ကျုပ်ရဲ့ကလေးဘဝ ၁၉၅၈ ၁၉၆၄လောက်ကပေါ့ သူနဲ့ ကျုပ် ရွာဦးကျောင်း ဆရာတော် ဦး
သံဝရ ထံ ပညာသင်ရင်း အတူနေခဲ့ကြတယ် ။
သူ့အမေက ဒေါ်ဂျစ်တေး လို့ခေါ်တယ် ။ သူ့အဖေကတော့ သူ့ကိုဖွားတဲ့နှစ်မှာဘဲ ကျောက်
ရောဂါနဲ့ သေခဲ့တယ် လို့ ပြောကြတယ် ။
သူနဲ့ အမေ မုဆိုး မကြီးအတွက် ရွာအနီးမှာလယ် ငါး ဧကလောက် တော့ သူ့အဖေက
ထားခဲ့တယ် ။ ကျစ်မြေဆိုတော့ မြေကောင်းတော့ မဟုတ်ဘူးဗျ ။ ၁၅ နှစ်သားမှာ ဘုန်းကြီး
ကျောင်းကထွက်ပြီး ဒီလယ်မြေကို လုပ်ကိုင်ရင်းမိခင်အိုကြီးကို ရှာဖွေကျွေးမွေးခဲ့တယ် ။
အသက် ၂၅ နှစ်လောက်မှာ ရှင်ပြုံး လို့ခေါ်တဲ့မိန်းကလေးနဲ့ အိမ်ထောင်ကျခဲ့တယ် ။
ကျုပ်တို့ နယ်က မိုးနဲတဲ့ ဒေသဆိုတော့ လယ်ကလဲမိုးမမှန်တဲ့နှစ်ဆို စပါး ကမရဘူးဗျ ။
ဒီတော့ ထန်းတက် သမား လဲ လုပ်ပြန်ရတာပေါ့ ။ နောက်တော့ ကလေးတွေ နှနှစ်တယောက်လော
က်မွေးလာလိုက်ထာ ၇ ယောက်ထိရှိလာခဲတယ် ။
အဲဒီတုန်းက ကျုပ်တို့တောမှာ family planingဆိုတာ မရှိ မသိ ကြဘူး ။ ကလေးတအုပ်နဲ့ ဆင်း
ရဲ ပင်ပန်းခဲ့ရှာတယ် ။ မောင်ထွန်းစိန် ဟာ ထန်းရာ သီ ကုန်ချိန်မှာ ရွာနဲ့ ၃ မိုင်လောက်ဝေးတဲ့ ခင်ကုန်းလို့ ခေါ်တဲ့ တောထဲမှာ သဘာဝအတိုင်းပေါက်ရောက်နေတဲ့ သနပ်ခါး ပင်အမြစ်တွေလိုက်
တူးပြီး မြိုင်မြို့ က သနပ်ခါးသွေးစက်တွေမှာရောင်းပြီး ငွေ ရှာရပြန်တာပေါ့ ။ တနေ့ ရွာအနီးက သနပ်ခါးခြံပိုင်ရှင်တဦးက ၁၀ သိန်းဘိုးရောင်းရာသနပ်ခါးပင်တွေ ခုတ်ဘို့ သူ့ကို နေ့စားခ ၁၀ ကျပ်
ပေးပြီးငှားတယ် ။ နေ့တွက်ရလို့ဝမ်းသာတာထက်ခြံရှင်ကို အားကြမိတယ် ။ သူစဉ်းစားတယ်။
''ငါ့မှာကလေးက ၇ေ ရာက် စပါး ရလိုက် မရလိုက်လယ်ကွက် နဲ့ ငွေပိုဆိုတာလုံးဝမရှိ ဘယ်လိုလုပ်
သနပ်ခါးခြံ ဖြစ်အောင်လုပ်ရမလဲ ''ပေါ့ ။ ဒီနှစ်လဲမိုးမရွာလို့ စပါးကမရ ဘူး ။ သူမိုက်မိုက်
ကန်းကန်း ဆုံးဖြတ်ချက်တခု ချလိုက်တယ် ။
သူ့ ရွာအနီးက ကျစ်ရိုးလယ်ကို လိုချင်နေတဲ့သူထံ ဈေးညှိပြီး ရောင်းလိုက်တယ် ။ အဲဒီငွေ အရင်းပြုပြီး
ချွေတာစားသောက်မယ် ရရာအလုပ်လုပ်မယ်လေးငါးခြောက်နှစ် အဆင်းရဲခံတော့မယ်ဆိုပြီ်း ။ သောက်ရေသှုံးရေတောင်မလွယ်တဲ့ ရွာနဲ့ သုံးမိုင်လောက်ဝေးတဲ့ သဘာဝ သနပ်ခါးပင်တွေပေါတဲ့
ခင်ကုန်း ကို ၁၀ ဧက လောက် ခြံစည်းရိုးဝိုင်းထန်းရွက် တဲလေးထိုးခါ မိသားစု ၉ ယောက်တော
ထွက်ကြတော့တာဘဲဗျ။
သူက ရွာက သူငယ်ချင်းတွေကို စာချိုးပြီးပြောခဲ့တာက '
'ခေတ်မိုးမလွယ်လို့
ကျစ်ရိုးလယ်ရောင်းပြီကွာ
အဆင်ပြေမယ် ထင် တလုံးနဲ့
မယားရှင်ပြုံးဖက်ပြီး
ငါတော့ ခင်ကုန်းတက်ပြီဟေ့ ''တဲ။
၇ ၈ နှစ်လောက် သူ့ရဲ့ ဒုက္ခခံမူ ပေတေမူ အငတ်ခံမူ ကြိုးစားအားထုပ်မူ တွေနဲ့ ထင် တလုံးဟာ
ခုတော့ ရှင်ပြုံးဖက်ရင်း အောင်မြင်သူတယောက်ဖြစ်သွားပါပြီ ။ တနှစ်ကိုသိန်း ငါးဆယ် ဝန်းကျင်ရောင်းနိင်တဲ့ခြံရယ်တောထဲမှာ နံကပ် တိုက်လေးရယ် ယာထွန်စက်တီဗီ အောက်စက် ရေအုတ်ကံ အပြည့်အစုံနဲ့
တင့်တောင့်တင့်တယ် ဦးထွန်းစိန်ရဲ့ ဘဝပေါ့ ။
ရဲဝင့်တဲ့ ဆုံးဖြတ်ချက်ချနိင်မူ ကြိုးစား လုပ်ဆောင်မူတွေဟာ ဘဝအောင်မြင်ဘို့တွက်အရေးကြီးသည်
ဟုထင်မြင်မိပါကြောင်း
Thaung Sein