Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ျပင္သစ္နဲ႔ ေသြးစည္းခုိင္မာမႈျပဖုိ႔ ကယ္ရီ ပဲရစ္ေရာက္

$
0
0

 ၿပီးခဲ့တဲ့သီတင္းပတ္က ေသနပ္ပစ္ခတ္မႈနဲ႔ အေသခံ ဗုံးခြဲမႈေတြ ျဖစ္ပြားခဲ့တဲ့ ျပင္သစ္ႏိုင္ငံနဲ႔ ေသြးစည္းခိုင္မာမႈျပသဖို႔ ပဲရစ္ၿမိဳ႕ေတာ္ကိုေရာက္ရွိေနတဲ့ အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီး John Kerry က IS အၾကမ္းဖက္အုပ္စုကို ေျခမႈန္းရာမွာ အႏိုင္ရရွိမွာျဖစ္ၿပီး သူတို႔ကို ႏိွမ္နင္းဖုိ႔ လုပ္ေဆာင္ေနတယ္လို႔ ေျပာလုိက္ပါတယ္။

တနလၤာေန႔ညပုိင္း ျပင္သစ္ၿမဳိ႕ေတာ္ကို ႏုိင္ငံျခားေရး၀န္ႀကီး ဆုိက္ေရာက္စဥ္ လုံၿခဳံေရးကို တင္းၾကပ္စြာခ်ထားပါတယ္။ ၀န္ႀကီး Kerry နဲ႔အတူ သတင္းေထာက္ေတြကို လုိက္ပါခြင့္မျပဳပဲ၊ ဒါဟာ ဥေရာပၿမဳိ႕ေတာ္ကို သြားေရာက္တဲ့ တရားဝင္ခရီးစဥ္အတြင္း ပထမဦးဆုံးအႀကိမ္ ခုလို ကန္႔သတ္လိုက္တာပဲ ျဖစ္ပါတယ္။

အသက္ဆုံး႐ႈံးသူေတြအတြက္ ေၾကကြဲဝမ္းနည္းမႈကို ေျဖေဖ်ာက္လုိ႔ ရႏိုင္မွာမဟုတ္ေၾကာင္း ၀န္ႀကီးကယ္ရီက ေျပာပါတယ္။ ဒါ့အျပင္ ပဲရစ္ၿမဳိ႕ေတာ္မွာ ဒီလေႏွာင္းပုိင္းက်င္းပဖုိ႔ရွိတဲ့ ရာသီဥတုဆုိင္ရာ ညီလာခံအပါအဝင္ အျခားအစီအစဥ္ေတြကုိ ေျပာင္းလဲ ဖ်က္သိမ္းျခင္း ျပဳမွာမဟုတ္ဘူးလို႔လဲ သူက ေျပာပါတယ္။ အဲဒီညီလာခံကို တက္ေရာက္ဖုိ႔ သမၼတ အုိဘားမားက စိတ္ဆႏၵ ေစာလွ်က္ရွိ ေၾကာင္းလဲ ေျပာပါတယ္။

ေစာေစာပိုင္းကေတာ့ ျပင္သစ္သမၼတ Francois Hollande က ဆီးရီးယားအေပၚ ထုိးစစ္ကို တိုးျမွင့္လုပ္ေဆာင္သြားမယ္လို႔ အေလးနက္ ေျပာဆိုခဲ့ပါတယ္။ Versailles ရွိ ျပင္သစ္အထက္နဲ႔ ေအာက္လြတ္ေတာ္ ႏွစ္ရပ္စလုံးမွာ ရွားပါးလွတဲ့ မိန္႔ခြန္းေျပာၾကားရာမွာ ျပင္သစ္သမၼတက - ေသာၾကာေန႔က ျဖစ္ပြားခဲ့တဲ့ လုပ္ရပ္ေတြဟာ စစ္ေၾကညာတဲ့ သေဘာ သက္ေရာက္ပီး ဆီးရီးယားမွာ ဆုံးျဖတ္ စီစဥ္ခဲ့တာျဖစ္သလို ဘယ္လ္ဂ်ီယံမွာ ျပင္ဆင္စည္းရုံးခဲ့ၿပီး က်ေနာ္တုိ႔ရဲ႕ ျပင္သစ္ေျမေပၚမွာ လာေရာက္က်ဴးေက်ာ္ ႀကံစည္ခဲ့တာပဲျဖစ္တယ္လုိ႔ သမၼတ Francois Hollande က ျပင္သစ္ဘာသာစကားနဲ႔ ေျပာသြားတာ ျဖစ္ပါတယ္။

တနလၤာေန႔ကလဲ ျပင္သစ္အာဏာပိုင္ေတြဟာ ႏုိင္ငံတ၀ွမ္း ရဲတပ္ဖြဲ႔ေတြ ၀င္စီးနင္းရာမွာ လူ ၂၃ ဦးကို ဖမ္းဆီးခဲ့ၿပီး ဒီလူေတြဟာ အၾကမ္းဖက္တုိုက္ခုိက္မႈကို ဦးစည္းလုပ္ေဆာင္ၾကတဲ့ မသကၤာရသူေတြျဖစ္တယ္လို႔ ျပင္သစ္ အာဏာပိုင္ေတြက ေျပာပါတယ္။ လူ ၁၂၉ ဦးအနည္းဆုံး ေသးဆုံးခဲ့တဲ့ ဒီတုိက္ခုိက္မႈေတြကို အဓိက ႀကံစည္ခဲ့သူအျဖစ္ ေမာ္ရုိကိုႏြယ္ဖြား ဘယ္လ္ဂ်ီယံ ႏိုင္ငံသား Abdel Hamid Abaaoud ကုိ ေဖၚထုတ္ႏုိင္ခဲ့ပါတယ္။ ဒီႏွစ္ေစာေစာပိုင္းက ရဲအေပၚ မေအာင္ျမင္ခဲ့တဲ့ တုိက္ခိုက္မႈအတြက္ ဘယ္လ္ဂ်ီယံအာဏာပိုင္ေတြက သူ႔ကို အလုိရွိေနတာျဖစ္ပါတယ္။ တနလၤာေန႔က မိန္႔ခြန္းမွာ သမၼတ Hollande က အၾကမ္းဖက္မႈ တုိက္ဖ်က္ေရးအတြက္ အေဆာတလွ်င္ ဆုံးျဖတ္ခ်က္ခ်ဖို႔ လုံၿခံဳေရးေကာင္စီကို တုိက္တြန္းလိုက္ပါတယ္။

ဗြီအိုုေအ (ျမန္မာဌာန)
http://burmese.voanews.com

................................

ပင်သစ်နဲ့ သွေးစည်းခိုင်မာမှုပြဖို့ ကယ်ရီ ပဲရစ်ရောက်

 ပြီးခဲ့တဲ့သီတင်းပတ်က သေနပ်ပစ်ခတ်မှုနဲ့ အသေခံ ဗုံးခွဲမှုတွေ ဖြစ်ပွားခဲ့တဲ့ ပြင်သစ်နိုင်ငံနဲ့ သွေးစည်းခိုင်မာမှုပြသဖို့ ပဲရစ်မြို့တော်ကိုရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က IS အကြမ်းဖက်အုပ်စုကို ခြေမှုန်းရာမှာ အနိုင်ရရှိမှာဖြစ်ပြီး သူတို့ကို နှိမ်နင်းဖို့ လုပ်ဆောင်နေတယ်လို့ ပြောလိုက်ပါတယ်။

တနင်္လာနေ့ညပိုင်း ပြင်သစ်မြို့တော်ကို နိုင်ငံခြားရေးဝန်ကြီး ဆိုက်ရောက်စဉ် လုံခြုံရေးကို တင်းကြပ်စွာချထားပါတယ်။ ၀န်ကြီး Kerry နဲ့အတူ သတင်းထောက်တွေကို လိုက်ပါခွင့်မပြုပဲ၊ ဒါဟာ ဥရောပမြို့တော်ကို သွားရောက်တဲ့ တရားဝင်ခရီးစဉ်အတွင်း ပထမဦးဆုံးအကြိမ် ခုလို ကန့်သတ်လိုက်တာပဲ ဖြစ်ပါတယ်။

အသက်ဆုံးရှုံးသူတွေအတွက် ကြေကွဲဝမ်းနည်းမှုကို ဖြေဖျောက်လို့ ရနိုင်မှာမဟုတ်ကြောင်း ၀န်ကြီးကယ်ရီက ပြောပါတယ်။ ဒါ့အပြင် ပဲရစ်မြို့တော်မှာ ဒီလနှောင်းပိုင်းကျင်းပဖို့ရှိတဲ့ ရာသီဥတုဆိုင်ရာ ညီလာခံအပါအဝင် အခြားအစီအစဉ်တွေကို ပြောင်းလဲ ဖျက်သိမ်းခြင်း ပြုမှာမဟုတ်ဘူးလို့လဲ သူက ပြောပါတယ်။ အဲဒီညီလာခံကို တက်ရောက်ဖို့ သမ္မတ အိုဘားမားက စိတ်ဆန္ဒ စောလျှက်ရှိ ကြောင်းလဲ ပြောပါတယ်။

စောစောပိုင်းကတော့ ပြင်သစ်သမ္မတ Francois Hollande က ဆီးရီးယားအပေါ် ထိုးစစ်ကို တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ အလေးနက် ပြောဆိုခဲ့ပါတယ်။ Versailles ရှိ ပြင်သစ်အထက်နဲ့ အောက်လွတ်တော် နှစ်ရပ်စလုံးမှာ ရှားပါးလှတဲ့ မိန့်ခွန်းပြောကြားရာမှာ ပြင်သစ်သမ္မတက - သောကြာနေ့က ဖြစ်ပွားခဲ့တဲ့ လုပ်ရပ်တွေဟာ စစ်ကြေညာတဲ့ သဘော သက်ရောက်ပီး ဆီးရီးယားမှာ ဆုံးဖြတ် စီစဉ်ခဲ့တာဖြစ်သလို ဘယ်လ်ဂျီယံမှာ ပြင်ဆင်စည်းရုံးခဲ့ပြီး ကျနော်တို့ရဲ့ ပြင်သစ်မြေပေါ်မှာ လာရောက်ကျူးကျော် ကြံစည်ခဲ့တာပဲဖြစ်တယ်လို့ သမ္မတ Francois Hollande က ပြင်သစ်ဘာသာစကားနဲ့ ပြောသွားတာ ဖြစ်ပါတယ်။

တနင်္လာနေ့ကလဲ ပြင်သစ်အာဏာပိုင်တွေဟာ နိုင်ငံတဝှမ်း ရဲတပ်ဖွဲ့တွေ ၀င်စီးနင်းရာမှာ လူ ၂၃ ဦးကို ဖမ်းဆီးခဲ့ပြီး ဒီလူတွေဟာ အကြမ်းဖက်တိုုက်ခိုက်မှုကို ဦးစည်းလုပ်ဆောင်ကြတဲ့ မသင်္ကာရသူတွေဖြစ်တယ်လို့ ပြင်သစ် အာဏာပိုင်တွေက ပြောပါတယ်။ လူ ၁၂၉ ဦးအနည်းဆုံး သေးဆုံးခဲ့တဲ့ ဒီတိုက်ခိုက်မှုတွေကို အဓိက ကြံစည်ခဲ့သူအဖြစ် မော်ရိုကိုနွယ်ဖွား ဘယ်လ်ဂျီယံ နိုင်ငံသား Abdel Hamid Abaaoud ကို ဖေါ်ထုတ်နိုင်ခဲ့ပါတယ်။ ဒီနှစ်စောစောပိုင်းက ရဲအပေါ် မအောင်မြင်ခဲ့တဲ့ တိုက်ခိုက်မှုအတွက် ဘယ်လ်ဂျီယံအာဏာပိုင်တွေက သူ့ကို အလိုရှိနေတာဖြစ်ပါတယ်။ တနင်္လာနေ့က မိန့်ခွန်းမှာ သမ္မတ Hollande က အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် အဆောတလျှင် ဆုံးဖြတ်ချက်ချဖို့ လုံခြုံရေးကောင်စီကို တိုက်တွန်းလိုက်ပါတယ်။

ဗွီအိုုအေ (မြန်မာဌာန)
http://burmese.voanews.com

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>