ၿပီးခဲ့တဲ့ ေသာၾကာေန႔တုန္းက ျပင္သစ္ႏိုင္ငံ ပဲရစ္ၿမိဳ႕က စားေသာက္ဆုိင္ေတြနဲ႔ ဘားေတြကို အၾကမ္းဖက္တုိက္ခုိက္ရာမွာ အသုံးျပဳခဲ့တဲ့ ကားေပၚမွာ ဘယ္သူဘယ္၀ါ မသိရတဲ့ တတိယေျမာက္ ေနာက္လူတစ္ဦးပါလာတယ္ ဆိုတာကို ဗြီဒီယိုအေထာက္အထားေတြက ေဖာ္ျပေနတယ္လို႔ ျပင္သစ္ စုံစမ္းစစ္ေဆးသူေတြက ေျပာပါတယ္။
အဲဒီလူကို စီးယဒ္အမ်ဳိးအစား ကားအနက္တစ္စင္းေပၚမွာ ဘယ္လ္ဂ်ီယံ ႏိုင္ငံသား Salah Abdeslam နဲ႔ သူ႔ညီ Brahim တုိ႔နဲ႔အတူ ေတြ႕ရတာပါ။
Salah Abdeslam က အခုအခါ ထြက္ေျပးတိမ္းေရွာင္ေနၿပီး Brahim ကေတာ့ တိုက္ခိုက္မႈေတြ အတြင္း သူ႔ကိုယ္သူ ဗုံးခြဲ အေသခံသြားခဲ့ပါတယ္။
သူတုိ႔ အသုံးျပဳခဲ့တယ္လို႔ ယူဆရတဲ့ ပဲရစ္ၿမိဳ႕ ဆင္ေျခဖုံးရပ္ကြက္က အေဆာက္အအုံ ၂ ခုကိုလည္း စုံစမ္းစစ္ေဆးသူေတြက စစ္ေဆးေနၾကပါတယ္။
BBC Burmese
..........................................
ပြင်သစ်အကြမ်းဖက်မှု သံသယရှိသူ နောက်တဦးကို ဗွီဒီယိုမှာ တွေ့ရ
ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ပြင်သစ်နိုင်ငံ ပဲရစ်မြို့က စားသောက်ဆိုင်တွေနဲ့ ဘားတွေကို အကြမ်းဖက်တိုက်ခိုက်ရာမှာ အသုံးပြုခဲ့တဲ့ ကားပေါ်မှာ ဘယ်သူဘယ်ဝါ မသိရတဲ့ တတိယမြောက် နောက်လူတစ်ဦးပါလာတယ် ဆိုတာကို ဗွီဒီယိုအထောက်အထားတွေက ဖော်ပြနေတယ်လို့ ပြင်သစ် စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။
အဲဒီလူကို စီးယဒ်အမျိုးအစား ကားအနက်တစ်စင်းပေါ်မှာ ဘယ်လ်ဂျီယံ နိုင်ငံသား Salah Abdeslam နဲ့ သူ့ညီ Brahim တို့နဲ့အတူ တွေ့ရတာပါ။
Salah Abdeslam က အခုအခါ ထွက်ပြေးတိမ်းရှောင်နေပြီး Brahim ကတော့ တိုက်ခိုက်မှုတွေ အတွင်း သူ့ကိုယ်သူ ဗုံးခွဲ အသေခံသွားခဲ့ပါတယ်။
သူတို့ အသုံးပြုခဲ့တယ်လို့ ယူဆရတဲ့ ပဲရစ်မြို့ ဆင်ခြေဖုံးရပ်ကွက်က အဆောက်အအုံ ၂ ခုကိုလည်း စုံစမ်းစစ်ဆေးသူတွေက စစ်ဆေးနေကြပါတယ်။
BBC Burmese