ဘရာဇီးလီးယား ၊ ၂၃-၁၁-၂ဝ၁၅
ဘရာဇီးႏိုင္ငံတြင္ ေရလႊဲဆည္ ႏွစ္ခုၿပိဳက် ပ်က္စီးခဲ့ၿပီးေနာက္ အဆိပ္ ျဖစ္ေစေသာ စြန္႔ပစ္ရႊံ႕ေရ မ်ားသည္ Rio Doce ျမစ္အတြင္းသို႔ စီးဆင္းကာ ယင္းျမစ္မွတစ္ဆင့္ အတၱလႏၲိတ္ သမုဒၵရာ အတြင္းသို႔ ေရာက္ရွိ ခဲ့ေၾကာင္း သိရသည္။
အဆိုပါ ရႊံ႕ေရမ်ားသည္ လြန္ခဲ့ေသာ ရက္သတၱ ႏွစ္ပတ္ခန္႔က သံထုတ္လုပ္သည့္ လုပ္ငန္းမွ စြန္႕ပစ္ေရ မ်ားကို သိုေလွာင္ေသာ ဆည္ႏွစ္ခု ၿပိဳက်ပ်က္စီး ခဲ့ခ်ိန္မွ စတင္၍ ကီလိုမီတာ ၅ဝဝ အကြာ (၃၁ဝ မိုင္) ခန္႔အထိ စီးဆင္းခဲ့ျခင္း ျဖစ္သည္။
ထို႔အျပင္ ေရလႊဲဆည္ ၿပိဳက်မႈ ျဖစ္ပြားရာ၌ ပါဝင္ခဲ့ေသာ Samarco သတၱဳ ကုမၸဏီသည္ စြန္႔ပစ္ေရမ်ား စီးဆင္းမႈကို ကာကြယ္ရန္ ျမစ္ကမ္းပါး တစ္ေလွ်ာက္ တားဆီး ပိတ္ဆို႔မႈမ်ား လုပ္ေဆာင္ ခဲ့ေၾကာင္း သိရသည္။
ေဒသတြင္း ေရစီမံခန္႔ခြဲေရး အာဏာပိုင္ မ်ား၏ စမ္းသပ္ခ်က္ အရ အဆိုပါ ရႊံ႕ေရမ်ားတြင္ အဆိပ္ ျဖစ္ေစေသာ ဓာတ္ပစၥည္းမ်ား ပါဝင္ေနသည္ကို ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။ ၄င္းရႊံ႕ေရမ်ား စီးဆင္းေနမႈႏွင့္ ပတ္သက္၍ ေဒသတြင္း အာဏာပိုင္ မ်ားသည္ ေရထု ညစ္ညမ္းမႈမ်ား ျဖစ္ေပၚမည္ကို စိုးရိမ္ပူပန္လ်က္ ရိွသည္။
အဆိုပါ အဆိပ္ ျဖစ္ေစသည့္ ရႊံ႕ေရမ်ားကို ျပန္လည္သန္႔စင္ ႏိုင္ေရးအတြက္ ေဒၚလာ တစ္ဘီလီယံခန္႔ ကုန္က်ႏိုင္ဖြယ္ ရွိၿပီး ယင္း ျဖစ္ရပ္ေၾကာင့္ Samarco သတၱဳကုမၸဏီ မွာ ေဒၚလာသန္း ၄ဝဝ ေက်ာ္ ဆံုး႐ႈံးခဲ့ၿပီး ျဖစ္ေၾကာင္း သိရသည္။
Samarco mine tragedy: Toxic mud from Brazil mine spill reaches Atlantic Ocean
#PyiChitThar
...................................................
ဘရာဇီးနိုင်ငံမှ အဆိပ်ဖြစ်စေသော ရွှံ့ရေများ မြစ်မှတစ်ဆင့် သမုဒ္ဒရာအတွင်းသို့ စီးဝင်
ဘရာဇီးလီးယား ၊ ၂၃-၁၁-၂ဝ၁၅
ဘရာဇီးနိုင်ငံတွင် ရေလွှဲဆည် နှစ်ခုပြိုကျ ပျက်စီးခဲ့ပြီးနောက် အဆိပ် ဖြစ်စေသော စွန့်ပစ်ရွှံ့ရေ များသည် Rio Doce မြစ်အတွင်းသို့ စီးဆင်းကာ ယင်းမြစ်မှတစ်ဆင့် အတ္တလန္တိတ် သမုဒ္ဒရာ အတွင်းသို့ ရောက်ရှိ ခဲ့ကြောင်း သိရသည်။
အဆိုပါ ရွှံ့ရေများသည် လွန်ခဲ့သော ရက်သတ္တ နှစ်ပတ်ခန့်က သံထုတ်လုပ်သည့် လုပ်ငန်းမှ စွန့်ပစ်ရေ များကို သိုလှောင်သော ဆည်နှစ်ခု ပြိုကျပျက်စီး ခဲ့ချိန်မှ စတင်၍ ကီလိုမီတာ ၅ဝဝ အကွာ (၃၁ဝ မိုင်) ခန့်အထိ စီးဆင်းခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ရေလွှဲဆည် ပြိုကျမှု ဖြစ်ပွားရာ၌ ပါဝင်ခဲ့သော Samarco သတ္တု ကုမ္ပဏီသည် စွန့်ပစ်ရေများ စီးဆင်းမှုကို ကာကွယ်ရန် မြစ်ကမ်းပါး တစ်လျှောက် တားဆီး ပိတ်ဆို့မှုများ လုပ်ဆောင် ခဲ့ကြောင်း သိရသည်။
ဒေသတွင်း ရေစီမံခန့်ခွဲရေး အာဏာပိုင် များ၏ စမ်းသပ်ချက် အရ အဆိုပါ ရွှံ့ရေများတွင် အဆိပ် ဖြစ်စေသော ဓာတ်ပစ္စည်းများ ပါဝင်နေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။ ၄င်းရွှံ့ရေများ စီးဆင်းနေမှုနှင့် ပတ်သက်၍ ဒေသတွင်း အာဏာပိုင် များသည် ရေထု ညစ်ညမ်းမှုများ ဖြစ်ပေါ်မည်ကို စိုးရိမ်ပူပန်လျက် ရှိသည်။
အဆိုပါ အဆိပ် ဖြစ်စေသည့် ရွှံ့ရေများကို ပြန်လည်သန့်စင် နိုင်ရေးအတွက် ဒေါ်လာ တစ်ဘီလီယံခန့် ကုန်ကျနိုင်ဖွယ် ရှိပြီး ယင်း ဖြစ်ရပ်ကြောင့် Samarco သတ္တုကုမ္ပဏီ မှာ ဒေါ်လာသန်း ၄ဝဝ ကျော် ဆုံးရှုံးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
Samarco mine tragedy: Toxic mud from Brazil mine spill reaches Atlantic Ocean
#PyiChitThar