Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ပြည်ထောင်စုလွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့၌ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ပြောကြားသည့် အဖွင့်မိန့်ခွန်း ကောက်နှုတ်ချက်

$
0
0


❖ ဒီနေ့ နိုင်ငံတော်မှာ ပြောင်းလဲနေတဲ့ ခေတ်စနစ်နဲ့အညီ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ဈေးကွက်စီးပွားရေးစနစ်ကို ပိုမိုခိုင်မာတိုးတက်စေရန်နဲ့ ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ် ဖြစ်ပေါ်စေရေးတို့အတွက် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင်ရေး အာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနဲ့ အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းစတဲ့ ဒီမိုကရေစီအလေ့အကျင့်ဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ကြမယ့် ခေတ်ကာလမှာ မိမိတို့ရဲ့ အခန်းကဏ္ဍအလိုက် သီးခြားစီဆောင်ရွက်ကြရတဲ့ လုပ်ငန်းများရှိသလို ပူးပေါင်းပါဝင်ပြီး ညှိနှိုင်းဆောင်ရွက်ကြရတဲ့ အခြေအနေများလည်း ရှိကြမှာ ဖြစ်ပါတယ်။
❖ ဒီလိုဆောင်ရွက်ကြရာမှာ ပြည်ထောင်စုလွှတ်တော်ဟာ ပြည်သူ့ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းထားတဲ့၊ ပြည်သူအားလုံးကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းဖြစ်တာနဲ့အညီ ပြည်သူများအပေါ် ထားရှိရမည့် ကတိသစ္စာတရားကို အမြဲတမ်း မဖောက်မပြန် အလေးထားဆောင်ရွက်ပေးနိုင်မယ့် အခွင့်အလမ်းကို ဆွေးနွေးအဖြေရှာ ဖော်ထုတ်ပေးနိုင်တဲ့ တစ်ခုတည်းသော နေရာဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအားလုံး ခံယူထားကြရမှာ ဖြစ်ပါတယ်။
❖ ကျွန်တော်အနေနဲ့ ဒုတိယအကြိမ်သက်တမ်းအတွက် လွှတ်တော်များခေါ်ယူ ဖွဲ့စည်းချိန်အထိ ဆောင်ရွက်ပေးဖို့ရှိတဲ့ ကိစ္စရပ်များကို သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနဲ့အညီ စနစ်တကျနဲ့ အစီအစဉ်ရှိရှိ ဆက်လက်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
❖ ဒီလိုပဲ လက်ရှိ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအနေနဲ့လည်း ကျွန်တော်တို့နိုင်ငံမှာ ယခင်ကာလက နှစ်ပေါင်းအတော်ကြာ ဆောင်ရွက်ခွင့်မရခဲ့တဲ့ ဒီမိုကရေစီစနစ်ရဲ့ ဥပဒေပြုရေး လုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းဆောင်နိုင်မယ့် သက်တမ်း ၂ လ ခန့်သာ ကျန်ရှိတဲ့ ဒီကာလအတွင်းမှာ နိုင်ငံတော်နဲ့ ပြည်သူအများအတွက် စေတနာပါပါ သစ္စာရှိရှိ ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုပါတယ်။

(၁၆-၁၁-၂၀၁၅ ရက်နေ့၊ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့၌ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ပြောကြားသည့် အဖွင့်မိန့်ခွန်း ကောက်နှုတ်ချက်)

H.E. Thura U Shwe Mann

Viewing all articles
Browse latest Browse all 13796

Trending Articles


မြန်မာ့တပ်မတော်၏ စစ်လက်နက်ဖြည့်တင်းခြင်း


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အလောင်းမင်းတရားမှ ဟံသာဝတီပဲခူးကို သိမ်းပိုက်နိုင်ခြင်း


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ပြည့်တန်ဆာတစ်ဦး နှင့် ဆက်ဆံကြည့်ခြင်း..(ဟာဂျူလီ-ကသာ)


TTA Oreo Gapp Installer


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


မြလေး အပိုင်း(၄)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>