ဝါရှင်တန် ဇူလိုင် ၂၄
အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ ယခုသီတင်းပတ်အတွင်း ကင်ညာနိုင်ငံသို့ သွားရောက်မည့် လေယာဉ်ခရီးစဉ်နှင့်ပတ်သက်၍ အသေးစိတ်ပေါက်ကြားမှုဖြစ်ခဲ့ကြောင်း စီအင်န်အင်န်သတင်းတစ်ရပ်တွင် ဖော်ပြ သည်။
သမ္မတအိုဘားမား၏လေယာဉ် US Air Force One ဆိုက်ရောက်ချိန်နှင့် ထွက်ခွာချိန်တွင် နိုင်ရိုဘီမြို့လေပိုင်နက် ပိတ်ပင်မည့်အချက်လည်း အဆိုပါ ပေါက်ကြားခဲ့သည့်အချက်တွင် ပါဝင်ကြောင်း၊ ယင်းကဲ့သို့သော သမ္မတခရီးစဉ် အသေးစိတ် အချက်အလက်ကို လုံခြုံရေးအရ လျှို့ဝှက်ထိန်းသိမ်းထားလေ့ရှိကြောင်း၊ လုံခြုံရေးအရ လျှို့ဝှက်ထားရမည့် ကိစ္စကို အသေးစိတ် စီအင်န်အင်န်က ဖော်ပြသည်။
သို့သော်လည်း အိမ်ဖြူတော်သည် လုံခြုံရေးအခြေအနေအရ သမ္မတအိုဘားမား၏ ခရီးစဉ်နှင့်ပတ်သက်၍ အများ ပြည်သူတို့အားယခုအထိ ထုတ်ပြန်အသိပေးကြေညာခြင်းမရှိသေးဟုငြင်းပယ်လျက်ရှိသည်ဟု သတင်းတွင် ဖော်ပြသည်။
လွန်ခဲ့သောသီတင်းပတ်တွင် အမေရိကန်တပ်ဖွဲ့က ဆိုမာလီရှိ အယ်လ်ရှာဘတ်အဖွဲ့ကို ခြောက်ကြိမ်နီးပါး လျှို့ဝှက်လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ဟု ဆိုသည်။ သို့သော်လည်း ပင်တဂွန်ကအတည်ပြုပြောကြားခြင်းမ ရှိပေ။ ယင်းတိုက်ခိုက်မှုများသည် သမ္မတ၏ခရီးစဉ်အတွက် လုံခြုံမှုပေးနိုင်ရန် ဆောင်ရွက်ခြင်းဖြစ် နိုင်ဖွယ်ရှိသည်ဟု ဆိုသည်။
(ဆင်ဟွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS