Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

လူ ၂၀၀ ေက်ာ္ ေသဆုံးခဲ့သည့္ ဖားကန္႔ေဒသ ေျမစာပုံၿပိဳၾကမႈက သတၱဳထူးဥပေဒမွ ခ်မွတ္ခဲ့သည့္ မူ၀ါဒမ်ားကုိ အေကာင္အထည္ျခင္း မရွိေၾကာင္း မီးေမာင္းထုိးျပလ်က္ရွိ

$
0
0

ၿပီးခဲ့သည့္ ရက္ပုိင္းအတြင္း ဖားကန္႔တြင္ ျဖစ္ပြားခဲ့ေသာ စြန္႔ပစ္ေျမစာပံု ၿပဳိက်မႈမွ လူေသအေလာင္း ၁၁၀ ေက်ာ္ကုိ တူးယူႏုိင္ခဲ့ၿပီး အသက္ရွင္က်န္ရစ္သူတစ္ဦးတစ္ေယာက္မွ် မေတြ႕ရွိခဲ့သျဖင့္ ကယ္ဆယ္ေရး လုပ္ငန္မ်ားကုိ ရပ္ဆုိင္းလုိက္ၿပီ ျဖစ္သည္။

ယခုကဲ့သုိ႔ လူအေသအေပ်ာက္မ်ားခဲ့သည္ လူလုပ္သည့္ အႏၱရယ္ႀကီးကုိ မီးေမာင္းထုိးျပေနသည့္ ေက်ာက္စိမ္းလုပ္ငန္း၏ အေျခအေန ဆုိး၀ါးနိမ့္က်မႈႏွင့္ ပတ္သက္၍ အစုိးရ၏ စီမံခန္႔ခြဲမႈ ေစာင့္ၾကည့္စစ္ေဆးမႈ မရွိျခင္းႏွင့္ စစ္တပ္ ခ႐ုိနီစနစ္တုိ႔ကုိ အျပစ္တင္ရမည္ျဖစ္သည္။ အက်ဳိးအျမတ္မ်ားသည့္ ေက်ာက္စိမ္းလုပ္ငန္းတြင္ အျမတ္ရရန္ကုိသာ ဦးစားေပး လုပ္ကုိင္ေနၾကၿပီး အလြန္အားနည္းသည့္ စည္းမ်ဥ္းစည္းကမ္းမ်ားကုိပင္ အစုိးရႏွင့္ ကုမၸဏီမ်ားက လ်စ္လ်ဴ႐ႈထားၾကသည္။

ဗမာ့သဘာ၀ပတ္၀န္းက်င္ဆုိင္ရာ လုပ္ငန္းအဖြဲ႕ (BEWG) မွ ဦးေပါစိန္ထြာက အစုိးရအေနျဖင့္ မၾကာေသးမီကမွ ခ်မွတ္ခဲ့သည့္ မူ၀ါဒမ်ားကုိ အေကာင္အထည္ေဖာ္ရန္ လုပ္ေဆာင္ျခင္း မရွိပါက ေနာက္ထပ္ မေတာ္တဆျဖစ္မႈမ်ား ဆက္လက္ ႀကဳံေတြ႕ရႏုိင္သည္ဟု သတိေပး ေျပာၾကားခဲ့သည္။ ဖားကန္႔ေျမစာပံု ၿပဳိက်မႈတြင္ ေနာက္ထပ္ ႐ုပ္အေလာင္း ရာေက်ာ္ ထပ္မံေတြ႕ရွိႏုိင္သည္ဟု အာဏာပုိင္မ်ားက ယူဆထားေၾကာင္း ကခ်င္ၿငိမ္းခ်မ္းေရးကြန္ရက္မွ ေဒၚခြန္ဂ်ာက ေျပာၾကားသည္။ ေျမစာပံု ၿပဳိက်မႈတြင္ ေသဆံုးခဲ့သူ အမ်ားစုမွာ ေက်ာက္စိမ္းကုမၸဏီႀကီးမ်ားက စြန္႔ပစ္ထားသည့္ ေျမစာပံုမ်ားတြင္ ေရမေဆးေက်ာက္ ရွာေဖြသူမ်ား ျဖစ္သည္ဟု သတင္းမ်ားအရ သိရသည္။

ေက်ာက္စိမ္းတြင္ လုပ္ငန္းႀကီးမ်ား၏ စြန္႔ပစ္ပစၥည္းမ်ားၾကားတြင္ေနထုိင္ေသာ ထုိေရမေဆးေက်ာက္ ရွာသူမ်ားသည္ သိန္းႏွင့္ခ်ီ တန္ဖုိးရွိသည့္ ေက်ာက္စိမ္းတစ္ပြင့္ ေတြ႕ရွိႏုိင္ရန္ ေမွ်ာ္လင့္ခ်က္ျဖင့္ အႏၱရာယ္မ်ားလွသည့္ ေျမစာပံုေပၚတြင္ အေမွာင္ထဲ၌ ရွာေဖြသူမ်ား ျပဳလုပ္ေနၾကသူမ်ား ျဖစ္သည္။ သတၱဳတြင္း ၀န္ႀကီးဌာနမွ အၿငိမ္းစား အေထြေထြ မန္ေနဂ်ာ ဦးေစာမုိးျမင့္က “လူအမ်ားစုက ဆင္းဆင္းရဲရဲ ေနရတာပါ။ သူတုိ႔က ဒီလုိဘ၀မွာ အသားက်ေနၿပီး တစ္ေန႔က် ခ်မ္းသာရမယ္ဆုိတဲ့ ေမွ်ာ္လင့္ခ်က္ေၾကာင့္ အႏၱရာယ္မ်ားတဲ့ အလုပ္ကုိ လုပ္ေနရတာပါ” ဟု ေျပာၾကားခဲ့သည္။ ေျမစာပဲ့ၿပဳိက်မႈေၾကာင့္ အနည္းဆံုး တဲ ၇၀ ခန္႔ ေက်ာက္တံုးမ်ားေအာက္တြင္ နစ္ျမဳပ္ခဲ့သည္။

ျမန္မာ အစိမ္းေရာင္ကြန္ရက္ တည္ေထာင္သူ ေဒၚေဒ၀ီသန္႔စင္က NLD အစုိးရသစ္အေနျဖင့္ ထုိျပသ၁နာမ်ား မည္သုိ႔ ေျဖရွင္းမည္မွာ မရွင္းလင္းေသးဟု ေျပာၾကားခဲ့သည္။

ထုိေဒသတြင္ ေျမၿပဳိျခင္း မၾကာခဏ ျဖစ္ပြားေလ့ရွိသည္။ ကခ်င္ျပည္နယ္တြင္ ယခုႏွစ္အတြင္း ေျမၿပဳိမႈ ၃ ခု ျဖစ္ပြားခဲ့ေသာ္လည္း ယခုတစ္ႀကိမ္မွာ အဆုိး၀ါးဆံုး ျဖစ္သည္။ သတၱဳတြင္းလုပ္ငန္းတြင္ တံခါးဖြင့္မူမ်ား ျပဳလုပ္ခဲ့သျဖင့္ လုပ္ငန္းမ်ား တုိးခ်ဲ႕လာေနေသာေၾကာင့္ အစုိးရအေနျဖင့္ လုိအပ္သည့္ လုပ္ေဆာင္မႈမ်ားကုိ ခ်က္ခ်င္း ေဆာင္ရြက္ရန္ လုိအပ္လ်က္ရွိသည္။

ဦးေစာမုိးျမင့္က “အရင္က ကုမၸဏီေတြမွာ ကုိယ္ပုိင္စြန္႔ပစ္စရာ ေနရာရွိေပမယ့္ အခု ရွားပါးလာပါၿပီ။ စြန္႔ပစ္ေျမ တစ္ေနရာမွာ ကုမၸဏီ ၂ ခု၊ ၃ ခု စြန္႔ပစ္ေနၿပီး ေန႔စဥ္ စြန္႔ပစ္တဲ့ ပမာဏကလည္း ပုိမ်ားလာေနပါတယ္။ စြန္႔ပစ္ေျမစာပံုရဲ႕ အျမင့္က ေပ ၅၀၀၀ ေက်ာ္ ရွိေနပါတယ္” ဟု ေျပာၾကားသည္။

NLD ပါတီမွ ဦးဥာဏ္၀င္းက “လက္ရွိ စည္းမ်ဥ္းစည္းကမ္းေတြကုိ ကၽြန္ေတာ္တုိ႔ ေလ့လာေနပါတယ္။ လုိအပ္မယ္ဆုိရင္ ကုမၸဏီေတြ မွတ္ပံုတင္တဲ့အခါ အႏၱရာယ္ကင္းတဲ့ စြန္႔ပစ္ေျမရွိဖုိ႔ ျပ႒ာန္းပါမယ္။ လက္ရွိ စည္းမ်ဥ္းမွာ ဒါမ်ဳိးပါတယ္ဆုိရင္ လက္ေတြ႕ အသက္၀င္ေအာင္ ေဆာင္ရြက္ပါမယ္” ဟု ေျပာၾကားခဲ့သည္။

စြန္႔ပစ္ေျမဧရိယာအား ကာရံျခင္း၊ သတိေပးဆုိင္းဘုတ္မ်ား ထားရွိေစျခင္းႏွင့္ ေျမစာပင္အျမင့္ ကန္႔သတ္ျခင္းတုိ႔လည္း ပါ၀င္မည္ဟု ဆုိသည္။ ေဖေဖာ္၀ါရီတြင္ စတင္မည့္ လႊတ္ေတာ္သစ္၌ NLD က အမ်ားစုေနရာ ရရွိထားသည္။

တာ၀န္ယူမႈရွိေသာ စီးပြားေရးလုပ္ငန္းမ်ားဆုိင္ရာ ျမန္မာစင္တာမွ ဒါ႐ုိက္တာဗစ္ကီဘုိးမန္းက “အႏၱရာယ္မကင္းတဲ့ ၊ ထိန္းသိမ္းမႈ မရွိတဲ့ နည္းလမ္းနဲ႔ လုပ္ငန္းေဆာင္ရြက္ေနတဲ့ ကုမၸဏီေတြရဲ႕ လုိင္စင္ေတြကုိ ရပ္ဆုိင္းသင့္ပါတယ္” ဟု ေျပာၾကားခဲ့သည္။ ေက်ာက္စိမ္းတူးေဖာ္ျခင္းႏွင့္ ပတ္သက္သည့္ စည္းမ်ဥ္းစည္းကမ္းမ်ားမွာ ရွင္းလင္းမႈမရွိဘဲ လက္ေတြ႕ လုိက္နာျခင္းလည္း မရွိေပ။ မေတာ္တဆ ျဖစ္ပြားမႈမ်ားတြင္ ကုမၸဏီမ်ား၏ ေဘးအႏၱရာယ္ ကင္းရွင္းေရး လုပ္ထံုးမ်ား အားနည္းမႈကုိ ပစ္တင္ေ၀ဖန္လ်က္ရွိသည္။

KHTun

The Ladies News Journal
.....................
The Ladies News Journal


လူ ၂၀၀ ကျော် သေဆုံးခဲ့သည့် ဖားကန့်ဒေသ မြေစာပုံပြိုကြမှုက သတ္တုထူးဥပဒေမှ ချမှတ်ခဲ့သည့် မူဝါဒများကို အကောင်အထည်ခြင်း မရှိကြောင်း မီးမောင်းထိုးပြလျက်ရှိ
---- ----- ---- --

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖားကန့်တွင် ဖြစ်ပွားခဲ့သော စွန့်ပစ်မြေစာပုံ ပြိုကျမှုမှ လူသေအလောင်း ၁၁၀ ကျော်ကို တူးယူနိုင်ခဲ့ပြီး အသက်ရှင်ကျန်ရစ်သူတစ်ဦးတစ်ယောက်မျှ မတွေ့ရှိခဲ့သဖြင့် ကယ်ဆယ်ရေး လုပ်ငန်များကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။

ယခုကဲ့သို့ လူအသေအပျောက်များခဲ့သည် လူလုပ်သည့် အန္တရယ်ကြီးကို မီးမောင်းထိုးပြနေသည့် ကျောက်စိမ်းလုပ်ငန်း၏ အခြေအနေ ဆိုးဝါးနိမ့်ကျမှုနှင့် ပတ်သက်၍ အစိုးရ၏ စီမံခန့်ခွဲမှု စောင့်ကြည့်စစ်ဆေးမှု မရှိခြင်းနှင့် စစ်တပ် ခရိုနီစနစ်တို့ကို အပြစ်တင်ရမည်ဖြစ်သည်။ အကျိုးအမြတ်များသည့် ကျောက်စိမ်းလုပ်ငန်းတွင် အမြတ်ရရန်ကိုသာ ဦးစားပေး လုပ်ကိုင်နေကြပြီး အလွန်အားနည်းသည့် စည်းမျဉ်းစည်းကမ်းများကိုပင် အစိုးရနှင့် ကုမ္ပဏီများက လျစ်လျူရှုထားကြသည်။

ဗမာ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းအဖွဲ့ (BEWG) မှ ဦးပေါစိန်ထွာက အစိုးရအနေဖြင့် မကြာသေးမီကမှ ချမှတ်ခဲ့သည့် မူဝါဒများကို အကောင်အထည်ဖော်ရန် လုပ်ဆောင်ခြင်း မရှိပါက နောက်ထပ် မတော်တဆဖြစ်မှုများ ဆက်လက် ကြုံတွေ့ရနိုင်သည်ဟု သတိပေး ပြောကြားခဲ့သည်။ ဖားကန့်မြေစာပုံ ပြိုကျမှုတွင် နောက်ထပ် ရုပ်အလောင်း ရာကျော် ထပ်မံတွေ့ရှိနိုင်သည်ဟု အာဏာပိုင်များက ယူဆထားကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခွန်ဂျာက ပြောကြားသည်။ မြေစာပုံ ပြိုကျမှုတွင် သေဆုံးခဲ့သူ အများစုမှာ ကျောက်စိမ်းကုမ္ပဏီကြီးများက စွန့်ပစ်ထားသည့် မြေစာပုံများတွင် ရေမဆေးကျောက် ရှာဖွေသူများ ဖြစ်သည်ဟု သတင်းများအရ သိရသည်။

ကျောက်စိမ်းတွင် လုပ်ငန်းကြီးများ၏ စွန့်ပစ်ပစ္စည်းများကြားတွင်နေထိုင်သော ထိုရေမဆေးကျောက် ရှာသူများသည် သိန်းနှင့်ချီ တန်ဖိုးရှိသည့် ကျောက်စိမ်းတစ်ပွင့် တွေ့ရှိနိုင်ရန် မျှော်လင့်ချက်ဖြင့် အန္တရာယ်များလှသည့် မြေစာပုံပေါ်တွင် အမှောင်ထဲ၌ ရှာဖွေသူများ ပြုလုပ်နေကြသူများ ဖြစ်သည်။ သတ္တုတွင်း ၀န်ကြီးဌာနမှ အငြိမ်းစား အထွေထွေ မန်နေဂျာ ဦးစောမိုးမြင့်က “လူအများစုက ဆင်းဆင်းရဲရဲ နေရတာပါ။ သူတို့က ဒီလိုဘဝမှာ အသားကျနေပြီး တစ်နေ့ကျ ချမ်းသာရမယ်ဆိုတဲ့ မျှော်လင့်ချက်ကြောင့် အန္တရာယ်များတဲ့ အလုပ်ကို လုပ်နေရတာပါ” ဟု ပြောကြားခဲ့သည်။ မြေစာပဲ့ပြိုကျမှုကြောင့် အနည်းဆုံး တဲ ရ၀ ခန့် ကျောက်တုံးများအောက်တွင် နစ်မြုပ်ခဲ့သည်။

မြန်မာ အစိမ်းရောင်ကွန်ရက် တည်ထောင်သူ ဒေါ်ဒေဝီသန့်စင်က NLD အစိုးရသစ်အနေဖြင့် ထိုပြသ၁နာများ မည်သို့ ဖြေရှင်းမည်မှာ မရှင်းလင်းသေးဟု ပြောကြားခဲ့သည်။

ထိုဒေသတွင် မြေပြိုခြင်း မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ ကချင်ပြည်နယ်တွင် ယခုနှစ်အတွင်း မြေပြိုမှု ၃ ခု ဖြစ်ပွားခဲ့သော်လည်း ယခုတစ်ကြိမ်မှာ အဆိုးဝါးဆုံး ဖြစ်သည်။ သတ္တုတွင်းလုပ်ငန်းတွင် တံခါးဖွင့်မူများ ပြုလုပ်ခဲ့သဖြင့် လုပ်ငန်းများ တိုးချဲ့လာနေသောကြောင့် အစိုးရအနေဖြင့် လိုအပ်သည့် လုပ်ဆောင်မှုများကို ချက်ချင်း ဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။

ဦးစောမိုးမြင့်က “အရင်က ကုမ္ပဏီတွေမှာ ကိုယ်ပိုင်စွန့်ပစ်စရာ နေရာရှိပေမယ့် အခု ရှားပါးလာပါပြီ။ စွန့်ပစ်မြေ တစ်နေရာမှာ ကုမ္ပဏီ ၂ ခု၊ ၃ ခု စွန့်ပစ်နေပြီး နေ့စဉ် စွန့်ပစ်တဲ့ ပမာဏကလည်း ပိုများလာနေပါတယ်။ စွန့်ပစ်မြေစာပုံရဲ့ အမြင့်က ပေ ၅၀၀၀ ကျော် ရှိနေပါတယ်” ဟု ပြောကြားသည်။

NLD ပါတီမှ ဦးဉာဏ်ဝင်းက “လက်ရှိ စည်းမျဉ်းစည်းကမ်းတွေကို ကျွန်တော်တို့ လေ့လာနေပါတယ်။ လိုအပ်မယ်ဆိုရင် ကုမ္ပဏီတွေ မှတ်ပုံတင်တဲ့အခါ အန္တရာယ်ကင်းတဲ့ စွန့်ပစ်မြေရှိဖို့ ပြဋ္ဌာန်းပါမယ်။ လက်ရှိ စည်းမျဉ်းမှာ ဒါမျိုးပါတယ်ဆိုရင် လက်တွေ့ အသက်ဝင်အောင် ဆောင်ရွက်ပါမယ်” ဟု ပြောကြားခဲ့သည်။

စွန့်ပစ်မြေဧရိယာအား ကာရံခြင်း၊ သတိပေးဆိုင်းဘုတ်များ ထားရှိစေခြင်းနှင့် မြေစာပင်အမြင့် ကန့်သတ်ခြင်းတို့လည်း ပါ၀င်မည်ဟု ဆိုသည်။ ဖေဖော်ဝါရီတွင် စတင်မည့် လွှတ်တော်သစ်၌ NLD က အများစုနေရာ ရရှိထားသည်။

တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများဆိုင်ရာ မြန်မာစင်တာမှ ဒါရိုက်တာဗစ်ကီဘိုးမန်းက “အန္တရာယ်မကင်းတဲ့ ၊ ထိန်းသိမ်းမှု မရှိတဲ့ နည်းလမ်းနဲ့ လုပ်ငန်းဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေရဲ့ လိုင်စင်တွေကို ရပ်ဆိုင်းသင့်ပါတယ်” ဟု ပြောကြားခဲ့သည်။ ကျောက်စိမ်းတူးဖော်ခြင်းနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများမှာ ရှင်းလင်းမှုမရှိဘဲ လက်တွေ့ လိုက်နာခြင်းလည်း မရှိပေ။ မတော်တဆ ဖြစ်ပွားမှုများတွင် ကုမ္ပဏီများ၏ ဘေးအန္တရာယ် ကင်းရှင်းရေး လုပ်ထုံးများ အားနည်းမှုကို ပစ်တင်ဝေဖန်လျက်ရှိသည်။

KHTun

The Ladies News Journal

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>