Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

စဥ့်ကူးမြို့နယ်တွင် ရွာသုံးရွာ ရေတိုက်စားကမ်းပြိုသဖြင့် အရေးပေါ်ကာကွယ်ရေး လုပ်နေ ။

$
0
0

ခိုင်ဆက်ဝေ ။
မန္တလေး၊စဥ့်ကူးမြို့နယ်၊ ဟသာင်္မကျေးရွာအုပ်စုမှ ရွာသုံးရွာတွင်
ဧရာဝတီမြစ်ရေ၁၀ပေခန့်
ရေတိုက်စား ကမ်းပါးပြုခဲ့သဖြင့် အရေးပေါ်ကာကွယ်ရေးလုပ်ဆောင်နေ ကြောင်း
တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက ပြောသည်။
ဟသာင်္မကျေးရွာအုပ်စုမှ ဟသာင်္မရွာ၊ကုန်တန်းကြီးရွာ၊ကြက်တူရွေးရွာတိုတွင်
ကမ်းပြိုခဲ့ခြင်းဖြစ်၍ ၄င်းရွာများမှာ တဆက် တစပ်တည်းရှိနေပြီး ဇူလိုင်
၁၉-ရက်နေ့က ၀န်ကြီးနှင့်အဖွဲ့ရောက်ရှိခဲ့သည်ဟုဆိုသည်။
“နေအိမ်တွေပါသွားပြီးဆိုလို့ နောက်နေ့သွားခဲ့ပြီးဒေသခံတွေကို အားပေးတယ်။
အရေး ပေါ်ကာကွယ်ရေးလုပ် ဖို့ ငွေဆယ်သိန်းပေးခဲ့တယ်။ရေအရင်းအမြစ်က ကျန်တာ
ဆက်လုပ်ပေးမယ်။” ဟု ၄င်းကပြောသည်။
အဆိုပါ ကမ်းပြိုမှုကြောင့် အိမ်ထောင်စု ၄၃-စု၊ အား
စားသောက်ပစ္စည်းများနှင့် ငွေကြေးတို့ကို တိုင်းဒေ သ ကြီးမှ
ထောက်ပံ့ပေးခဲ့သည်ဟု စဥ့်ကူးမြို့နယ်အုပ်ချုပ်ရေးမှုးက ဦးအောင်ကျော်သန်း
က ပြောသည်။
“ပြီးခဲ့တဲ့ ၆-ရက်နေ့လောက်က စပြီး တိုက်စားတယ်။ရွာအရောက် စာရင်းကောက်တော့
တိုးလာ တယ်။ တချို့ ကလည်း ယာယီတဲ လေး ကိုတောင် အိမ်လုပ်ပြီး
အပျက်စားရင်းပေးတာတွေလဲ တွေ့တယ်။”ဟု ၄င်းကပြော သည်။
ဒေသခံများအနေဖြင့် မြစ်ကမ်းပါးပြိုကျမှုကြောင့်
စိုက်ပျိုးမြေများဆုံးရှုံးခဲ့ရသကဲ့သို့ နေအိမ်ပြောင်းရွှေ့ရသည့်
ဒုက္ခများလည်း၇င်ဆိုင်ကြရကြောင်း ဟသာင်္မရွာမှ ကိုမိုးကပြောသည်။
“အိမ်ပြောင်းရတာမလွယ်ဘူး။ ကုန်ကျစရိတ်ရှိတယ်။စုမိဆောင်းမိပြီဆိုရင်ကမ်းပြိုတာနဲ့ တွေ့လို့ကတော့
ကုန် ပြီဘဲ။လုပ်စားမြေတွေလည်း ဆုံးရူံးတယ်။
ကိုယ့်မွေးရပ်မြေဆိုတော့ မစွန့်နိုင်ပဲပေါ့။”ဟု ၄င်းကပြောသည်။
ကမ်းပြိုမှု အရေးပေါ် ကာကွယ်ပေးရန် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့
ဖြိုး တိုးတက်ရေး ဦးစီးဌာနက ရေစီး အား လျော့နည်းစေသည့် Steel Cable
Groyne ဖြင့် ပေ ၂၀၀-အရှည်နှစ်ခုကိုလုပ်ဆောင် ပေးနေသည်ဟုဆို သည်။
“မြစ်ကြောင်းဆိုတာ အမြဲပြောင်းလဲနေတော့ ရေဦးတိုက်တဲ့ နေရာမှာ
ကမ်းပြိုလေ့ရှိတယ်။ကုန်းတန်းကြီးရွာ မှာ ကမ်းပြိုကာကွယ်ရေးလုပ်ဖို့
ဒီနှစ်ဘတ်ဂျက်ကျထားပြီးဖြစ်တယ်။ရေကျချိန်မှာ လုပ်လို့ရမယ်။လက်ရှိတော့
အရေးပေါ်ကာကွယ်ရေးလုပ်ပေးသွားမှာပါ။”ဟု ရေအရင်းအမြစ်ဌာန ဦးစီးမှုး
ဦးဝင်းလှိုင်က ပြောသည်။
တိုင်းဒေသကြီးအနေဖြင့် ယခုနှစ်ဘတ်ဂျက်အရ ရွာပေါင်း ၂၂-ရွာတွင်
ကမ်းပြိုကာကွယ်ရေးလုပ် ဆောင် ရန် ကျပ်သန်းပေါင်း၂၉၂၄ဒသမ ၃-သန်းနှင့်
ရေလမ်းကြောင်းဖွံ့ဖြိုးရေး အတွက်ကျပ်သန်းပေါင်း ၃၂၄ သန်း
စုစုပေါင်း ကျပ်သန်းပေါင်း ၃၂၄၈ ဒသမ ၃-သန်းသုံးစွဲုမည်
ဖြစ်ကြောင်းသိရသည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>