Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ကုိယ္၀န္ေဆာင္ ျမန္မာအမ်ဳိးသမီးကုိ ထုိင္းတကၠစီသမားမ်ား လုယက္ေခၚေဆာင္

$
0
0
ထုိင္းႏုိင္ငံမွာ တကၠစီသမားေတြက ျမန္မာအမ်ဳိးသားကုိ ႐ုိက္ႏွက္လုယက္ၿပီး ကိုယ္၀န္ ၂ လရွိတဲ့ အမ်ဳိးသမီးကုိ ဒီကေန႔ မနက္အေစာပုိင္း ၅ နာရီေလာက္က အတင္းအက်ပ္ ေခၚေဆာင္သြားပါတယ္။

ထုိင္းႏုိင္ငံ ပထုံဌာနီ ခ႐ုိင္အတြင္းမွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး ကုိယ္၀န္ေဆာင္အမ်ဳိးသမီး အသက္ ၂၂ ႏွစ္ရြယ္ မအိအိမုိးဟာ အသက္ ၃၀ အရြယ္ အမ်ဳိးသားျဖစ္သူ ကုိသိန္းစိုးနဲ႔အတူ မဲေဆာက္ကေန ဘန္ေကာက္ကုိ တက္ေရာက္လာၿပီးေနာက္ တကၠစီငွားစီးခဲ့စဥ္ အခုလုိ ဖမ္းဆီးေခၚေဆာင္သြားခံရတာပါ။

ကားသမားဟာ ပထုံဌာနီခ႐ုိင္အတြင္းက လမ္းခုလပ္တေနအေရာက္မွာ အမ်ဳိးသား ၂ ဦးကုိ ထပ္တင္ၿပီးေနာက္ ကုိသိန္းစုိးကုိ ၀ုိင္း၀န္း႐ုိက္ႏွက္ ပစၥည္းေတြယူကာ အမႈိက္ပုံမွာ ပစ္ထားခဲ့ၿပီးတဲ့ေနာက္ မအိမိမုိးကုိ အတင္းအက်ပ္ ေခၚေဆာင္သြားတယ္လုိ႔ ႐ုိက္ႏွက္ခံရသူ ကုိသိန္းစုိးက ပထုံဌာနီရဲကုိ ထြက္ဆုိခဲ့ေၾကာင္း ထုိင္းရတ္သတင္းမွာ ေဖာ္ျပပါတယ္။

အမႈိက္ပုံမွာ စြန္႔ပစ္ထားတဲ့ ကုိသိန္းစုိးကုိ ေဒသခံေတြက ေတြ႔ရွိၿပီး ရဲစခန္းအေၾကာင္းၾကားခဲ့လို႔ တာ၀န္ရွိသူေတြက အခင္းျဖစ္ေနရာကုိ သြားေရာက္ စစ္ေဆးခဲ့ၾကစဥ္ ျဖစ္စဥ္ကုိ အခုလုိ ေျပာၾကားခဲ့တာပါ။

ကားသမားေတြ လုယက္သြားတဲ့ ပစၥည္းေတြကေတာ့ ဟန္ဖုန္း၊ ဘတ္ေငြ ၆၀၀ အလုပ္သမား ပတ္စပို႔ေတြ ျဖစ္တယ္လို႔ သတင္းက ဆုိပါတယ္။

ကုိယ္၀န္ေဆာင္ ျမန္မာအမ်ဳိးသမီးကုိ ေခၚေဆာင္သြားတဲ့ တကၠစီသမားေတြကုိ ပထုံဌာနီခ႐ုိင္ ရဲတပ္ဖြဲ႔က လုိက္လံရွာေဖြေနပါတယ္။
DVB burmese
..............
ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီးကို ထိုင်းတက္ကစီသမားများ လုယက်ခေါ်ဆောင်

ထိုင်းနိုင်ငံမှာ တက္ကစီသမားတွေက မြန်မာအမျိုးသားကို ရိုက်နှက်လုယက်ပြီး ကိုယ်ဝန် ၂ လရှိတဲ့ အမျိုးသမီးကို ဒီကနေ့ မနက်အစောပိုင်း ၅ နာရီလောက်က အတင်းအကျပ် ခေါ်ဆောင်သွားပါတယ်။

ထိုင်းနိုင်ငံ ပထုံဌာနီ ခရိုင်အတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး အသက် ၂၂ နှစ်ရွယ် မအိအိမိုးဟာ အသက် ၃၀ အရွယ် အမျိုးသားဖြစ်သူ ကိုသိန်းစိုးနဲ့အတူ မဲဆောက်ကနေ ဘန်ကောက်ကို တက်ရောက်လာပြီးနောက် တက္ကစီငှားစီးခဲ့စဉ် အခုလို ဖမ်းဆီးခေါ်ဆောင်သွားခံရတာပါ။

ကားသမားဟာ ပထုံဌာနီခရိုင်အတွင်းက လမ်းခုလပ်တနေအရောက်မှာ အမျိုးသား ၂ ဦးကို ထပ်တင်ပြီးနောက် ကိုသိန်းစိုးကို ၀ုိင်းဝန်းရိုက်နှက် ပစ္စည်းတွေယူကာ အမှိုက်ပုံမှာ ပစ်ထားခဲ့ပြီးတဲ့နောက် မအိမိမိုးကို အတင်းအကျပ် ခေါ်ဆောင်သွားတယ်လို့ ရိုက်နှက်ခံရသူ ကိုသိန်းစိုးက ပထုံဌာနီရဲကို ထွက်ဆိုခဲ့ကြောင်း ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

အမှိုက်ပုံမှာ စွန့်ပစ်ထားတဲ့ ကိုသိန်းစိုးကို ဒေသခံတွေက တွေ့ရှိပြီး ရဲစခန်းအကြောင်းကြားခဲ့လို့ တာဝန်ရှိသူတွေက အခင်းဖြစ်နေရာကို သွားရောက် စစ်ဆေးခဲ့ကြစဉ် ဖြစ်စဉ်ကို အခုလို ပြောကြားခဲ့တာပါ။

ကားသမားတွေ လုယက်သွားတဲ့ ပစ္စည်းတွေကတော့ ဟန်ဖုန်း၊ ဘတ်ငွေ ၆၀၀ အလုပ်သမား ပတ်စပို့တွေ ဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။

ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီးကို ခေါ်ဆောင်သွားတဲ့ တက္ကစီသမားတွေကို ပထုံဌာနီခရိုင် ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပါတယ်။
DVB burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>