Quantcast
Viewing all articles
Browse latest Browse all 13796

အမ်ဳိးသားပညာေရးဥပေဒကုိ မျပင္ဆင္သင့္ေသးဟု အင္တာဗ်ဳးေျဖၾကားခဲ့သည့္ ေဒါက္တာေအာင္သူကုိ အဖြဲ႔ခ်ဳပ္မွ ေခၚယူသတိေပးမည္

သတင္းမီဒီယာတခုအား အမ်ဳိးသားပညာေရးဥပေဒကုိ မျပင္ဆင္သင့္ေသးဟု အင္တာဗ်ဳးေျဖၾကားခဲ့သည့္ အႏိုင္ရ အမ်ိဳးသား လႊတ္ေတာ္ ကုိယ္စားလွယ္လည္းျဖစ္၊ ရန္ကုန္တကၠသိုလ္ ပါေမာကၡခ်ဳပ္(ၿငိမ္း) တဦးလည္းျဖစ္သူ ေဒါက္တာေအာင္သူအား အ မ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ (NLD ) ဗဟုိမွ ကုိ ေခၚယူသတိေပးမည္ဟု ဗဟိုေကာ္မတီဝင္ ဦးဝင္းထိန္က News Watch သို႔ ေျပာသည္။
“အဲဒီအင္တာဗ်ဴးက NLD က ခြင့္ျပဳခ်က္ မရဘဲနဲ႔ လုပ္တဲ့အတြက္ေၾကာင့္ ပါတီစည္းကမ္းအရ သူ႔ကို ေခၚၿပီး သတိေပးမွာပါ။ ခ်က္ခ်င္းေပးမွာ၊ ၁ ရက္ ၂ ရက္အတြင္း ေခၚၿပီး သတိေပးမွာ။ ဒါ အဖြဲ႔ခ်ဳပ္ဥကၠဌရဲ႕ စည္းကမ္း အန္ကယ့္ စည္းကမ္း မဟုတ္ဘူး။ ပထမ သတိေပးမယ္။ သတိေပးလို႔ မရရင္ ဒဏ္ရိုက္မယ္။ သူတို႔ရတဲ့ အမတ္လစာထဲကေနျဖတ္ၿပီးေတာ့ ပါတီရန္ပံုေငြ ထည့္ရ မွာ”ဟု ဦးဝင္းထိန္က ေျပာသည္။
အႏုိင္ရလႊတ္ေတာ္ကုိယ္စားလွယ္မ်ားအား သတင္းမီဒီမ်ားသုိ႔ အင္တာဗ်ဴးမ်ား မေျဖၾကားရန္ အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္မွ ညႊန္ၾကားခ်က္ထုတ္ျပန္ထားၿပီးျဖစ္သကဲ့သုိ႔ အမ်ိဳးသားပညာေရးဥပေဒႏွင့္ပတ္သက္၍ NLD ပါတီ၏ သေဘာထား မဟုတ္ဘဲ ၄င္း၏ သေဘာထားသာျဖစ္ကာ ပါတီအေနျဖင့္ လတ္တေလာတြင္ ပညာေရးကိစၥကို ေဆြးေႏြးသြားမည္ မဟုတ္ေၾကာင္း ဦးဝင္းထိန္က ေျပာသည္။
ေဒါက္တာ ေအာင္သူ အေနျဖင့္ ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္းက မဇိၥမသတင္းဌာနသို႔ ေျဖၾကားခဲ့ေသာ အင္တာဗ်ဴးတြင္ ေက်ာင္းသားမ်ားျပင္ဆင္ေပးရန္ ေတာင္းဆိုေနသည့္ အမ်ိဳးသားပညာေရး ဥပေဒကို လက္ေတြ႔စမ္းသပ္အသံုးျပဳသင့္ၿပီး၊ မျပင္ဆင္သင့္ေသးဟူသည့္ အဓိပၸါယ္ရေသာေျဖၾကားမႈ ေပးခဲ့ျခင္းေၾကာင့္ ေဝဖန္မႈမ်ား ထြက္ေပၚခဲ့သည္။
လင္းလင္းေအာင္

News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
...................
အမျိုးသားပညာရေးဥပဒေကို မပြင်ဆင်သင့်သေးဟု အင်တာဗျုးဖြေကြားခဲ့သည့် ဒေါက်တာအောင်သူကို အဖွဲ့ချုပ်မှ ခေါ်ယူသတိပေးမည်

သတင်းမီဒီယာတခုအား အမျိုးသားပညာရေးဥပဒေကို မပြင်ဆင်သင့်သေးဟု အင်တာဗျုးဖြေကြားခဲ့သည့် အနိုင်ရ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း) တဦးလည်းဖြစ်သူ ဒေါက်တာအောင်သူအား အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ) ဗဟိုမှ ကို ခေါ်ယူသတိပေးမည်ဟု ဗဟိုကော်မတီဝင် ဦးဝင်းထိန်က News Watch သို့ ပြောသည်။
“အဲဒီအင်တာဗျူးက NLD က ခွင့်ပြုချက် မရဘဲနဲ့ လုပ်တဲ့အတွက်ကြောင့် ပါတီစည်းကမ်းအရ သူ့ကို ခေါ်ပြီး သတိပေးမှာပါ။ ချက်ချင်းပေးမှာ၊ ၁ ရက် ၂ ရက်အတွင်း ခေါ်ပြီး သတိပေးမှာ။ ဒါ အဖွဲ့ချုပ်ဥက္ကဌရဲ့ စည်းကမ်း အန်ကယ့် စည်းကမ်း မဟုတ်ဘူး။ ပထမ သတိပေးမယ်။ သတိပေးလို့ မရရင် ဒဏ်ရိုက်မယ်။ သူတို့ရတဲ့ အမတ်လစာထဲကနေဖြတ်ပြီးတော့ ပါတီရန်ပုံငွေ ထည့်ရ မှာ”ဟု ဦးဝင်းထိန်က ပြောသည်။
အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များအား သတင်းမီဒီများသို့ အင်တာဗျူးများ မဖြေကြားရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ညွှန်ကြားချက်ထုတ်ပြန်ထားပြီးဖြစ်သကဲ့သို့ အမျိုးသားပညာရေးဥပဒေနှင့်ပတ်သက်၍ NLD ပါတီ၏ သဘောထား မဟုတ်ဘဲ ၄င်း၏ သဘောထားသာဖြစ်ကာ ပါတီအနေဖြင့် လတ်တလောတွင် ပညာရေးကိစ္စကို ဆွေးနွေးသွားမည် မဟုတ်ကြောင်း ဦးဝင်းထိန်က ပြောသည်။
ဒေါက်တာ အောင်သူ အနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မဇ္စိမသတင်းဌာနသို့ ဖြေကြားခဲ့သော အင်တာဗျူးတွင် ကျောင်းသားများပြင်ဆင်ပေးရန် တောင်းဆိုနေသည့် အမျိုးသားပညာရေး ဥပဒေကို လက်တွေ့စမ်းသပ်အသုံးပြုသင့်ပြီး၊ မပြင်ဆင်သင့်သေးဟူသည့် အဓိပ္ပါယ်ရသောဖြေကြားမှု ပေးခဲ့ခြင်းကြောင့် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
လင်းလင်းအောင်

News Watch(စောင့်ကြည့်သတင်းဂျာနယ်)




Viewing all articles
Browse latest Browse all 13796

Trending Articles


ခင္၀င့္၀ါ၏ ေဖာ္ခၽြတ္ျပထားေသာ အလွတရားမ်ား


ဗိုလ္ေအာင္ဒင္ မူပိုင္ခြင့္ကိစၥ


တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(က)ရပ္ကြက္၌ ဘိန္းျဖဴ ၃၅ဂရမ္ ဖမ္းဆည္းရမိ


"ၿမန္မာ့သမိုင္းတေကြ့မွ ပထမဆံုးေလေၾကာင္းတိုက္ပြဲ အပိုင္း(၂)"


ျပည္မင္းသား၏ သားေတာ္ ျပည္ထိပ္တင္တုတ္ အေၾကာင္း


ေမာင္စြမ္းရည္ ● ဂ်ပန္စကားသင္ ေက်ာင္းသား ေမာင္ဘဂ်မ္း


TTA Oreo Gapp Installer


ျမစ္ဆံုကိစၥ ေဒၚေအာင္ဆန္းစုၾကည္ ေျပာ (ရုပ္/သံ)


ဇီးပင္ႀကီးႏွင့္ ေဖာင္ႀကီးမွ ေလထန္ ေနဆဲ ဝါဒမႈိင္းစစ္ဆင္ေရးမ်ား


သီတဂူဆရာေတာ္ၾကီး၏ ေမြးေန႔ ပုိ႔စ္ ဖိတ္ေခၚ