွာ ပေါက္ကြဲမွုအတြင်းသေဆုံး ခဲ့ပါတယ်။
အကြမ်းဖက်သမားတြေတိုက္ခိုက္ခဲ့တဲ့အဓိကပစ္မွတ်တြေထဲမွာ Stade de France ဘောလုံးကြင်းကြီးလည်းတစ္ခုပါဝင္ပါတယ်။ကြင်းအျပင္မွာ ပေါက္ကြဲမျွုဖစ္ခိန္ကျပင်သစ်သမ္မတ Francois Hollande လည်းဘောလုံးကြင်းကြီးထဲ ဘောလုံးပြဲကြည့်နေပါတယ်။
အဲဒီပြဲမွာ အိမ်ရွင်ျပင်သစ် ကမ္ဘာ့ခ်န္ပီယံဂ်ာမနီကို ၂ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ပြဲအပြီးမွာ အျပင္ထြက္လို့မရတဲ့အတြက် ပရိတ်သတ်တြေ ကြင်းထဲဝင်ပြီး အျေခေနကိုစောင့်နေခဲ့ရပါတယ်။ လာမယ့်အင်္ဂါနေ့မွာ လန္ဒန် ဝင္ဘေလကြင်းမွာကစားမယ့်ျပင်သစ္နဲ့ အဂင်္လန်အသင်း ခ်စ်ကြည်ရေးပြဲကိုတော့ ကစားမယ္လိျု့ပင်သစ်ဘောလုံးအဖြဲ့ခ်ုပ္ကျေပာထားပါတယ်။ ကမ္ဘာအနွံ့အျပားမျွာပုလုပ္တဲ့ အားကစားပြဲတြေမျွာပင်သစ္မွာ သေဆုံးခဲ့တဲ့ အျပစ္မဲ့သူတြေ အတြက် ဝမ်းနည်းခ်င်းအထိမ်းမွတ္မ်ာျးပုလုပ္ခဲ့ကြပါတယ်။
BBC Burmese
http://www.bbc.com/burmese