မော်စကို ၊ ၁၈-၁၁-၂၀၁၅
.
အီဂျစ်နိုင်ငံ ဆိုင်းနိုင်း ကျွန်းဆွယ်၌ ပြီးခဲ့သည့်လက လေယာဉ်ပေါ်တွင် လိုက်ပါလာသူ ၂၂၄ ဦးစလုံး သေဆုံးခဲ့သော ရုရှား ခရီးသည်တင် လေယာဉ် ပျက်ကျမှုသည် အကြမ်းဖက် သမားများ၏ ဗုံးထောင် အကြမ်းဖက်
တိုက်ခိုက်မှုကြောင့် ဖြစ်ကြောင်း ရုရှားအစိုးရက နိုဝင်ဘာ ၁၇ ရက်တွင် အတည်ပြု ခဲ့ပြီးနောက် ယင်းဖြစ်ရပ်နှင့် စပ်လျဉ်း၍ လက်တုံ့ပြန် တိုက်ခိုက်မှုများ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင် က ကတိပြု ပြောကြား ထားသည်။
.
ထို့ပြင် ယင်းကဲ့သို့ ရုရှားခရီးသည်တင် လေယာဉ် တိုက်ခိုက်ခံရမှု နှင့်စပ်လျဉ်း၍ ဆီးရီးယားနိုင်ငံ အတွင်းရှိ ISIS စစ်သွေးကြွ များအပေါ် ပြုလုပ်လျက်ရှိသော ရုရှားစစ်ဘက်၏ ဗုံးကြဲ တိုက်ခိုက်မှုများကို ပိုမိုတိုးမြှင့် လုပ်ဆောင်
သွားမည် ဖြစ်ကြောင်းနှင့် ဗုံးထောင် တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး လက်စားချေနိုင်ရန် အတွက် တိကျ မှန်ကန်သော သတင်းပေး နိုင်သူအား အမေရိကန် ဒေါ်လာ သန်း ၅ဝ ပေးအပ်သွားမည် ဖြစ်ကြောင်း ရုရှားအစိုးရက
ထုတ်ပြန် ကြေညာ ထားသည်။
.
''ရုရှားနိုင်ငံက အခုလို အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ တွေ့ကြုံရတာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ဆိုင်းနိုင်းမှာ လေယာဉ်ပျက်ကျ ပြီးတော့ သေဆုံးခဲ့ရတဲ့ ရုရှား နိုင်ငံသားတွေ က ဓားစာခံ ဖြစ်ခဲ့ရတာပါ။ ဒီဖြစ်စဉ်ကြီးကို ကျွန်တော်တို့ ဘယ်တော့မှ မေ့ပျောက်မှာ မဟုတ်ပေမယ့် ဒီ အကြမ်းဖက်မှု ကျူးလွန် ခဲ့တဲ့သူတွေကို ရှာဖွေ ချေမှုန်းမှု ကိုလည်း ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ သူတို့ ပုန်းခိုနေနိုင်တဲ့ နေရာတွေ အားလုံးကို ရှာဖွေသွားမယ်။ ကမ္ဘာကြီးရဲ့ ဘယ်နေရာပဲ ရောက်နေပါစေ တွေ့အောင် ရှာဖွေပြီးတော့ ဒီ ရာဇဝတ်ကောင် တွေကို အပြစ်ပေး သွားမယ်''ဟု သမ္မတပူတင် က လုံခြုံရေး ထိပ်တန်း ခေါင်းဆောင်များ နှင့် တွေ့ဆုံစဉ် မှတ်ချက်ပြု ပြောကြား ထားသည်။
.
အဆိုပါ ခရီးသည်တင် လေယာဉ် ပျက်ကျမှု သည် TNT ယမ်းပြင်း တစ်ကီလို၏ ပေါက်ကွဲမှု ပြင်းအားနှင့် ညီမျှသော ဗုံးပေါက်ကွဲ မှုကြောင့် ဖြစ်ကြောင်းနှင့် ယင်း ဖြစ်ရပ်သည် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ကြောင်း ရုရှား ထောက်လှမ်းရေး အဖွဲ့ FSB အကြီးအကဲ အဲလက်ဇန်းဒါး ဘော့နီကော့ဗ် က ပြောကြားထားသည်။
.
ထို့နောက် ယင်း ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်သည့် တရားခံများကို ဖမ်းမိနိုင်ရေး အတွက် သတင်းပေး နိုင်သူကို အမေရိကန် ဒေါ်လာ သန်း ၅ဝ ပေးအပ်သွားမည် ဖြစ်ကြောင်း FSB က ထုတ်ပြန်ကြေညာ ခဲ့ခြင်း ဖြစ်သည်။
.
ထို့ပြင် အဆိုပါ အကြမ်းဖက်မှု လုပ်ရပ်နှင့် စပ်လျဉ်း၍ ရှမ်အယ်လ်ရှိတ်ခ် လေဆိပ်မှ အမှုထမ်းနှစ်ဦးကို ဖမ်းဆီး ထိန်းသိမ်း ထားကြောင်း အီဂျစ်ရဲတပ်ဖွဲ့ က ပြောကြား ထားသည်။
.
http://www.pyichitthar.com/2015/11/blog-post_78.html
.
#PyiChitThar
.......................
ဆိုင်းနိုင်းတြင် လေယာဉ္ပ်က္က်မှုက အကြမ်းဖက္မှုကြောင့်ျဖစ်ဟု ရုရွားအတည်ျပုပြီး တရားခံဖမ်းမိရေး သတင်းပေးနိုင်သူအား အေမရိကန်ဒေါ်လာ သန်း ၅၀ ပေးအပ္မည်
.
မ္စောကို ၊ ၁၈-၁၁-၂၀၁၅
.
အီဂ်စ်နိုင်ငံ ဆိုင်းနိုင်း ကျြန်းဆြယ်၌ ပြီးခဲ့သည့်လက လေယာဉ်ပေါ်တြင် လိုက္ပါလာသူ ၂၂၄ ဦးစလုံး သေဆုံးခဲ့သော ရုရွား ခရီးသည္တင် လေယာဉ် ပ်က္က်မှုသည် အကြမ်းဖက် သမားမ်ား၏ ဗုံးထောင် အကြမ်းဖက်
တိုက္ခိုက္မှုကြောင့်ျဖစ်ကြောင်း ရုရွားအစိုးရက နိုဝင္ဘာ ၁၇ ရက္တြင် အတည်ျပု ခဲ့ပြီးနောက် ယင်ျးဖစ်ရပ်နွင့် စပ္လ်ဉ်း၍ လက္တုံျ့ပန် တိုက္ခိုက္မှုမ်ား လုပ်ဆောင် သြားမည်ျဖစ်ကြောင်း ရုရွားသမ္မတ ဗလာဒီမာပူတင် က ကတျိပုျေပာကြား ထားသည်။
.
ထိျု့ပင် ယင်းကဲ့သို့ ရုရွားခရီးသည္တင် လေယာဉ် တိုက္ခိုက္ခံရမှု နွင့်စပ္လ်ဉ်း၍ ဆီးရီးယားနိုင်ငံ အတြင်းရွိ ISIS စစ်သြေးကြ မ်ားအေပါ်ျပုလုပ္လ်က်ရွိသော ရုရွားစစ္ဘက်၏ ဗုံးကြဲ တိုက္ခိုက္မှုမ်ားကို ပိုမိုတိုျးမှင့် လုပ်ဆောင်
သြားမည်ျဖစ်ကြောင်းနွင့် ဗုံးထောင် တိုက္ခိုက္မှုနွင့် ပတ်သက်ပြီး လက္စားခ်ေနိုင်ရန် အတြက် တိက် မွန္ကန်သော သတင်းပေး နိုင်သူအား အေမရိကန် ဒေါ်လာ သန်း ၅ဝ ပေးအပ်ြသားမည်ျဖစ်ကြောင်း ရုရွားအစိုးရက
ထုတ်ျပန် ကြေညာ ထားသည်။
.
''ရုရွားနိုင်ငံက အခုလို အကြမ်းဖက် တိုက္ခိုက္မှုတြေနဲ့ တြေ့ကြုံရတာ ပထမဆုံးအကြိမ် မဟုတ္ပါဘူး။ ဆိုင်းနိုင်းမွာ လေယာဉ္ပ်က္က် ပြီးတော့ သေဆုံးခဲ့ရတဲ့ ရုရွား နိုင်ငံသားတြေ က ဓားစာချံဖစ္ခဲ့ရတာပါ။ ဒျီဖစ္စဉ်ကြီးကို ကျြန်တ္တောို့ ဘယ်တော့မွ မေ့ပော်က္မွာ မဟုတ်ပေမယ့် ဒီ အကြမ်းဖက္မှု က်ူးလြန် ခဲ့တဲ့သူတြေကို ရွာဖြေ ခ်ေမှုန်းမှု ကိုလည်း ရပ္တန့်သြားမွာ မဟုတ္ပါဘူး။ သူတို့ ပုန်းခိုနေနိုင္တဲ့ နေရာတြေ အားလုံးကို ရွာဖြေသြားမယ်။ ကမ္ဘာကြီးရဲ့ ဘယ်နေရာပဲ ရောက်နေပါစေ တြေ့အောင် ရွာဖြေပြီးတော့ ဒီ ရာဇဝတ်ကောင် တြေကို အျပစ်ပေး သြားမယ်''ဟု သမ္မတပူတင် က လုံခြုံရေး ထိပ္တန်း ခေါင်းဆောင္မ်ား နွင့် တြေ့ဆုံစဉ် မွတ္ခ်က်ျပုျေပာကြား ထားသည်။
.
အဆိုပါ ခရီးသည္တင် လေယာဉ် ပ်က္က်မှု သည် TNT ယမ်ျးပင်း တစ္ကီလို၏ ပေါက္ကဲမြျှုပင်းအားနွင့် ညီမ်ွသော ဗုံးပေါက္ကြဲ မှုကြောင့်ျဖစ်ကြောင်းနွင့် ယင်ျးဖစ်ရပ်သည် အကြမ်းဖက် တိုက္ခိုက္မျှုဖစ်ကြောင်း ရုရွား ထောက္လွမ်းရေး အဖြဲ့ FSB အကြီးအကဲ အဲလက္ဇန်းဒါး ဘော့နီကော့ဗ် ကျေပာကြားထားသည်။
.
ထို့နောက် ယင်း ဗုံးပေါက္ကဲမြှုနွင့် ပတ်သက်သည့် တရားခံမ်ားကို ဖမ်းမိနိုင်ရေး အတြက် သတင်းပေး နိုင်သူကို အေမရိကန် ဒေါ်လာ သန်း ၅ဝ ပေးအပ်ြသားမည်ျဖစ်ကြောင်း FSB က ထုတ်ျပန်ကြေညာ ချဲ့ခင်ျးဖစ်သည်။
.
ထိျု့ပင် အဆိုပါ အကြမ်းဖက္မှု လုပ်ရပ်နွင့် စပ္လ်ဉ်း၍ ရွမ်အယ္လ်ရွိတ္ခ် လေဆိပ္မွ အမှုထမ်းနွစ်ဦးကို ဖမ်းဆီး ထိန်းသိမ်း ထားကြောင်း အီဂ်စ်ရဲတပ္ဖြဲ့ ကျေပာကြား ထားသည်။