Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဆြီဒင္ စေတာ့ဟုမ္းၿမိဳ႕လယ္က စမတ္ဖုန္းသံုးရင္း လမ္းမကူးရဆိုင္းဘုတ္

$
0
0

ယူပီအုိင္

စေတာ့ဟုမ္း၊ ႏို၀င္ဘာ-၁၈ ။           ။ ဆြီဒင္အႏုပညာရွင္တစ္ေယာက္က စမတ္ဖုန္းမ်ားကို ငံု႔ၾကည့္လွ်က္ လမ္းေလွ်ာက္ေနသူႏွစ္ဦးပံု ေရးဆြဲထားသည့္ လမ္းသတိေပးဆိုင္းဘုတ္မ်ားကို စေတာ့ဟုမ္း ၿမိဳ႕ထဲလမ္းမ်ားတြင္ ထားရွိျခင္းျဖင့္ စမတ္ဖုန္းအသံုးျပဳမႈႏွင့္ ပတ္သက္၍ သတိေပးႏႈိးေဆာ္ရန္ ႀကိဳးစားေနသည္။
အသက္၂၉ႏွစ္အရြယ္ ယာေကာ့ ဆမ္ပလာမွာ စေတာ့ဟုမ္းၿမိဳ႕ထဲလမ္းမ်ားကို ေလွ်ာက္သြားစဥ္ ကားတစ္စင္းက တိုက္လုနီးပါးျဖစ္သြားသည့္အခါတြင္မွ စမတ္ဖုန္းကို အစြဲႀကီးစြဲေနမိမွန္း ကိုယ့္ကိုယ္ကို သိသြားခဲ့သည္။ ယခုေတာ့မူ အမ်ားျပည္သူကို လမ္းေလွ်ာက္စဥ္ ဦးေခါင္းမ်ားကို ေမာ့ထားၾကဖို႔ တိုက္တြန္းသည့္ သတင္းစကားကို ျဖန္႔ေ၀ေနသည္။  
 ‘တစ္ေန႔ေတာ့ အလုပ္ကိုအသြား လမ္းမွာ အရူးတစ္ေယာက္လို တစ္ခ်ိန္လံုးဖုန္းကိုပဲ စိုက္ၾကည့္ေနခဲ့ေတာ့ ကားတုိက္ခံရေတာ့မလို ျဖစ္သြားတယ္။ ဒီလုိအက်င့္စရိုက္ရွိတာ က်ေနာ္တစ္ေယာက္တည္း မဟုတ္ဘူး၊ ဒါကို တစ္နည္းနည္းနဲ႔ေတာ့ ေျဖရွင္းရမယ္္လို႔ ေတြးမိသြားတယ္’’ဟု ဆမ္ပလာက ေျပာၾကားခဲ့သည္။
ေျဖရွင္းပုံမွာ ရိုးရိုးေလးပင္ျဖစ္သည္။ ဆမ္ပလာႏွင့္ သူ၏ ဖန္တီးဖက္ အီမီး တစ္စ္မန္းတို႔ႏွစ္ဦးက ဆိုင္းဘုတ္မ်ားကို ေရးဆြဲၿပီး ဆြီဒင္တစ္၀န္းလံုးရွိ လမ္းမ်ားတြင္ ခ်ထားလိုက္ျခင္းပင္ ျဖစ္သည္။
ထိုဆိုင္းဘုတ္မ်ားကို ျဖတ္သြားျဖတ္လာမ်ားက စိတ္၀င္စားသြားၾကၿပီး ဓာတ္ပံုမ်ားရိုက္ယူ၍ လူမႈမီဒီယာမ်ားမွတစ္ဆင့္ ေ၀ငွလာၾကသည္။ သို႔ရာတြင္ သူႏႈိးေဆာ္ရန္ႀကိဳးစားေနသည့္ လူထုမ်ားမွာ သူ၏ ဆိုင္းဘုတ္မ်ားကို ကိုယ္တိုင္ကိုယ္က် မ်က္စိႏွင့္ၾကည့္ၾကသည္ဟု သူမယံုၾကည္ေၾကာင္း ဆမ္ပလာက ေျပာၾကားသည္။
‘ဒီဆိုင္းဘုတ္ကို ၾကည့္ဖို႔ အမွန္တကယ္လိုအပ္ေနတဲ့သူေတြက ဖုန္းေတြကိုပဲ စိုက္ေငးၿပီး ေက်ာ္သြားၾကဖို႔မ်ားပါတယ္’’ဟု ဆမ္ပလာက ေျပာၾကားသည္။
ဆမ္ပလာ၏ ရည္ရြယ္ခ်က္မွာ ေကာင္းမြန္ေသာ္လည္း အာဏာပိုင္မ်ားကမူ ထိုဆိုင္းဘုတ္မ်ားမွာ တရား၀င္လမ္းအခ်က္ျပမဟုတ္ေသာေၾကာင့္ ဆြဲခ်ဖယ္ရွားရလိမ့္မည္ဟု ေျပာၾကားသည္။
- See more at: http://mizzimaburmese.com/article/7598#sthash.ejQtuPVs.POzQlt19.dpuf
...................
ဆွီဒင် စတော့ဟုမ်းမြို့လယ်က စမတ်ဖုန်းသုံးရင်း လမ်းမကူးရဆိုင်းဘုတ်
ကမ္ဘာ့သတင်း
ယူပီအိုင်


စတော့ဟုမ်း၊ နိုဝင်ဘာ-၁၈ ။           ။ ဆွီဒင်အနုပညာရှင်တစ်ယောက်က စမတ်ဖုန်းများကို ငုံ့ကြည့်လျှက် လမ်းလျှောက်နေသူနှစ်ဦးပုံ ရေးဆွဲထားသည့် လမ်းသတိပေးဆိုင်းဘုတ်များကို စတော့ဟုမ်း မြို့ထဲလမ်းများတွင် ထားရှိခြင်းဖြင့် စမတ်ဖုန်းအသုံးပြုမှုနှင့် ပတ်သက်၍ သတိပေးနှိုးဆော်ရန် ကြိုးစားနေသည်။

အသက်၂၉နှစ်အရွယ် ယာကော့ ဆမ်ပလာမှာ စတော့ဟုမ်းမြို့ထဲလမ်းများကို လျှောက်သွားစဉ် ကားတစ်စင်းက တိုက်လုနီးပါးဖြစ်သွားသည့်အခါတွင်မှ စမတ်ဖုန်းကို အစွဲကြီးစွဲနေမိမှန်း ကိုယ့်ကိုယ်ကို သိသွားခဲ့သည်။ ယခုတော့မူ အများပြည်သူကို လမ်းလျှောက်စဉ် ဦးခေါင်းများကို မော့ထားကြဖို့ တိုက်တွန်းသည့် သတင်းစကားကို ဖြန့်ဝေနေသည်။  

 ‘တစ်နေ့တော့ အလုပ်ကိုအသွား လမ်းမှာ အရူးတစ်ယောက်လို တစ်ချိန်လုံးဖုန်းကိုပဲ စိုက်ကြည့်နေခဲ့တော့ ကားတိုက်ခံရတော့မလို ဖြစ်သွားတယ်။ ဒီလိုအကျင့်စရိုက်ရှိတာ ကျနော်တစ်ယောက်တည်း မဟုတ်ဘူး၊ ဒါကို တစ်နည်းနည်းနဲ့တော့ ဖြေရှင်းရမယ််လို့ တွေးမိသွားတယ်’’ဟု ဆမ်ပလာက ပြောကြားခဲ့သည်။

ဖြေရှင်းပုံမှာ ရိုးရိုးလေးပင်ဖြစ်သည်။ ဆမ်ပလာနှင့် သူ၏ ဖန်တီးဖက် အီမီး တစ်စ်မန်းတို့နှစ်ဦးက ဆိုင်းဘုတ်များကို ရေးဆွဲပြီး ဆွီဒင်တစ်ဝန်းလုံးရှိ လမ်းများတွင် ချထားလိုက်ခြင်းပင် ဖြစ်သည်။

ထိုဆိုင်းဘုတ်များကို ဖြတ်သွားဖြတ်လာများက စိတ်ဝင်စားသွားကြပြီး ဓာတ်ပုံများရိုက်ယူ၍ လူမှုမီဒီယာများမှတစ်ဆင့် ဝေငှလာကြသည်။ သို့ရာတွင် သူနှိုးဆော်ရန်ကြိုးစားနေသည့် လူထုများမှာ သူ၏ ဆိုင်းဘုတ်များကို ကိုယ်တိုင်ကိုယ်ကျ မျက်စိနှင့်ကြည့်ကြသည်ဟု သူမယုံကြည်ကြောင်း ဆမ်ပလာက ပြောကြားသည်။

‘ဒီဆိုင်းဘုတ်ကို ကြည့်ဖို့ အမှန်တကယ်လိုအပ်နေတဲ့သူတွေက ဖုန်းတွေကိုပဲ စိုက်ငေးပြီး ကျော်သွားကြဖို့များပါတယ်’’ဟု ဆမ်ပလာက ပြောကြားသည်။

ဆမ်ပလာ၏ ရည်ရွယ်ချက်မှာ ကောင်းမွန်သော်လည်း အာဏာပိုင်များကမူ ထိုဆိုင်းဘုတ်များမှာ တရားဝင်လမ်းအချက်ပြမဟုတ်သောကြောင့် ဆွဲချဖယ်ရှားရလိမ့်မည်ဟု ပြောကြားသည်။


- See more at: http://mizzimaburmese.com/article/7598#sthash.ejQtuPVs.POzQlt19.dpuf

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...