Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းမှုကြောင့် ရထားလမ်း/တံတားအချို့ ပျက်စီး

$
0
0

 နေပြည်တော် ဇူလိုင် ၂၄

 ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းမှုကြောင့် မော်လူး-နန့်စီးအောင်လမ်းပိုင်း မိုင်တိုင် (၆ဝ၇/ ၁၁)ရှိ ပေ ၁၄ဝ ရှည်သော တံတားအမှတ်(၅ဝ၄)၏ မြစ်ကြီးနားဘက် ကမ်းကပ်ခုံတို့မှာ ဇူလိုင် ၂၄ ရက် နံနက်ပိုင်းက ရေအနက်ငါးပေခန့် နစ်မြုပ် ခဲ့သည်။ ရေလွှမ်းမိုးမှုကြောင့် မြစ်ကြီးနားဘက်ခြမ်းရှိ ပေ ၄ဝ ဂါဒါပေါင်နှင့် ပေ ၂ဝ ဂါဒါပေါင်များ၊ အနောက်ဘက်သို့ ခြောက်ပေရွေ့သွားပြီး မန္တလေး ဘက်ခြမ်းရှိ ပေ ၄ဝ ဂါဒါပေါင်သည်လည်း အနောက်ဘက်သို့ ခြောက်ပေ ရွေ့သွားခဲ့သည်။

ယင်းနေရာသို့ မြန်မာ့မီးရထားမှ အင်ဂျင်နီယာနှင့် လုပ်သားများ သွား ရောက်ကာ ရေလယ်တိုင်များ စစ်ဆေးခြင်း၊ တိုင်အောက်ခြေရှိ အမှိုက်များ ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
အလားတူ မန္တလေး-မြစ်ကြီးနား ရထားလမ်းမကြီးပေါ်ရှိ ကံကြီး-ဇော် ချောင်း ရထားလမ်းပိုင်းတွင်
ပေ ၁ဝဝ ရှည်သော တံတားအမှတ် ၂၈၁ ၏ ဝဲ/ယာ ဖြစ်သည့် မန္တလေး ဘက်ခြမ်း တာပေါင် အလျားပေ ၆ဝ၊ အမြင့်ပေ ၂ဝ ခန့်နှင့် မြစ်ကြီးနားဘက်ခြမ်း တာပေါင် အလျားပေ ၁ဝဝ၊ အမြင့်ပေ ၂ဝ ခန့်တို့ ရေတိုက်စား ပြတ်ထွက်သွား ခဲ့သည်။
အဆိုပါ နှစ်နေရာတွင် ဘေလီ တံတားထိုးရန် လိုအပ်သော ဘေလီ သံပေါင်များ၊ ဇလီဖားတုံးနှင့် လုပ်ငန်းသုံးပစ္စည်းများ ရောက်ရှိပြီး ဖြစ်ကာ ဘေလီတံတား တည်ဆောက် ခြင်းလုပ်ငန်းအား ‘ဒုတိယအထွေထွေ မန်နေဂျာ ဦးစီး၍ ကြီးကြပ်သူနှင့် လုပ်သား ၁၈၄ ဦး ပါဝင်သော အဖွဲ့ ဖြင့် ပြုပြင်ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မိုင်တိုင် ၆၁၁/၁၅-၁၆ တွင် သံလမ်း ရေတိုက်စားခြင်း၊ ဖားတုံးထိပ် ရေရောက်ရှိ နစ်မြုပ်ခြင်း၊ တောင်ပြိုခြင်း၊ သံလမ်းပေါ်သို့ မြေဖုံးလွှမ်းခြင်းများကြောင့် အဆိုပါ လမ်းပိုင်းကို ဇူလိုင် ၂၄ ရက် မွန်းလွဲပိုင်းမှ စတင်၍ ပိတ်ထားပြီး မြန်မာ့မီးရထားနှင့် အင်ဂျင်နီယာ လုပ်သားများက တောင်ပြိုမြေများကို ဖယ်ရှားရှင်းလင်းလျက်ရှိသည်။

အဆိုပါ ဖြစ်စဉ်များကြောင့် မော်လူး-နန့်စီးအောင် ရထား လမ်းပိုင်းကို ပိတ်ထားပြီး ဇူလိုင် ၂၄ ရက်တွင် မြစ်ကြီးနား-ကောလင်း အစုန်၊ အဆန် အထူးရထား ခရီးစဉ် များ ဖျက်သိမ်းခဲ့ရသည်။ မိုးညှင်း- မြစ်ကြီးနား-မိုးညှင်း အထူးရထားနှင့် မန္တလေး-ချပ်သင်း-မန္တလေး အထူး ရထားများ ဆက်လက် ပြေးဆွဲပေး လျက်ရှိကြောင်း ရထားပို့ဆောင် ရေးဝန်ကြီးဌာနက သိရသည်။

(သတင်းစဉ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>