Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

သူလွ်ိဳမႈျဖင့္ တရားစဲြခံထားရသည့္ အေမရိကန္သတင္းေထာက္ ကုိ အီရန္အစုိးရ ေထာင္ဒဏ္အကန္႔အသတ္ မရွိခ်မွတ္

$
0
0

လန္ဒန္ ၊ ၂၃-၁၁-၂၀၁၅

အီရန္အစိုးရ သည္ သူလွ်ဳိမႈျဖင့္ တရားစြဲဆုိ ခံထားရသည့္ အေမရိကန္ သတင္းေထာက္ တစ္ဦးကုိ ေထာင္ဒဏ္ အကန္႔အသတ္ မရွိ ခ်မွတ္လုိက္ေၾကာင္း အီရန္ ႐ုပ္သံဌာန တစ္ခု၏ ထုတ္ျပန္ခ်က္ အရ သိရသည္။

ေဂ်ဆင္ရီဇုိင္အန္ အမည္ရွိ သတင္းေထာက္ သည္ ဝါရွင္တန္ပုိ႔စ္ သတင္းစာမွ သတင္းေထာက္ တစ္ဦးျဖစ္ၿပီး အီရန္ အစိုးရက ၄င္းကုိ ႏုိင္ငံအတြင္း သူလွ်ဳိလုပ္မႈ အပါအဝင္ အျခားစြဲခ်က္ မ်ားျဖင့္ ျပစ္ဒဏ္ ခ်မွတ္ခဲ့ျခင္း ျဖစ္သည္။

အေမရိကန္- အီရန္ ပူးတြဲ ႏုိင္ငံသား အျဖစ္ ခံယူထားသည့္ ေဂ်ဆင္ သည္ ယင္း သတင္းဌာန အတြက္ အီရန္၏ သတင္းမ်ားကုိ ၂ဝ၁၂ ခုႏွစ္ မွစ၍ ရယူေပးပုိ႔ ေနသူျဖစ္ၿပီး ၄င္းကုိ အီရန္ အာဏာပုိင္ မ်ားက ၿပီးခဲ့သည့္ႏွစ္ ဇူလုိင္လ အတြင္းက ဇနီး ျဖစ္သူႏွင့္အတူ ဖမ္းဆီးခဲ့ျခင္း ျဖစ္ေသာ္လည္း ေနာက္ပုိင္းတြင္ အီရန္ အစိုးရက ၄င္း၏ဇနီးကုိ ျပန္လည္ လႊတ္ေပး ခဲ့ေၾကာင္း သိရသည္။

ေဂ်ဆင္ ကုိ ျပန္လည္ လႊတ္ေပးရန္ ၄င္း၏ မိသားစုဝင္ မ်ားႏွင့္ အေမရိကန္ အစိုးရက ေတာင္းဆုိထား ေသာ္လည္း အီရန္ အစိုးရသည္ ပူးတြဲ ႏုိင္ငံသား ျဖစ္ျခင္းကုိ အသိအမွတ္ မျပဳေၾကာင္း ႏွင့္ ေဂ်ဆင္သည္ အီရန္ ႏုိင္ငံ၏ လက္ရွိ အစၥလာမ္ အစိုးရကုိ ျဖဳတ္ခ်ရန္ လုပ္ေဆာင္ေနသူ တစ္ဦး ျဖစ္ေၾကာင္း အီရန္ ေတာ္လွန္ေရး အေစာင့္တပ္ဖြဲ႕ ၏ ေထာက္လွမ္းေရး အဖြဲ႕က ယခုလ အေစာပုိင္းတြင္ ပါလီမန္သုိ႔ ထုတ္ေဖာ္ ေျပာၾကား ခဲ့သည္။

သုိ႔ေသာ္ ယခု စီရင္ခ်က္သည္ ေနာက္ဆံုး ခ်မွတ္သည့္ စီရင္ခ်က္ မဟုတ္ေၾကာင္းႏွင့္ ေဂ်ဆင္ အေနျဖင့္ အယူခံ ပုိင္ခြင့္ရွိေၾကာင္း အီရန္ တရားေရးဌာန မွ ေျပာေရးဆုိခြင့္ ရွိသူ ဂုိလမ္ေဟာ့စိန္ မုိေဆနီအီေဂ်ဟီ က ေျပာၾကား ခဲ့သည္ဟု ၿဗိတိန္ သတင္းစာ တစ္ေစာင္တြင္ ေဖာ္ျပ ထားေၾကာင္း သိရသည္။

#PyiChitThar

................................................

သူလျှိုမှုဖြင့် တရားစွဲခံထားရသည့် အမေရိကန်သတင်းထောက် ကို အီရန်အစိုးရ ထောင်ဒဏ်အကန့်အသတ် မရှိချမှတ်



လန်ဒန် ၊ ၂၃-၁၁-၂၀၁၅

အီရန်အစိုးရ သည် သူလျှိုမှုဖြင့် တရားစွဲဆို ခံထားရသည့် အမေရိကန် သတင်းထောက် တစ်ဦးကို ထောင်ဒဏ် အကန့်အသတ် မရှိ ချမှတ်လိုက်ကြောင်း အီရန် ရုပ်သံဌာန တစ်ခု၏ ထုတ်ပြန်ချက် အရ သိရသည်။

ဂျေဆင်ရီဇိုင်အန် အမည်ရှိ သတင်းထောက် သည် ဝါရှင်တန်ပို့စ် သတင်းစာမှ သတင်းထောက် တစ်ဦးဖြစ်ပြီး အီရန် အစိုးရက ၄င်းကို နိုင်ငံအတွင်း သူလျှိုလုပ်မှု အပါအဝင် အခြားစွဲချက် များဖြင့် ပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန်- အီရန် ပူးတွဲ နိုင်ငံသား အဖြစ် ခံယူထားသည့် ဂျေဆင် သည် ယင်း သတင်းဌာန အတွက် အီရန်၏ သတင်းများကို ၂ဝ၁၂ ခုနှစ် မှစ၍ ရယူပေးပို့ နေသူဖြစ်ပြီး ၄င်းကို အီရန် အာဏာပိုင် များက ပြီးခဲ့သည့်နှစ် ဇူလိုင်လ အတွင်းက ဇနီး ဖြစ်သူနှင့်အတူ ဖမ်းဆီးခဲ့ခြင်း ဖြစ်သော်လည်း နောက်ပိုင်းတွင် အီရန် အစိုးရက ၄င်း၏ဇနီးကို ပြန်လည် လွှတ်ပေး ခဲ့ကြောင်း သိရသည်။

ဂျေဆင် ကို ပြန်လည် လွှတ်ပေးရန် ၄င်း၏ မိသားစုဝင် များနှင့် အမေရိကန် အစိုးရက တောင်းဆိုထား သော်လည်း အီရန် အစိုးရသည် ပူးတွဲ နိုင်ငံသား ဖြစ်ခြင်းကို အသိအမှတ် မပြုကြောင်း နှင့် ဂျေဆင်သည် အီရန် နိုင်ငံ၏ လက်ရှိ အစ္စလာမ် အစိုးရကို ဖြုတ်ချရန် လုပ်ဆောင်နေသူ တစ်ဦး ဖြစ်ကြောင်း အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့ ၏ ထောက်လှမ်းရေး အဖွဲ့က ယခုလ အစောပိုင်းတွင် ပါလီမန်သို့ ထုတ်ဖော် ပြောကြား ခဲ့သည်။

သို့သော် ယခု စီရင်ချက်သည် နောက်ဆုံး ချမှတ်သည့် စီရင်ချက် မဟုတ်ကြောင်းနှင့် ဂျေဆင် အနေဖြင့် အယူခံ ပိုင်ခွင့်ရှိကြောင်း အီရန် တရားရေးဌာန မှ ပြောရေးဆိုခွင့် ရှိသူ ဂိုလမ်ဟော့စိန် မိုဆေနီအီဂျေဟီ က ပြောကြား ခဲ့သည်ဟု ဗြိတိန် သတင်းစာ တစ်စောင်တွင် ဖော်ပြ ထားကြောင်း သိရသည်။

#PyiChitThar

Viewing all articles
Browse latest Browse all 13796

Trending Articles


တာခ်ီလိတ္၌ အမ်ဳိးသားတစ္ဦး မိမိကိုယ္ကိုယ္ ေသနတ္ျဖင့္ ပစ္၍ ေသဆံုး ( ရုပ္သံ )


ေဒၚေအာင္ဆန္းစုၾကည္ မဟုတ္တဲ့ ျမန္မာႏုိ္င္ငံရဲ႕ ပထမဆံုး အမ်ဳိးသမီး သမၼတ...


စာအုပ္​​ေပါင္​း ၆၀၀ ​ေက်ာ္​ပါတဲ႔ Link


၂၀၀၁ ခုႏွစ္ ထိုင္း - ျမန္မာ နယ္စပ္ တိုက္ပြဲမ်ား


ဘုရင့္ေနာင္မွ ေတာင္ငူကို သိမ္းျခင္း


ခင္၀င့္၀ါ၏ ေဖာ္ခၽြတ္ျပထားေသာ အလွတရားမ်ား


ဆားပုလင္းႏွင္းေမာင္၏ နိဂံုး


ခ်ံဴျမင္တိုင္းတိုးခ်င္ေနၾကတဲ႔ ခ်စ္သူစံုတြဲမ်ား နားေထာင္ေပးပါ


ကရေ၀း စုိက္ပ်ိဳးနည္း


စပါး ⁠ေဖာင္စီးဂဏန္း က်⁠ေရာက္ပံု ⁠ႏွင့္ ကာကြယ္⁠ႏွိမ္နင္းနည္းမ်ား



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>