Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

IS ပစ္မွတ္ကို ျပင္သစ္နဲ႔႐ုရွ ထိုးစစ္ျမႇင့္

$
0
0


ပါရီ ၿမိဳ႕ေတာ္နဲ႔ ႐ုရွ ခရီးသည္တင္ ေလယာဥ္ကို အိုင္အက္စ္ လက္နက္ကိုင္အဖြဲ႕က အၾကမ္းဖက္ ေဖါက္ခြဲ တိုက္ခိုက္မႈေတြ က်ဴးလြန္ၿပီးတဲ့ေနာက္မွာ ႏွစ္ႏိုင္ငံစလုံးကလည္း အိုင္အက္စ္ ရဲ႕ ေျခကုပ္ စခန္း ပစ္မွတ္ေတြကို တုံ႔ျပန္ စစ္ဆင္မႈေတြ သည္းသည္းမည္းမည္း လုပ္ေနပါၿပီ။

ျပင္သစ္ တိုက္ေလယာဥ္ေတြဟာ ဆီးရီးယားႏိုင္ငံရွိ အိုင္အက္စ္ ေျခကုပ္စခန္း ရက္ကာၿမိဳ႕ကို ႏွစ္ရက္ဆက္တိုက္ ဗုံးႀကဲေနသလို ႐ုရွ ကလည္း ေရငုပ္သေဘၤာကေန ခ႐ုစ္ဒုံးပ်ံေတြ နဲ႔ ရက္ကာ ၿမိဳ႕အနီးဆီ ပစ္လႊတ္ေနပါတယ္။ ဒါတင္မကေသးပါဘူး။ ႐ုရွ က ေလေၾကာင္းစစ္ဆင္ေရးကို ႏွစ္ဆ တိုးလိုက္သလို ဗုံးႀကဲေလယာဥ္ေတြ ေပၚကေနလည္း ခ႐ုစ္ဒုံးပ်ံေတြကို ပစ္လႊတ္ေနပါတယ္။

ပထမတုန္းက ႐ုရွသမၼတ ပူတင္က အေနာက္အုပ္စု နဲ႔ စစ္ေရးအရ ပူးေပါင္းၿပီး အိုင္အက္စ္ အျမစ္ျဖဳတ္ေရး ေဆြးေႏြးတဲ့အဆင့္ကေန အခုေတာ့ သာမန္ မဟာမိတ္ထက္ေက်ာ္လြန္ၿပီး တူညီတဲ့ အေရးယူေဆာင္႐ြက္မႈ ျပဳလာၾကတာကို ေတြ႕ရတဲ့အေၾကာင္း ဘီဘီစီ ကမၻာ့ေရးရာ သတင္းေထာက္ ဂၽြန္နသန္ မားကတ္စ္က သုံးသပ္ျပပါတယ္။

သမၼတ ပူတင္ရဲ႕ ေျပာစကားအရ ဆိုင္းႏိုင္းမွာ ႐ုရွ ေလယာဥ္ကိုပစ္ခ်ၿပီး ႐ုရွ ႏိုင္ငံသားေတြကို အသက္ ဆုံး႐ႈံးေစခဲ့တဲ့ ေသြးစြန္းတဲ့ ရာဇဝတ္မႈအတြက္ သူတို႔ဟာ ႏွလုံးသားထဲက မ်က္ေရေတြကို မသုတ္ရေသးတဲ့ အေၾကာင္း၊ ဒီ ေၾကကြဲဖြယ္ ျဖစ္ရပ္ဟာ အၿမဲ စြဲၿမဲေနဦးမွာ ျဖစ္တဲ့အတြက္ ျပစ္မႈ က်ဴးလြန္သူေတြကိုလည္း မေတြ႕ ေတြ႕ေအာင္ရွာၿပီး ဒဏ္ခတ္ဦးမွာပါလို႔ ဆိုပါတယ္။

ဆီးရီးယား ရဲ႕ ႏိုင္ငံေရး၊ စစ္ေရး၊ ဒုကၡသည္ အေရးကိစၥေတြ ေျဖရွင္းေပးႏိုင္မွသာ အေရွ႕အလယ္ပိုင္းေဒသ ရဲ႕ စစ္မီး တစိတ္တပိုင္း ေျပၿငိမ္းလာစရာ ရွိတာကို ၿပီးခဲ့တဲ့ သီတင္းပတ္ က အေနာက္အုပ္စု ေခါင္းေဆာင္ေတြဟာ ဗီယင္နာၿမိဳ႕ေတာ္မွာ ေဆြးေႏြး အေျဖရွာတဲ့ အေၾကာင္း၊ လာမယ့္ ေျခာက္လအတြင္း ဂိုဏ္းဂဏ ဘာသာေရး အယူအစြဲ ကင္းစင္တဲ့၊ အမ်ားပါဝင္ႏိုင္တဲ့ အစိုးရ ေပၚေပါက္ေရးကို ေရွ႕ႏွစ္ဆန္းပိုင္း အေကာင္အထည္ေဖၚႏိုင္ရင္ အိုင္အက္စ္ကိုလည္း အျမစ္ျပတ္ေစႏိုင္မယ့္အေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီး ဂၽြန္ကယ္ရီက ဘီဘီစီ ကိုေျပာပါတယ္။

ဆီးရီးယား အေရးကို ေျပလည္သြားေအာင္ လာမယ့္ လပိုင္းအတြင္းမွာ စနစ္တက်နဲ႔ သတိ မလြတ္ေစပဲ လုပ္ကိုင္ႏိုင္တယ္ ဆိုတာ ေသခ်ာလို႔ အိုင္အက္စ္ အဖြဲ႕လည္း ဒီ ဖိအားဒဏ္ကို သိတာနဲ႔ အမၽွ ျဖည္းျဖည္းခ်င္း အားအင္ခ်ိနဲ႔ၿပီး ပ်က္သုဥ္းသြားႏိုင္ပါတယ္လို႔ မစၥတာ ကယ္ရီက ဘီဘီစီ သတင္းေထာက္ ဘာဘရာပလက္ အာရွာကို ေျပာပါတယ္။

..................................................




IS ပစ်မှတ်ကို ပြင်သစ်နဲ့ရုရှ ထိုးစစ်မြှင့်

ပါရီ မြို့တော်နဲ့ ရုရှ ခရီးသည်တင် လေယာဉ်ကို အိုင်အက်စ် လက်နက်ကိုင်အဖွဲ့က အကြမ်းဖက် ဖေါက်ခွဲ တိုက်ခိုက်မှုတွေ ကျူးလွန်ပြီးတဲ့နောက်မှာ နှစ်နိုင်ငံစလုံးကလည်း အိုင်အက်စ် ရဲ့ ခြေကုပ် စခန်း ပစ်မှတ်တွေကို တုံ့ပြန် စစ်ဆင်မှုတွေ သည်းသည်းမည်းမည်း လုပ်နေပါပြီ။

ပြင်သစ် တိုက်လေယာဉ်တွေဟာ ဆီးရီးယားနိုင်ငံရှိ အိုင်အက်စ် ခြေကုပ်စခန်း ရက်ကာမြို့ကို နှစ်ရက်ဆက်တိုက် ဗုံးကြဲနေသလို ရုရှ ကလည်း ရေငုပ်သင်္ဘောကနေ ခရုစ်ဒုံးပျံတွေ နဲ့ ရက်ကာ မြို့အနီးဆီ ပစ်လွှတ်နေပါတယ်။ ဒါတင်မကသေးပါဘူး။ ရုရှ က လေကြောင်းစစ်ဆင်ရေးကို နှစ်ဆ တိုးလိုက်သလို ဗုံးကြဲလေယာဉ်တွေ ပေါ်ကနေလည်း ခရုစ်ဒုံးပျံတွေကို ပစ်လွှတ်နေပါတယ်။

ပထမတုန်းက ရုရှသမ္မတ ပူတင်က အနောက်အုပ်စု နဲ့ စစ်ရေးအရ ပူးပေါင်းပြီး အိုင်အက်စ် အမြစ်ဖြုတ်ရေး ဆွေးနွေးတဲ့အဆင့်ကနေ အခုတော့ သာမန် မဟာမိတ်ထက်ကျော်လွန်ပြီး တူညီတဲ့ အရေးယူဆောင်ရွက်မှု ပြုလာကြတာကို တွေ့ရတဲ့အကြောင်း ဘီဘီစီ ကမ္ဘာ့ရေးရာ သတင်းထောက် ဂျွန်နသန် မားကတ်စ်က သုံးသပ်ပြပါတယ်။

သမ္မတ ပူတင်ရဲ့ ပြောစကားအရ ဆိုင်းနိုင်းမှာ ရုရှ လေယာဉ်ကိုပစ်ချပြီး ရုရှ နိုင်ငံသားတွေကို အသက် ဆုံးရှုံးစေခဲ့တဲ့ သွေးစွန်းတဲ့ ရာဇဝတ်မှုအတွက် သူတို့ဟာ နှလုံးသားထဲက မျက်ရေတွေကို မသုတ်ရသေးတဲ့ အကြောင်း၊ ဒီ ကြေကွဲဖွယ် ဖြစ်ရပ်ဟာ အမြဲ စွဲမြဲနေဦးမှာ ဖြစ်တဲ့အတွက် ပြစ်မှု ကျူးလွန်သူတွေကိုလည်း မတွေ့ တွေ့အောင်ရှာပြီး ဒဏ်ခတ်ဦးမှာပါလို့ ဆိုပါတယ်။ 

ဆီးရီးယား ရဲ့ နိုင်ငံရေး၊ စစ်ရေး၊ ဒုက္ခသည် အရေးကိစ္စတွေ ဖြေရှင်းပေးနိုင်မှသာ အရှေ့အလယ်ပိုင်းဒေသ ရဲ့ စစ်မီး တစိတ်တပိုင်း ပြေငြိမ်းလာစရာ ရှိတာကို ပြီးခဲ့တဲ့ သီတင်းပတ် က အနောက်အုပ်စု ခေါင်းဆောင်တွေဟာ ဗီယင်နာမြို့တော်မှာ ဆွေးနွေး အဖြေရှာတဲ့ အကြောင်း၊ လာမယ့် ခြောက်လအတွင်း ဂိုဏ်းဂဏ ဘာသာရေး အယူအစွဲ ကင်းစင်တဲ့၊ အများပါဝင်နိုင်တဲ့ အစိုးရ ပေါ်ပေါက်ရေးကို ရှေ့နှစ်ဆန်းပိုင်း အကောင်အထည်ဖေါ်နိုင်ရင် အိုင်အက်စ်ကိုလည်း အမြစ်ပြတ်စေနိုင်မယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ဘီဘီစီ ကိုပြောပါတယ်။

ဆီးရီးယား အရေးကို ပြေလည်သွားအောင် လာမယ့် လပိုင်းအတွင်းမှာ စနစ်တကျနဲ့ သတိ မလွတ်စေပဲ လုပ်ကိုင်နိုင်တယ် ဆိုတာ သေချာလို့ အိုင်အက်စ် အဖွဲ့လည်း ဒီ ဖိအားဒဏ်ကို သိတာနဲ့ အမျှ ဖြည်းဖြည်းချင်း အားအင်ချိနဲ့ပြီး ပျက်သုဉ်းသွားနိုင်ပါတယ်လို့ မစ္စတာ ကယ်ရီက ဘီဘီစီ သတင်းထောက် ဘာဘရာပလက် အာရှာကို ပြောပါတယ်။

BBC Burmese




Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...