Quantcast
Viewing all articles




မီလန် ၊ ၂၃-၁၁-၂ဝ၁၅







#PyiChitThar

............................................................

အီတလီနိုင်ငံရှိ ပြတိုက်တစ်ခုမှ တန်ဖိုးကြီး ပန်းချီကား ၁၇ ချပ် လုယက်ခံရ


မီလန် ၊ ၂၃-၁၁-၂ဝ၁၅

အီတလီနိုင်ငံ မြောက်ပိုင်းရှိ ပြတိုက် တစ်ခုတွင် အမေရိကန်ဒေါ်လာ ၁ဝ ဒသမ ၆ သန်း နှင့် ၁၅ ဒသမ ၉ သန်း (ယူရို ၁ဝ သန်းနှင့် ၁၅ သန်း)အကြား တန်ဖိုးရှိ ပန်းချီကား ၁၇ ချပ် လုယက်ခံခဲ့ ရကြောင်း ဒေသတွင်း တာဝန်ရှိ သူများက ပြောကြားသည်။

မျက်နှာဖုံး တပ်ဆင်ထားသည့် လက်နက်ကိုင် သေနတ်သမား များသည် နိုဝင်ဘာ ၁၉ ရက် ညပိုင်းက ဗီရွန်နာ မြို့တော်ရှိ ကတ်စတယ်လ် ဗတ်ချီအို ပြတိုက် အတွင်းသို့ စီးနင်း ဝင်ရောက် ခဲ့ပြီးနောက် ပန်းချီကား များကို လုယက်ယူခဲ့ခြင်း ဖြစ်ကြောင်း အယ်လ်အရီနာ ဒေသတွင်း သတင်းစာက နိုဝင်ဘာ ၂ဝ ရက်တွင် ဖော်ပြထားသည်။

ခိုးယူခံခဲ့ရသည့် ပန်းချီကားများတွင် အန်ဒရီအာ မန်တက်နာ၊ ဂျတ်ကိုပိုတင် တိုရက်တို၊ ပီတာပေါလ်ရူဘန်စ်၊ အန်တိုနီ အိုပီဆာနို၊ ဂျာကိုပိုဘဲလ် လီနီ၊ ဟန်းစ်ဒီဂျိုဒီ စသည့် ပန်းချီဆရာများနှင့် အခြား ကမ္ဘာကျော် အနုပညာရှင် များ၏ ပန်းချီကားများ ပါဝင်ကြောင်း သိရသည်။

ပန်းချီကားများ ခိုးယူခံရမှုနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှုများကို တာဝန်ရှိ သူများက ဆက်လက် လုပ်ဆောင်လျက် ရှိကြောင်း ဗီရွန်နာ မြို့တော်ဝန် ဖလာဗီအိုတိုစီ က ပြောကြား ထားသည်။

ကတ်စတယ်လ် ဗတ်ချီအို ပြတိုက်သည် အီတလီနိုင်ငံ မြောက်ပိုင်းရှိ ထင်ပေါ် ကျော်ကြားသည့် ပြတိုက်တစ်ခု ဖြစ်ကြောင်း သိရသည်။

Thieves Steal 17 Artworks From Verona Museum

#PyiChitThar

Viewing all articles
Browse latest Browse all 13796

Trending Articles


စနေမင်း နှင့် တနင်္ဂနွေမင်း


Washington DC မှာ MS-13 ဂိုဏ်းက အမျိုးသားတစ်ဦး ကိုခေါင်းဖြတ်သတ်


“သိုင်းကျမ်းကျင့်စဉ်များ” (၁၅)အုပ် စုစည်းမှု


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)


မနောမယအိမ်ခြံမြေရောင်းနည်း


ဆီးချိုကျ ဆေးနည်းတွေထဲက အလွယ်ဆုံးနဲ. ထိရောက်တဲ့နည်း မျှဝေလိုက်ပြီ


TTA Oreo Gapp Installer


မင်္ဂလာတောင်ညွန့် မြို့နယ် မီးလောင်မှုမှာ မီးငြိမ်းသတ်ရင်း အသက်စွန့်သွားကြတဲ့...


ခဲအိုကခယ်မဖြစ်သူကို သားမယားအဖြစ် ပြုကျင့်မှုဖြစ်ပွား


ကမ္ဘာကျော်တရုတ်နတ်သမီးဆယ်ယောက်


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


မိုးဇေညိမ်း ဘာလဲ ဘယ်လဲ ??


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


ကျော်သူ မောင်မင်းကြီးသားမောင်မြဖေ ကျော်သူ၊ လွင်မိုး၊ မေသန်းနု


⁠နှင်းဆီပင် စိုက်ပျိုး⁠ခြင်း အပိုင်း – (၂)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>